Match Report Premier League

မတည်ငြိမ်တဲ့ လူစာရင်းနဲ့ အိမ်ကွင်းမှာ သရေတစ်မှတ်သာရခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ စတုန်းစ်ကို ချန်လှပ်ထားခဲ့ပြီး ခံစစ်ဗဟိုမှာ Ever Present ရူဘင် ဒီယက်စ်ကို နာသန် အာကေနဲ့ တွဲပေးခဲ့ရာမှာ ထင်သလောက်အဆင်မပြေခဲ့ဘဲ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းတိုက်စစ်ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကစားနေကျ ပုံစံအတိုင်းပဲ စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု အသားပေးတဲ့ ပုံစံနဲ့ ဖိကစားခဲ့သလို ဝက်စ်ဘရွန်းကလည်း သူတို့ရဲ့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ ပိတ်ဆို့ရင်း တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့ရမှာ အိမ်ရှင်တွေ ထင်သလောက် ခြေစွမ်းမပြနိုင်ဘဲ ကွင်းလယ်မှာလည်း အနည်းငယ် ကျပ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ကွင်းလယ်က ပေးလိုက်တဲ့ ဘောလုံးကို စတာလင် ဂိုးစည်းမကျော်ခင် လိုက်လံထိန်းသိမ်းပြီး ပြန်ချိုးပေးတာကို နောက်က လိုက်ပါလာတဲ့ ကွင်းလယ်လူ ဂွန်ဒိုးဝမ်က မနားတမ်း ကန်သွင်းခဲ့ရမှာ မန်စီးတီးတို့ အဖွင့်ဂိုးရခဲ့ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ ဦးဆောင်မှုကတော့ ကြာကြာမခံခဲ့ဘဲ ပွဲချိန် ၄၃ မိနစ်မှာတော့ ဖရီးကစ်ကို ရှင်းထုတ်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဂိုးရှေ့ကို တိုက်စစ်ဆင်ဖို့ ရောက်နေတဲ့ ဝက်စ်ဘရွန်းနောက်ခံလူ အဂျာယီက တစ်ချက်ထိန်းပြီး လှည့်ကန်သွင်းခဲ့ရာမှာ နောက်ခံလူ ရူဘင် ဒီယက်စ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ အီဒါဆန် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း မန်စီးတီးတို့ပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ဂျေဆူးစ်၊ ဒီဘရိုင်းနား၊ စတာလင်၊ ဖိုဒန်တို့ရဲ့ ထိုးဖောက်မှုတွေကို ဝက်စ်ဘရွန်းတို့ တစ်သင်းလုံးဆင်းပြီး ပိတ်ဆို့ကာကွယ်နေခဲ့တာမို့ အဂွေရိုနဲ့ ဝေါ်လ်ကာတို့ကို ထပ်ထည့်ပြီး တိုက်စစ်ကို အားဖြည့်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ မန်စီးတီးတို့ အကြိမ်ကြိမ် တိုက်စစ်ဆင်ခဲ့ပေမယ့် အဂွေရို၊ ဒီဘရိုင်းနားတို့ရဲ့ ထိုးဖောက်မှုကို ဝက်စ်ဘရွန်းနောက်တန်းက ကာကွယ်ခဲ့သလို နာကျင်အချိန်ပိုမှာ ဂွန်ဒိုးဝမ်နဲ့ စတာလင်တို့ရဲ့ အနီးကပ် ခေါင်းတိုက်ချက်တွေကိုလည်း ဂိုးသမား ဂျွန်စတုန်းစ် ခြေထောက်နဲ့ နှစ်ကြိမ်စလုံး တားဆီးသွားခဲ့လို့ ဂိုးထပ်မရတော့ဘဲ အိမ်ကွင်းမှာ သရေတစ်မှတ်သာ စုဆောင်းနိုင်ပြီး နည်းပြ ဂွါဒီယိုလာအနေနဲ့ မျက်နှာပျက်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ေျခစြမ္းျပေနတဲ့ စတုန္းစ္ကို ခ်န္လွပ္ထားခဲ့ၿပီး ခံစစ္ဗဟိုမွာ Ever Present ႐ူဘင္ ဒီယက္စ္ကို နာသန္ အာေကနဲ႔ တြဲေပးခဲ့ရာမွာ ထင္သေလာက္အဆင္မေျပခဲ့ဘဲ အိမ္ကြင္းမွာ ဝက္စ္ဘ႐ြန္းတိုက္စစ္ကို ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

ကစားေနက် ပုံစံအတိုင္းပဲ စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ အသားေပးတဲ့ ပုံစံနဲ႔ ဖိကစားခဲ့သလို ဝက္စ္ဘ႐ြန္းကလည္း သူတို႔ရဲ႕ တစ္ခုတည္းေသာ လက္နက္ျဖစ္တဲ့ ပိတ္ဆို႔ရင္း တန္ျပန္တိုက္စစ္နဲ႔ ကစားခဲ့ရမွာ အိမ္ရွင္ေတြ ထင္သေလာက္ ေျခစြမ္းမျပႏိုင္ဘဲ ကြင္းလယ္မွာလည္း အနည္းငယ္ က်ပ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ကြင္းလယ္က ေပးလိုက္တဲ့ ေဘာလုံးကို စတာလင္ ဂိုးစည္းမေက်ာ္ခင္ လိုက္လံထိန္းသိမ္းၿပီး ျပန္ခ်ိဳးေပးတာကို ေနာက္က လိုက္ပါလာတဲ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္က မနားတမ္း ကန္သြင္းခဲ့ရမွာ မန္စီးတီးတို႔ အဖြင့္ဂိုးရခဲ့ၿပီး ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးတို႔ရဲ႕ ဦးေဆာင္မႈကေတာ့ ၾကာၾကာမခံခဲ့ဘဲ ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဖရီးကစ္ကို ရွင္းထုတ္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ဂိုးေရွ႕ကို တိုက္စစ္ဆင္ဖို႔ ေရာက္ေနတဲ့ ဝက္စ္ဘ႐ြန္းေနာက္ခံလူ အဂ်ာယီက တစ္ခ်က္ထိန္းၿပီး လွည့္ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ အီဒါဆန္ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရၿပီး ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာလည္း မန္စီးတီးတို႔ပဲ ေတာက္ေလွ်ာက္ဖိကစားခဲ့ၿပီး ေဂ်ဆူးစ္၊ ဒီဘ႐ိုင္းနား၊ စတာလင္၊ ဖိုဒန္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို ဝက္စ္ဘ႐ြန္းတို႔ တစ္သင္းလုံးဆင္းၿပီး ပိတ္ဆို႔ကာကြယ္ေနခဲ့တာမို႔ အေဂြ႐ိုနဲ႔ ေဝၚလ္ကာတို႔ကို ထပ္ထည့္ၿပီး တိုက္စစ္ကို အားျဖည့္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ မန္စီးတီးတို႔ အႀကိမ္ႀကိမ္ တိုက္စစ္ဆင္ခဲ့ေပမယ့္ အေဂြ႐ို၊ ဒီဘ႐ိုင္းနားတို႔ရဲ႕ ထိုးေဖာက္မႈကို ဝက္စ္ဘ႐ြန္းေနာက္တန္းက ကာကြယ္ခဲ့သလို နာက်င္အခ်ိန္ပိုမွာ ဂြန္ဒိုးဝမ္နဲ႔ စတာလင္တို႔ရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ေတြကိုလည္း ဂိုးသမား ဂြၽန္စတုန္းစ္ ေျခေထာက္နဲ႔ ႏွစ္ႀကိမ္စလုံး တားဆီးသြားခဲ့လို႔ ဂိုးထပ္မရေတာ့ဘဲ အိမ္ကြင္းမွာ သေရတစ္မွတ္သာ စုေဆာင္းႏိုင္ၿပီး နည္းျပ ဂြါဒီယိုလာအေနနဲ႔ မ်က္ႏွာပ်က္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.