Premier League Transfer News

15 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ရဲ့ အကြိုက်ဆုံးကစားသမားဖြစ်တဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို ဒဏ်ရာရရှိနေပေမယ့်လည်း မူလစီစဉ်ထားတဲ့အတိုင်း စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေခဲ့ပြီး အသင်းဘက်က စတင်ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီလို့သိရ။

– ဂျိုယယ်လ် မာတစ်ပ်ရဲ့ နောက်ဆုံးရခဲ့တဲ့ ဒဏ်ရာကတော့ သူ့ရဲ့ ကြံ့ခိုင်မှုအတွက် လီဗာပူးလ်တို့အနေနဲ့ စိတ်ချထားလို့ မရဘူးလို့ ပြသလိုက်တာလည်းဖြစ်ပြီး ဇန်နဝါရီမှာ မာမာချာချာနဲ့ အသင့်သုံးလို့ရမယ့် နောက်ခံလူတစ်ဦး မခေါ်ခဲ့ရင် စိတ်ပျက်စရာ ရာသီဖြစ်မယ်လို့ ခန့်မှန်းနေကြ။

– လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင်နဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဂရေယမ် ဆူးနက်စ်က စပါးစ်အသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ မိမိတို့ရဲ့ အသင်းမှာဆိုရင် ပွဲထွက်လူစာရင်းထဲ ဝင်နိုင်မယ့်သူမျိုး မဟုတ်ဘူးလို့ ပွဲကြိုက်တိုက်ခိုက်သွားခဲ့။

– အာဆင်နယ်နဲ့ ပြင်သစ်ကစားသမားဟောင်း သီယာရီ အွန်နရီက လီဗာပူးလ်နည်းပြဟောင်း ဂျရယ် အူလီယေးဟာ နည်းပြတစ်ဦးထက် အများကြီးပိုတဲ့ အရာရာမှာ လမ်းညွှန်ပဲ့ကိုင်ပေးသူတစ်ဦးဖြစ်တယ်လို့ ဆိုခဲ့ပြီး သူနဲ့ ပြင်သစ် ယူ-၁၇၊ ၁၈၊ ၁၉ အသင်းတွေမှာ ဆုံစည်းခဲ့တဲ့ အမှတ်တရတွေအကြောင်း တမ်းတပြောကြားသွားခဲ့။

– လီဗာပူးလ်အသင်းနဲ့ အန်းဖီးလ်မှာ ရင်ဆိုင်မယ့် စပါးစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဝါရင့်ကစားသမား ဂါရက်ဘေးလ်ကို အသုံးပြုလာဖွယ်ရှိပြီး နည်းပြ မော်ရင်ညိုအနေနဲ့ ဒဏ်ရာတွေကြောင့် အားနည်းနေတဲ့ ယာဂန် ကလော့ပ်ရဲ့ အတွေ့အကြုံနုနယ်တဲ့ ခံစစ်ပိုင်းကို ဖိအားပေးဖွယ်ရှိနေ။

– ဘရိုက်တန်အသင်းက သူ့ကို လိုချင်တဲ့ အသင်းအနေနဲ့ ပေါင်သန်း ၅၀ ပေးချေရမယ်လို့ ဈေးနှုန်းသတ်မှတ်ထားခဲ့တဲ့ အင်္ဂလန်လူငယ်နောက်ခံလူ ဘန်ဝှိုက်ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် လီဗာပူးလ်တို့ ခေါ်ယူသွားဖွယ်ရှိနေ။

– နှစ်လလောက် အနားယူရဖွယ်ရှိနေတဲ့ တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာရဲ့ နေရာအတွက် အရေးပေါ် ဖြေရှင်းချက်တစ်ရပ်ကို လီဗာပူးလ်တို့ လုပ်ဆောင်သွားဖွယ်ရှိနေပြီး နည်းပြ ယာဂန် ကလော့ပ်ရဲ့ ချီးကျူးမှုနဲ့ အထင်ကြီးမှုကို ရရှိထားတဲ့ လူငယ်တိုက်စစ်မှူး ဟာဗီ အီးလီးယော့ကို ဘလက်ဘန်းကနေ ပြန်လည်ခေါ်ယူသွားဖွယ်ရှိ။

– လီဗာပူးလ်အသင်းရဲ့ ကစားသမားဘဝကို ခုလိုမျိုးရောက်လာအောင် ကူညီမှုအဖြစ် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းကို ခေါ်ယူပေးခဲ့တဲ့ ဂျရယ် အူလီယေးကို မိမိရဲ့ ဘဝမှာ အမြဲတမ်း အမှတ်ရနေတော့မှာဖြစ်ပြီး ကျေးဇူးတင်ကြောင်းနဲ့ ငြိမ်းချမ်းစွာ အနားယူပါတော့လို့ ဆာဒီယို မာနေး လှိုက်လှိုက်လှဲလှဲပြောကြား။

– အသင်းကနေ ဘာစီလိုနာဆီ ထွက်ခွာဖို့ ချိတ်ဆက်နေခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာကို ပြန်လည်အစားထိုးမှု ပြုလုပ်သွားဖို့ အန်းဖီးလ်မှာ နှစ်ဂိုးသွင်းယူခဲ့ဖူးတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ မားကို့စ် ယော်ရန်တေးကို လီဗာပူးလ်တို့ စောင့်ကြည့်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ အႀကိဳက္ဆုံးကစားသမားျဖစ္တဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ဒဏ္ရာရရွိေနေပမယ့္လည္း မူလစီစဥ္ထားတဲ့အတိုင္း စာခ်ဳပ္သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနခဲ့ၿပီး အသင္းဘက္က စတင္ကမ္းလွမ္းမႈေတြ ျပဳလုပ္ေနၿပီလို႔သိရ။

– ဂ်ိဳယယ္လ္ မာတစ္ပ္ရဲ႕ ေနာက္ဆုံးရခဲ့တဲ့ ဒဏ္ရာကေတာ့ သူ႔ရဲ႕ ႀကံ့ခိုင္မႈအတြက္ လီဗာပူးလ္တို႔အေနနဲ႔ စိတ္ခ်ထားလို႔ မရဘူးလို႔ ျပသလိုက္တာလည္းျဖစ္ၿပီး ဇန္နဝါရီမွာ မာမာခ်ာခ်ာနဲ႔ အသင့္သုံးလို႔ရမယ့္ ေနာက္ခံလူတစ္ဦး မေခၚခဲ့ရင္ စိတ္ပ်က္စရာ ရာသီျဖစ္မယ္လို႔ ခန႔္မွန္းေနၾက။

– လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္နဲ႔ နည္းျပေဟာင္းတစ္ဦးျဖစ္တဲ့ ဂေရယမ္ ဆူးနက္စ္က စပါးစ္အသင္းရဲ႕ တိုက္စစ္မႉး ဆြန္ေဟာင္မင္ဟာ မိမိတို႔ရဲ႕ အသင္းမွာဆိုရင္ ပြဲထြက္လူစာရင္းထဲ ဝင္ႏိုင္မယ့္သူမ်ိဳး မဟုတ္ဘူးလို႔ ပြဲႀကိဳက္တိုက္ခိုက္သြားခဲ့။

– အာဆင္နယ္နဲ႔ ျပင္သစ္ကစားသမားေဟာင္း သီယာရီ အြန္နရီက လီဗာပူးလ္နည္းျပေဟာင္း ဂ်ရယ္ အူလီေယးဟာ နည္းျပတစ္ဦးထက္ အမ်ားႀကီးပိုတဲ့ အရာရာမွာ လမ္းၫႊန္ပဲ့ကိုင္ေပးသူတစ္ဦးျဖစ္တယ္လို႔ ဆိုခဲ့ၿပီး သူနဲ႔ ျပင္သစ္ ယူ-၁၇၊ ၁၈၊ ၁၉ အသင္းေတြမွာ ဆုံစည္းခဲ့တဲ့ အမွတ္တရေတြအေၾကာင္း တမ္းတေျပာၾကားသြားခဲ့။

– လီဗာပူးလ္အသင္းနဲ႔ အန္းဖီးလ္မွာ ရင္ဆိုင္မယ့္ စပါးစ္အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ ဝါရင့္ကစားသမား ဂါရက္ေဘးလ္ကို အသုံးျပဳလာဖြယ္ရွိၿပီး နည္းျပ ေမာ္ရင္ညိဳအေနနဲ႔ ဒဏ္ရာေတြေၾကာင့္ အားနည္းေနတဲ့ ယာဂန္ ကေလာ့ပ္ရဲ႕ အေတြ႕အႀကဳံႏုနယ္တဲ့ ခံစစ္ပိုင္းကို ဖိအားေပးဖြယ္ရွိေန။

– ဘ႐ိုက္တန္အသင္းက သူ႔ကို လိုခ်င္တဲ့ အသင္းအေနနဲ႔ ေပါင္သန္း ၅၀ ေပးေခ်ရမယ္လို႔ ေဈးႏႈန္းသတ္မွတ္ထားခဲ့တဲ့ အဂၤလန္လူငယ္ေနာက္ခံလူ ဘန္ဝႈိက္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ လီဗာပူးလ္တို႔ ေခၚယူသြားဖြယ္ရွိေန။

– ႏွစ္လေလာက္ အနားယူရဖြယ္ရွိေနတဲ့ ေတာင္ပံတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာရဲ႕ ေနရာအတြက္ အေရးေပၚ ေျဖရွင္းခ်က္တစ္ရပ္ကို လီဗာပူးလ္တို႔ လုပ္ေဆာင္သြားဖြယ္ရွိေနၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ခ်ီးက်ဴးမႈနဲ႔ အထင္ႀကီးမႈကို ရရွိထားတဲ့ လူငယ္တိုက္စစ္မႉး ဟာဗီ အီးလီးေယာ့ကို ဘလက္ဘန္းကေန ျပန္လည္ေခၚယူသြားဖြယ္ရွိ။

– လီဗာပူးလ္အသင္းရဲ႕ ကစားသမားဘဝကို ခုလိုမ်ိဳးေရာက္လာေအာင္ ကူညီမႈအျဖစ္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းကို ေခၚယူေပးခဲ့တဲ့ ဂ်ရယ္ အူလီေယးကို မိမိရဲ႕ ဘဝမွာ အၿမဲတမ္း အမွတ္ရေနေတာ့မွာျဖစ္ၿပီး ေက်းဇူးတင္ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းစြာ အနားယူပါေတာ့လို႔ ဆာဒီယို မာေနး လႈိက္လႈိက္လွဲလွဲေျပာၾကား။

– အသင္းကေန ဘာစီလိုနာဆီ ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနခဲ့တဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာကို ျပန္လည္အစားထိုးမႈ ျပဳလုပ္သြားဖို႔ အန္းဖီးလ္မွာ ႏွစ္ဂိုးသြင္းယူခဲ့ဖူးတဲ့ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ မားကို႔စ္ ေယာ္ရန္ေတးကို လီဗာပူးလ္တို႔ ေစာင့္ၾကည့္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.