Premier League

ႏွစ္ပြဲပယ္ခံလုိက္ရတဲ့ ေဂ်ာ္ဂ်င္ဟိုေၾကာင့္ ခ်ဲလ္ဆီးအခက္ေတြ႕ဖြယ္ရွိေန

ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ ဖိအားမ်ားလာတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ထိုးႏွက္ခ်က္တစ္ရပ္အျဖစ္ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ ဘုန္းေမာက္နဲ႔ ႏွစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲစဥ္မွာ အ၀ါကတ္ ၁၀ ႀကိမ္ျပည့္သြားျဖစ္လို႔ ၂ ပြဲပယ္ခံရေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ဒီရာသီပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ ဆယ္ႀကိမ္ေျမာက္ အ၀ါကတ္ကို Vitality Stadium မွာ ပထမပိုင္းၿပီးခါနီးမွာ ျပသခံခဲ့ရတာလည္းျဖစ္ၿပီး ဒီအ၀ါကတ္ေၾကာင့္ အဲဗာတန္၊ အက္စတြန္ဗီလာအသင္းေတြနဲ႔ ကစားရမယ့္ ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အဂၤါေန႔မွာ လီဗာပူးနဲ႔ အက္ဖ္ေအဖလားပြဲစဥ္ကိုေတာ့ သူ ပါ၀င္ကစားႏိုင္မွာျဖစ္ၿပီး အနီကတ္ကလြဲလို႔ က်န္တဲ့ ျပစ္ဒဏ္ေတြဟာ အက္ဖ္ေအကေန ႀကီးမွဴးက်င္းပေနတဲ့ ၿပဳိင္ပြဲေတြမွာ သပ္သပ္စီသာ က်ခံရတာေၾကာင့္လည္း ျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ဟိုအေနနဲ႔ ၿပီးခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ပထမအေက်ာ့တုန္းကလည္း အ၀ါကတ္ျပခံခဲ့ရလို႔ ဒုတိယအေက်ာ့ကို လြဲေခ်ာ္ဦးမွာျဖစ္ၿပီး လာမယ့္ပြဲစဥ္ေတြမွာေတာ့ ဒဏ္ရာပြဲပယ္မ်ားျပားေနတဲ့ နည္းျပ ဖရန္႔ခ္ လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းကြင္းလယ္ကေတာ့ ေခါင္းခဲစရာလည္း ျဖစ္လာခဲ့ပါတယ္။

ဘုန္းေမာက္ကြင္းမွာ မားကို႔စ္အလြန္ဆိုရဲ႕ ဂိုးႏွစ္ဂိုးနဲ႔ သေရတစ္မွတ္သာရခဲ့သလို ေဂ်ာ္ဂ်င္ဟိုရဲ႕ ပြဲပယ္ျပစ္ဒဏ္ကလည္း အသင္းအတြက္ ထုိးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ၿပီး ကစားသမားေရြးခ်ယ္စရာ ေတာ္ေတာ္ေလးနည္းေနပါးေနတဲ့ လမ္းပတ္အတြက္ေတာ့ ဒီဘရာဇီးလ္သား ပြဲပယ္ခံထားရခ်ိန္မွာ ကြင္းလယ္အတြက္ ခ႐ုိေအးရွားသား မက္တီယို ကုိဗာခ်စ္ကိုပဲ အဓိက ဦးေဆာင္ခိုင္းရဖို႔ရွိေနေၾကာင္းလည္း သုံးသပ္လုိက္ရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားများလာတဲ့ ချဲလ်ဆီးအသင်းအတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ဘုန်းမောက်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ အဝါကတ် ၁၀ ကြိမ်ပြည့်သွားဖြစ်လို့ ၂ ပွဲပယ်ခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျော်ဂျင်ဟိုဟာ ဒီရာသီပရီးမီးယားလိဂ်မှာ သူ့ရဲ့ ဆယ်ကြိမ်မြောက် အဝါကတ်ကို Vitality Stadium မှာ ပထမပိုင်းပြီးခါနီးမှာ ပြသခံခဲ့ရတာလည်းဖြစ်ပြီး ဒီအဝါကတ်ကြောင့် အဲဗာတန်၊ အက်စတွန်ဗီလာအသင်းတွေနဲ့ ကစားရမယ့် ပွဲစဉ်တွေကို လွဲချော်တော့မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အင်္ဂါနေ့မှာ လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲစဉ်ကိုတော့ သူ ပါဝင်ကစားနိုင်မှာဖြစ်ပြီး အနီကတ်ကလွဲလို့ ကျန်တဲ့ ပြစ်ဒဏ်တွေဟာ အက်ဖ်အေကနေ ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲတွေမှာ သပ်သပ်စီသာ ကျခံရတာကြောင့်လည်း ဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုအနေနဲ့ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပထမအကျော့တုန်းကလည်း အဝါကတ်ပြခံခဲ့ရလို့ ဒုတိယအကျော့ကို လွဲချော်ဦးမှာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာတော့ ဒဏ်ရာပွဲပယ်များပြားနေတဲ့ နည်းပြ ဖရန့်ခ် လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကွင်းလယ်ကတော့ ခေါင်းခဲစရာလည်း ဖြစ်လာခဲ့ပါတယ်။

ဘုန်းမောက်ကွင်းမှာ မားကို့စ်အလွန်ဆိုရဲ့ ဂိုးနှစ်ဂိုးနဲ့ သရေတစ်မှတ်သာရခဲ့သလို ဂျော်ဂျင်ဟိုရဲ့ ပွဲပယ်ပြစ်ဒဏ်ကလည်း အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး ကစားသမားရွေးချယ်စရာ တော်တော်လေးနည်းနေပါးနေတဲ့ လမ်းပတ်အတွက်တော့ ဒီဘရာဇီးလ်သား ပွဲပယ်ခံထားရချိန်မှာ ကွင်းလယ်အတွက် ခရိုအေးရှားသား မက်တီယို ကိုဗာချစ်ကိုပဲ အဓိက ဦးဆောင်ခိုင်းရဖို့ရှိနေကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.