Premier League Transfer News

15 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ညမှာ ကစားရမယ့် ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို သုံးစွဲဖို့ အလောသုံးဆယ် ဆုံးဖြတ်သွားမှာ မဟုတ်ဘဲ နောက်ဆုံးအချိန်အထိ သေသေချာချာ စောင့်ကြည့်ပြီးမှ ကစားခွင့်ပေးသွားမှာဖြစ်ကြောင်း ဂွါဒီယိုလာဆို။

– ဂျူဗင်တပ်စ်အသင်းရဲ့ ဝါရင့်နောက်ခံလူ လီယိုနာဒို ဘိုနူချီကို ခေါ်ယူဖို့ နည်းပြ ဂွါဒီယိုလာက စိတ်ဝင်စားနေပြီး အသက် ၃၃ နှစ်အရွယ် အီတလီသားအတွက် ဈေးကွက်ပေါက်ဈေး ပေါင် ၁၆.၂ သန်း ရှိနေပေမယ့် တူရင်ကလပ်ဘက်ကတော့ လက်လွှတ်ဖို့ ခက်ခဲနိုင်။

– အသင်းမှာ ခေါင်းဆောင်ဟောင်း ဗင်းဆန့် ကွန်ပနီ ထွက်ခွာသွားခဲ့ပြီးကတည်းက ကွက်လပ်ဖြစ်နေခဲ့တဲ့ ဦးဆောင်မှုကို ပေးစွမ်းနိုင်မယ့် ခေါင်းဆောင်သစ်တွေအဖြစ် ကီဗင် ဒီဘရိုင်းနားနဲ့ ရူဘင် ဒီယက်စ်တို့က အဝတ်လဲခန်းအတွင်းမှာ မိမိတို့ကို ဦးဆောင်နိုင်လိမ့်မယ်လို့ ရာဟင်းမ် စတာလင်ပြောကြား။

– ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းပွဲစဉ်အတွက် မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ သူတို့ရဲ့ အထက်မြက်ဆုံး တောင်ပံတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ရီယက် မာရက်ဇ်ကို အနားပေးသွားဖို့ စီစဉ်နေပြီး ဖယ်ရန် တောရက်စ်နဲ့ ဖီးလ် ဖိုဒန်တို့ကို အသုံးပြုလာနိုင်ခြေရှိနေ။

– မန်ချက်စတာစီးတီးအသင်းမှာ ဘင်ဂျမင် မန်ဒီနဲ့ ဂျာအို ကန်ဆယ်လိုတို့နောက်မှာ တတိယဦးစားပေးနောက်ခံလူအဖြစ်သာ ရှိနေပြီး မူလ အားသန်တဲ့ နေရာဖြစ်တဲ့ တောင်ပံမှာလည်း ကစားခွင့်မရတော့တဲ့ ယူကရိန်းသား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ဝုလ်ဗ်စ်အသင်းက အလိုရှိနေပြီး လိဒ်စ်ယူနိုက်တက်ကလည်း ပြိုင်ဆိုင်လာဖို့ရှိနေ။

– ခြောက်ပွဲဆက်တိုက် ဂိုးပေါက်မတည့်လို့ ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်အနေနဲ့ ဂိုးရှေ့မှာ သူ့ရဲ့ အခန်းကဏ္ဍကို ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပြီး အမြန်ဆုံး ဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာက ထောက်ခံလိုက်သလို သူ့အနေနဲ့ ကစားသမားကို နှစ်သက်ကြောင်း ပြောကြားသွား။

– တောင်ပံကစားသမား ရာဟင်းမ် စတာလင်အနေနဲ့ မန်ချက်စတာစီးတီးအသင်းဟာ ဒီနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ ခန့်မှန်းချက်တွေကို ပယ်ချလိုက်ပြီး ရာသီအစမှာ ပုံစံကောင်းမရခဲ့ပေမယ့် ဂိုးတွေ ပိုမိုသွင်းပြီး ဒီဆုအတွက် လက်မလျှော့ဘဲ ကြိုးစားသွားမယ်လို့ ကြုံးဝါး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ညမွာ ကစားရမယ့္ ဝက္စ္ဘ႐ြန္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို သုံးစြဲဖို႔ အေလာသုံးဆယ္ ဆုံးျဖတ္သြားမွာ မဟုတ္ဘဲ ေနာက္ဆုံးအခ်ိန္အထိ ေသေသခ်ာခ်ာ ေစာင့္ၾကည့္ၿပီးမွ ကစားခြင့္ေပးသြားမွာျဖစ္ေၾကာင္း ဂြါဒီယိုလာဆို။

– ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ လီယိုနာဒို ဘိုႏူခ်ီကို ေခၚယူဖို႔ နည္းျပ ဂြါဒီယိုလာက စိတ္ဝင္စားေနၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ အီတလီသားအတြက္ ေဈးကြက္ေပါက္ေဈး ေပါင္ ၁၆.၂ သန္း ရွိေနေပမယ့္ တူရင္ကလပ္ဘက္ကေတာ့ လက္လႊတ္ဖို႔ ခက္ခဲႏိုင္။

– အသင္းမွာ ေခါင္းေဆာင္ေဟာင္း ဗင္းဆန႔္ ကြန္ပနီ ထြက္ခြာသြားခဲ့ၿပီးကတည္းက ကြက္လပ္ျဖစ္ေနခဲ့တဲ့ ဦးေဆာင္မႈကို ေပးစြမ္းႏိုင္မယ့္ ေခါင္းေဆာင္သစ္ေတြအျဖစ္ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ႐ူဘင္ ဒီယက္စ္တို႔က အဝတ္လဲခန္းအတြင္းမွာ မိမိတို႔ကို ဦးေဆာင္ႏိုင္လိမ့္မယ္လို႔ ရာဟင္းမ္ စတာလင္ေျပာၾကား။

– ဝက္စ္ဘ႐ြန္းနဲ႔ အိမ္ကြင္းပြဲစဥ္အတြက္ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ သူတို႔ရဲ႕ အထက္ျမက္ဆုံး ေတာင္ပံတိုက္စစ္မႉး တစ္ဦးျဖစ္တဲ့ ရီယက္ မာရက္ဇ္ကို အနားေပးသြားဖို႔ စီစဥ္ေနၿပီး ဖယ္ရန္ ေတာရက္စ္နဲ႔ ဖီးလ္ ဖိုဒန္တို႔ကို အသုံးျပဳလာႏိုင္ေျခရွိေန။

– မန္ခ်က္စတာစီးတီးအသင္းမွာ ဘင္ဂ်မင္ မန္ဒီနဲ႔ ဂ်ာအို ကန္ဆယ္လိုတို႔ေနာက္မွာ တတိယဦးစားေပးေနာက္ခံလူအျဖစ္သာ ရွိေနၿပီး မူလ အားသန္တဲ့ ေနရာျဖစ္တဲ့ ေတာင္ပံမွာလည္း ကစားခြင့္မရေတာ့တဲ့ ယူကရိန္းသား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုကို ဝုလ္ဗ္စ္အသင္းက အလိုရွိေနၿပီး လိဒ္စ္ယူႏိုက္တက္ကလည္း ၿပိဳင္ဆိုင္လာဖို႔ရွိေန။

– ေျခာက္ပြဲဆက္တိုက္ ဂိုးေပါက္မတည့္လို႔ ေဝဖန္ခံေနရတဲ့ တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္အေနနဲ႔ ဂိုးေရွ႕မွာ သူ႔ရဲ႕ အခန္းက႑ကို ျပန္လည္ရွာေဖြႏိုင္မွာျဖစ္ၿပီး အျမန္ဆုံး ဂိုးေတြ သြင္းယူႏိုင္လိမ့္မယ္လို႔ နည္းျပ ဂြါဒီယိုလာက ေထာက္ခံလိုက္သလို သူ႔အေနနဲ႔ ကစားသမားကို ႏွစ္သက္ေၾကာင္း ေျပာၾကားသြား။

– ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္အေနနဲ႔ မန္ခ်က္စတာစီးတီးအသင္းဟာ ဒီႏွစ္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံ မျဖစ္ႏိုင္ေတာ့ဘူး ဆိုတဲ့ ခန႔္မွန္းခ်က္ေတြကို ပယ္ခ်လိုက္ၿပီး ရာသီအစမွာ ပုံစံေကာင္းမရခဲ့ေပမယ့္ ဂိုးေတြ ပိုမိုသြင္းၿပီး ဒီဆုအတြက္ လက္မေလွ်ာ့ဘဲ ႀကိဳးစားသြားမယ္လို႔ ႀကဳံးဝါး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.