Match Report Premier League

ဟန်ချက်မညီတဲ့ ကစားကွက်မှာ အဝေးကွင်းရှုံးပွဲဆက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာလည်း ခိုင်ဟာဗတ်ဇ်ကို ဆက်လက်ပွဲထုတ်ခဲ့ပြီး ကစားကွက်အနေနဲ့ ဟန်ချက်ညီမှု နည်းခဲ့သလို တိုက်စစ်မှာတော့ ပူလီရှစ်ချ် ပြန်လည်ပါဝင်လာပေမယ့် ထိထိရောက်ရောက် ကစားနိုင်စွမ်းကတော့ နည်းခဲ့ပြီး တီမို ဗာနာနဲ့ သူက တောင်ပံတွေကနေ ထောက်ပံ့လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ပွဲက ကစားကွက်ထက် ပူလီရှစ်ချ် ပါဝင်လာချိန်မှာ ချောင်လည်ပြီး အကွက်ဖော်နိုင်ခဲ့သင့်ပေမယ့် ဘောလုံးအထွက်နည်းပြီး ကိုင်ကစားချင်သလို အသင်းဖော်တွေ စိတ်ကြိုက်သိပ်မပေးနိုင်တဲ့ ဟာဗတ်ဇ်ကြောင့် ဗာနာရော ပူလီရှစ်ချ်ပါ စိတ်ကြိုက်ကစားခွင့် မရခဲ့သလို မေဆန် မောင့်နဲ့ ကွန်တေတို့ကလည်း သာမန်ဘောလုံးဖြန့်ပုံကိုသာ လုပ်ဆောင်နိုင်ခဲ့တာပါ။

ပထမပိုင်းမှာ ချဲလ်ဆီးတို့ တိုက်စစ်ဆင်ဖို့ ခက်ခဲနေခဲ့ပြီး ဂျီရူးရဲ့ ဖရီးကစ်က ခေါင်းတိုက်ချက်နဲ့ နောက်တန်းက ဂိုးသွင်းဘုရင် ကတ် ဇူးမားရဲ့ ဘားထိတဲ့ ခေါင်းတိုက်ချက်ကလွဲရင် ရင်ခုန်စရာ သိပ်မရှိခဲ့ဘဲ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဝုလ်ဗ်စ်တို့ ပုံမှန်ဖျက်အား မရသေးတာကို အခွင့်ကောင်းယူပြီး တီမို ဗာနာဆီက ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ချေးလ်ဝဲလ်က အပြင်းကန်ပြီး ချိုးပေးတာကို တိုက်စစ်မှူးကြီး ဂျီရူးက အနီးကပ်ကပ်သွင်းခဲ့ရာမှာ ဂိုးသမား ပက်ထရီစီယို ကာကွယ်ခဲ့ပေမယ့် ဂိုးစည်းကို ကျော်သွားခဲ့လို့ ချဲလ်ဆီးတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တိုက်စစ်က ဖာဘီယို ဆေးလ်ဗားအစား အဒါမာ ထရာအိုရေးကို ဝုလ်ဗ်စ်တို့ လဲကစားခဲ့ပြီး တိုက်စစ် ပိုဆင်လာနိုင်သလို ပွဲချိန် ၆၆ မိနစ်မှာတော့ ဂိုးလွန်ဘောပေးရမယ့် ထောင့်ကန်ဘောကနေ ကန်တင်ပြီး ပြန်ကျလာတာကို ပိုဒင့်စ်က နောက်ခံလူတွေကို လိမ်ခေါက်ပြီး ဂိုးသမား မန်ဒီကို မြင်ကွင်းပိတ်နေချိန်မှာ လှမ်းကန်သွားခဲ့လို့ ဝုလ်ဗ်စ်တို့ ချေပဂိုးရခဲ့ပါတယ်။

ဂိုးပေးရအပြီးမှာ ချဲလ်ဆီးတို့ အနိုင်ရှာဖွေနိုင်ဖို့ ဂျီရူးနဲ့ ဟာဗတ်ဇ်အစား အေဘရာဟမ်နဲ့ ကိုဗာချစ်တို့ကို ထည့်သွင်းကစားခဲ့ပေမယ့် တိုက်စစ်ဆင်မှုကိုတော့ အိမ်ရှင်တို့ကသာ ပိုင်ဆိုင်ထားခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ အခွင့်အရေး ဖန်တီးမှုကလည်း နည်းခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အထိ မိုလီနော့စ်မှာ တစ်ဂိုးစီ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုနဲ့ သရေရလဒ်ထွက်ပေါ်ပြီလို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပက်ဒရို နီတို ဘောလုံးရသွားပြီး အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ခဲ့ဘဲ ခြေထောက်ဘေးက ကပ်ဝင်သွားတာကို ခွင့်ပြုခဲ့ရလို့ အဝေးကွင်းတွေမှာ ချဲလ်ဆီးတို့ နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီး အဆင့် ၅ မှာ ရမှတ် ၂၂ မှတ်နဲ့ နောက်က အသင်းတွေ ကျော်တက်မယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်သွားရကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာလည္း ခိုင္ဟာဗတ္ဇ္ကို ဆက္လက္ပြဲထုတ္ခဲ့ၿပီး ကစားကြက္အေနနဲ႔ ဟန္ခ်က္ညီမႈ နည္းခဲ့သလို တိုက္စစ္မွာေတာ့ ပူလီရွစ္ခ်္ ျပန္လည္ပါဝင္လာေပမယ့္ ထိထိေရာက္ေရာက္ ကစားႏိုင္စြမ္းကေတာ့ နည္းခဲ့ၿပီး တီမို ဗာနာနဲ႔ သူက ေတာင္ပံေတြကေန ေထာက္ပံ့လာခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ပြဲက ကစားကြက္ထက္ ပူလီရွစ္ခ်္ ပါဝင္လာခ်ိန္မွာ ေခ်ာင္လည္ၿပီး အကြက္ေဖာ္ႏိုင္ခဲ့သင့္ေပမယ့္ ေဘာလုံးအထြက္နည္းၿပီး ကိုင္ကစားခ်င္သလို အသင္းေဖာ္ေတြ စိတ္ႀကိဳက္သိပ္မေပးႏိုင္တဲ့ ဟာဗတ္ဇ္ေၾကာင့္ ဗာနာေရာ ပူလီရွစ္ခ်္ပါ စိတ္ႀကိဳက္ကစားခြင့္ မရခဲ့သလို ေမဆန္ ေမာင့္နဲ႔ ကြန္ေတတို႔ကလည္း သာမန္ေဘာလုံးျဖန႔္ပုံကိုသာ လုပ္ေဆာင္ႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တိုက္စစ္ဆင္ဖို႔ ခက္ခဲေနခဲ့ၿပီး ဂ်ီ႐ူးရဲ႕ ဖရီးကစ္က ေခါင္းတိုက္ခ်က္နဲ႔ ေနာက္တန္းက ဂိုးသြင္းဘုရင္ ကတ္ ဇူးမားရဲ႕ ဘားထိတဲ့ ေခါင္းတိုက္ခ်က္ကလြဲရင္ ရင္ခုန္စရာ သိပ္မရွိခဲ့ဘဲ ဂိုးမရွိ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဝုလ္ဗ္စ္တို႔ ပုံမွန္ဖ်က္အား မရေသးတာကို အခြင့္ေကာင္းယူၿပီး တီမို ဗာနာဆီက ထြက္လာတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ေခ်းလ္ဝဲလ္က အျပင္းကန္ၿပီး ခ်ိဳးေပးတာကို တိုက္စစ္မႉးႀကီး ဂ်ီ႐ူးက အနီးကပ္ကပ္သြင္းခဲ့ရာမွာ ဂိုးသမား ပက္ထရီစီယို ကာကြယ္ခဲ့ေပမယ့္ ဂိုးစည္းကို ေက်ာ္သြားခဲ့လို႔ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး ရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တိုက္စစ္က ဖာဘီယို ေဆးလ္ဗားအစား အဒါမာ ထရာအိုေရးကို ဝုလ္ဗ္စ္တို႔ လဲကစားခဲ့ၿပီး တိုက္စစ္ ပိုဆင္လာႏိုင္သလို ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ဂိုးလြန္ေဘာေပးရမယ့္ ေထာင့္ကန္ေဘာကေန ကန္တင္ၿပီး ျပန္က်လာတာကို ပိုဒင့္စ္က ေနာက္ခံလူေတြကို လိမ္ေခါက္ၿပီး ဂိုးသမား မန္ဒီကို ျမင္ကြင္းပိတ္ေနခ်ိန္မွာ လွမ္းကန္သြားခဲ့လို႔ ဝုလ္ဗ္စ္တို႔ ေခ်ပဂိုးရခဲ့ပါတယ္။

ဂိုးေပးရအၿပီးမွာ ခ်ဲလ္ဆီးတို႔ အႏိုင္ရွာေဖြႏိုင္ဖို႔ ဂ်ီ႐ူးနဲ႔ ဟာဗတ္ဇ္အစား ေအဘရာဟမ္နဲ႔ ကိုဗာခ်စ္တို႔ကို ထည့္သြင္းကစားခဲ့ေပမယ့္ တိုက္စစ္ဆင္မႈကိုေတာ့ အိမ္ရွင္တို႔ကသာ ပိုင္ဆိုင္ထားခဲ့ၿပီး တန္ျပန္တိုက္စစ္နဲ႔ အခြင့္အေရး ဖန္တီးမႈကလည္း နည္းခဲ့လို႔ မိနစ္ ၉၀ ျပည့္တဲ့အထိ မိုလီေနာ့စ္မွာ တစ္ဂိုးစီ သေရရလဒ္ပဲ ထြက္ေပၚခဲ့ပါတယ္။

ဒီလိုနဲ႔ သေရရလဒ္ထြက္ေပၚၿပီလို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ပက္ဒ႐ို နီတို ေဘာလုံးရသြားၿပီး အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား မန္ဒီ မကာကြယ္ႏိုင္ခဲ့ဘဲ ေျခေထာက္ေဘးက ကပ္ဝင္သြားတာကို ခြင့္ျပဳခဲ့ရလို႔ အေဝးကြင္းေတြမွာ ခ်ဲလ္ဆီးတို႔ ႏွစ္ပြဲဆက္တိုက္ ရႈံးပြဲေတြ႕ခဲ့ၿပီး အဆင့္ ၅ မွာ ရမွတ္ ၂၂ မွတ္နဲ႔ ေနာက္က အသင္းေတြ ေက်ာ္တက္မယ့္ အႏၲရာယ္နဲ႔ပါ ရင္ဆိုင္သြားရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.