Premier League

တန္းဆင္းဇုန္က ႐ုန္းထြက္တဲ့ ဝက္စ္ဟမ္းနဲ႔ ခံစစ္အားသန္ႏွစ္သင္းရဲ႕ စိန္႔ဂ်ိမ္းစ္ပါ့ခ္သေရပြဲ


ေဆာက္သမ္တန္အသင္းဆီကေန သုံးမွတ္ရယူၿပီး တန္းဆင္းဇုန္က ႐ုန္းထြက္ႏုိင္ခဲ့တဲ့ ဝက္စ္ဟမ္းမွာေတာ့ ေတာင္ပံကစားသမားသစ္ ဂ်ားေရာ့ဒ္ ဘိုဝင္ ေျခစြမ္းျပႏုိင္ခဲ့ၿပီး ကြင္းလယ္ဖန္တီးရွင္ ပါဘလို ေဖာ္နယ္လ္စ္ရဲ႕ ဖန္တီးေပးပို႔မွဳေတြနဲ႔ ဒီေန႔ပြဲမွာ သုံးမွတ္ရွာေဖြႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၁၅ မိနစ္မွာပဲ ဘိုဝင္က ေထာင့္က်ဥ္းအေနအထားက သြင္းယူႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ေနာက္ခံလူ ခရက္စ္ဝဲလ္ညံ့လို႔ေပးရတဲ့ ျဖတ္တင္ခြင့္ကေန ေဆာက္သမ္တန္လူငယ္ အိုဘာဖီမီက ေခ်ပသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဆီဘက္စတီယန္ ဟဲလားက ေဆာက္သမ္တန္ေနာက္တန္းကို တစ္ကိုယ္ေတာ္ထိုးေဖာက္ရင္း ဂိုးသမား အဲလက္စ္ မကၠာသီနဲ႔ ေလထဲမွာ ယွဥ္လုၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဝင္ဖို႔ ခက္ခဲတဲ့ ေထာင့္က်ဥ္းအေနထားက အလ်င္အျမန္ပိတ္သြင္းႏုိင္ခဲ့လို႔ ပထမပုိင္းမွာ ဝက္စ္ဟမ္းတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပုိင္း ၅၄ မိနစ္မွာေတာ့ ေျခစြမ္းျပေနခဲ့တဲ့ ေဖာ္နယ္လ္စ္က ေဆာက္သမ္တန္ေနာက္တန္းကို ေက်ာ္ခ်ေပးတာကို ေတာင္ပံကစားသမား မီေခးလ္ အန္တိုနီယိုက ဂိုးသမားနဲ႔အေတြ႕မွာ ေသြးေအးေအးနဲ႔ ကန္သြင္းအဆုံးသတ္ႏုိင္ခဲ့လို႔ ပြဲအၿပီးမွာ ဝက္စ္ဟမ္းတို႔ ရမွတ္ ၂၇ မွတ္နဲ႔ တန္းဆင္းဇုန္ထဲကေန ႐ုန္းထြက္ႏုိင္ခဲ့ၿပီး အဆင့္ ၁၆ ေနရာကို တက္လွမ္းသြားခဲ့တာပါ။

ေနာက္ထပ္တစ္ပြဲျဖစ္တဲ့ အသင္းလတ္ႏွစ္သင္းေတြ႕ဆုံေနတဲ့ စိန္႔ဂ်ိမ္းစ္ပါ့ခ္က နယူးကာဆယ္လ္နဲ႔ ဘန္ေလတုိ႔ရဲ႕ပြဲမွာေတာ့ ႏွစ္သင္းစလုံး ခံစစ္အားျပဳတဲ့ အသင္းေတြပီပီ ဂိုးမရွိသေရ ရလဒ္ထြက္ေပၚခဲ့ၿပီး ႏွစ္သင္းစလုံး ဘယ္သူမွ အက်ဳိးမရွိခဲ့ဘဲ အိမ္ရွင္တုိ႔ရဲ႕ ဂိုးေပါက္ၿခိမ္းေျခာက္မွဳအခ်ဳိ႕ကို ေတြ႕ျမင္ခဲ့ရသလို အဆုံးသတ္ပုိင္းမွာေတာ့ ဆုိးရြားေနခဲ့ေသးတာကို ေတြ႕ခဲ့ရပါတယ္။

အိမ္ရွင္ငွက္က်ားေတြ ဖိကစားခဲ့ေပမယ့္ လက္ေရြးစင္နည္းျပ ဂယ္ရက္ ေဆာက္ဂိတ္ လာေရာက္အားေပးစဥ္မွာ အဂၤလန္ျခေသၤ့ေတြရဲ႕ ဦးစားေပးဂိုးသမားေနရာကုိ ၿခိမ္းေျခာက္ေနတဲ့ နစ္ခ္ပုပ္ကို မေက်ာ္ႏုိင္ခဲ့ဘဲ မိနစ္ကိုးဆယ္ကို ပိတ္သိမ္းခဲ့ရတာလည္းျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE:
ဆောက်သမ်တန်အသင်းဆီကနေ သုံးမှတ်ရယူပြီး တန်းဆင်းဇုန်က ရုန်းထွက်နိုင်ခဲ့တဲ့ ဝက်စ်ဟမ်းမှာတော့ တောင်ပံကစားသမားသစ် ဂျားရော့ဒ် ဘိုဝင် ခြေစွမ်းပြနိုင်ခဲ့ပြီး ကွင်းလယ်ဖန်တီးရှင် ပါဘလို ဖော်နယ်လ်စ်ရဲ့ ဖန်တီးပေးပို့မှုတွေနဲ့ ဒီနေ့ပွဲမှာ သုံးမှတ်ရှာဖွေနိုင်ခဲ့ပြီး ပွဲချိန် ၁၅ မိနစ်မှာပဲ ဘိုဝင်က ထောင့်ကျဉ်းအနေအထားက သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ နောက်ခံလူ ခရက်စ်ဝဲလ်ညံ့လို့ပေးရတဲ့ ဖြတ်တင်ခွင့်ကနေ ဆောက်သမ်တန်လူငယ် အိုဘာဖီမီက ချေပသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာ ဆီဘက်စတီယန် ဟဲလားက ဆောက်သမ်တန်နောက်တန်းကို တစ်ကိုယ်တော်ထိုးဖောက်ရင်း ဂိုးသမား အဲလက်စ် မက္ကာသီနဲ့ လေထဲမှာ ယှဉ်လုပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဝင်ဖို့ ခက်ခဲတဲ့ ထောင့်ကျဉ်းအနေထားက အလျင်အမြန်ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ ခြေစွမ်းပြနေခဲ့တဲ့ ဖော်နယ်လ်စ်က ဆောက်သမ်တန်နောက်တန်းကို ကျော်ချပေးတာကို တောင်ပံကစားသမား မီခေးလ် အန်တိုနီယိုက ဂိုးသမားနဲ့အတွေ့မှာ သွေးအေးအေးနဲ့ ကန်သွင်းအဆုံးသတ်နိုင်ခဲ့လို့ ပွဲအပြီးမှာ ဝက်စ်ဟမ်းတို့ ရမှတ် ၂၇ မှတ်နဲ့ တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် ၁၆ နေရာကို တက်လှမ်းသွားခဲ့တာပါ။

နောက်ထပ်တစ်ပွဲဖြစ်တဲ့ အသင်းလတ်နှစ်သင်းတွေ့ဆုံနေတဲ့ စိန့်ဂျိမ်းစ်ပါ့ခ်က နယူးကာဆယ်လ်နဲ့ ဘန်လေတို့ရဲ့ပွဲမှာတော့ နှစ်သင်းစလုံး ခံစစ်အားပြုတဲ့ အသင်းတွေပီပီ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး နှစ်သင်းစလုံး ဘယ်သူမှ အကျိုးမရှိခဲ့ဘဲ အိမ်ရှင်တို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ကို တွေ့မြင်ခဲ့ရသလို အဆုံးသတ်ပိုင်းမှာတော့ ဆိုးရွားနေခဲ့သေးတာကို တွေ့ခဲ့ရပါတယ်။

အိမ်ရှင်ငှက်ကျားတွေ ဖိကစားခဲ့ပေမယ့် လက်ရွေးစင်နည်းပြ ဂယ်ရက် ဆောက်ဂိတ် လာရောက်အားပေးစဉ်မှာ အင်္ဂလန်ခြင်္သေ့တွေရဲ့ ဦးစားပေးဂိုးသမားနေရာကို ခြိမ်းခြောက်နေတဲ့ နစ်ခ်ပုပ်ကို မကျော်နိုင်ခဲ့ဘဲ မိနစ်ကိုးဆယ်ကို ပိတ်သိမ်းခဲ့ရတာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.