Premier League Transfer News

14 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လီဗာပူးလ်အသင်းလိုပဲ အားလုံး ခန့်မှန်းထားတဲ့အတိုင်း ဂျာမန်ပြိုင်ဘက်နဲ့ တွေ့ဆုံသွားခဲ့ပြီး မွန်ချန်ဂလက်ဘက်ချ်အသင်းနဲ့ အဝေးကွင်းမှာ ပထမအကျော့အဖြစ် စတင်ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း မဲခွဲရေးဆွဲမှုကို ရရှိခဲ့ပြီး လွယ်ကူတဲ့ ပွဲစဉ်လို့ သုံးသပ်ခံခဲ့ရ။

– မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ နူးကမ့်ထက်တော့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအတွက် ပိုမိုကောင်းမွန်တဲ့ နေရာဖြစ်လိမ့်မယ်လို့ အာဂျင်တီးနားအသင်းဖော်ဟောင်း ပါဘလို ဇာဘလီတာက သုံးသပ်လိုက်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားအနေနဲ့ ပျော်ရွှင်ပုံမရတာကို ကစားဟန်ကတစ်ဆင့် မြင်နိုင်ကြောင်းပြောကြား။

– မာဆေးလ်နဲ့ပွဲမှာ ဂိုးဝင်သွင်းခဲ့ပြီး မန်ချက်စတာဒါဘီမှာ ပျောက်ဆုံးနေခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုဟာ အဖျားဝေဒနာကို ခံစားရလို့ လွဲချော်ခဲ့တာဖြစ်ကြောင်း သိရပြီး ဝက်စ်ဘရွန်းနဲ့ အိမ်ကွင်းပွဲစဉ်ကိုတော့ ပြန်လည်ပါဝင်နိုင်မှာဖြစ်တယ်လို့ သိရ။

– ဂျာမန်ကလပ်တွေရဲ့ သမိုင်းကြောင်းနဲ့ ဂုဏ်သိက္ခာကို မိမိ အလေးထားမိတယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပြီး ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်နဲ့ ရှက်တာဒိုးနက်စ်ခ်တို့ကို ပြိုင်ဘက်အဖြစ် ကျရောက်ခဲ့တဲ့ အုပ်စုကနေ နောက်တစ်ဆင့် တက်လှမ်းနိုင်တဲ့ မွန်ချန်ဂလက်ဘက်ချ်ရဲ့ စွမ်းဆောင်ရည်က နိမ့်ပါးခြင်းမရှိကြောင်း ပြောကြားသွားခဲ့။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အပါအဝင် ပရီးမီးယားလိဂ်အသင်းတချို့က စီးတီးရဲ့ တောင်ပံကစားသမား အိုလက်ဇန်ဒါ ဇင်ချန်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒီယိုဂို ဂျိုတာကို ရောင်းထုတ်ထားတဲ့ နည်းပြ နူနို ဆန်တိုအနေနဲ့ ယူကရိန်းသား ကစားချင်တဲ့ တိုက်စစ်မှာ နေရာပေးသွားနိုင်ကြောင်း သိရ။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ဆက်ခံနိုင်မယ့်သူလို့ ဂါဘရီယယ်လ် ဂျီးဆပ်စ်ကို မိမိတို့ မထင်မိဘူးလို့ Four Four Two မဂ္ဂဇင်းက သုံးသပ်ရေးသားလိုက်ပြီး အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးအနေနဲ့ နောက်ဆုံး ၆ ပွဲမှာ တစ်လုံးမှ ဂိုးပေါက် မတည့်ခဲ့ကြောင်း ထောက်ပြသွား။

– မန်ချက်စတာစီးတီးနဲ့ ဝက်စ်ဘရွန်းပွဲစဉ်မှာ ပြိုင်ဘက်အသင်းရဲ့ အဓိကနောက်ခံလူ ခိုင်လ် ဘာ့တ်လီ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပြီး စီးတီးဘက်ကတော့ နောက်ခံလူတွေဖြစ်ကြတဲ့ အဲရစ် ဂါစီယာနဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ ကစားနိုင်မှာ မဟုတ်ကြောင်း ဂွါဒီယိုလာ ထုတ်ပြန်။

– ဆောက်သမ်တန်နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်က အာဆင်နယ်၊ မန်ချက်စတာစီးတီးတို့နဲ့ ရင်ဆိုင်ရမယ့် ပွဲကျပ်ကာလကို ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောကြားလိုက်ပြီး ဒီပွဲတွေမှာ သူနဲ့ သူ့အသင်းသားတွေရဲ့ အရည်အသွေးတွေကို အစမ်းသပ်ခံဖို့ အဆင်သင့်ပဲလို့ဆို။

– မန်ချက်စတာစီးတီးလူငယ်အသင်းတိုက်စစ်မှူး လီယမ် ဒီလက်ပ်အနေနဲ့ နိုဝင်ဘာလတစ်လတာအကောင်းဆုံး ပရီးမီးယားလိဂ်တူး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး သူမတိုင်ခင် အရင်လက ကွင်းလယ်လူ ကိုးလ် ပါးလ်မားက ရရှိခဲ့တာဖြစ်လို့ အသင်းအကယ်ဒမီ အတွက်တော့ ဂုဏ်ယူစရာဖြစ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လီဗာပူးလ္အသင္းလိုပဲ အားလုံး ခန႔္မွန္းထားတဲ့အတိုင္း ဂ်ာမန္ၿပိဳင္ဘက္နဲ႔ ေတြ႕ဆုံသြားခဲ့ၿပီး မြန္ခ်န္ဂလက္ဘက္ခ်္အသင္းနဲ႔ အေဝးကြင္းမွာ ပထမအေက်ာ့အျဖစ္ စတင္ကစားရမယ့္ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္း မဲခြဲေရးဆြဲမႈကို ရရွိခဲ့ၿပီး လြယ္ကူတဲ့ ပြဲစဥ္လို႔ သုံးသပ္ခံခဲ့ရ။

– မန္ခ်က္စတာစီးတီးအသင္းဟာ လက္ရွိအခ်ိန္မွာ ဘာစီလိုနာနဲ႔ ႏူးကမ့္ထက္ေတာ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအတြက္ ပိုမိုေကာင္းမြန္တဲ့ ေနရာျဖစ္လိမ့္မယ္လို႔ အာဂ်င္တီးနားအသင္းေဖာ္ေဟာင္း ပါဘလို ဇာဘလီတာက သုံးသပ္လိုက္ၿပီး ကမာၻ႔အေကာင္းဆုံး ကစားသမားအေနနဲ႔ ေပ်ာ္႐ႊင္ပုံမရတာကို ကစားဟန္ကတစ္ဆင့္ ျမင္ႏိုင္ေၾကာင္းေျပာၾကား။

– မာေဆးလ္နဲ႔ပြဲမွာ ဂိုးဝင္သြင္းခဲ့ၿပီး မန္ခ်က္စတာဒါဘီမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုဟာ အဖ်ားေဝဒနာကို ခံစားရလို႔ လြဲေခ်ာ္ခဲ့တာျဖစ္ေၾကာင္း သိရၿပီး ဝက္စ္ဘ႐ြန္းနဲ႔ အိမ္ကြင္းပြဲစဥ္ကိုေတာ့ ျပန္လည္ပါဝင္ႏိုင္မွာျဖစ္တယ္လို႔ သိရ။

– ဂ်ာမန္ကလပ္ေတြရဲ႕ သမိုင္းေၾကာင္းနဲ႔ ဂုဏ္သိကၡာကို မိမိ အေလးထားမိတယ္လို႔ နည္းျပ ဂြါဒီယိုလာက ေျပာၾကားလိုက္ၿပီး ရီးရဲလ္မက္ဒရစ္၊ အင္တာမီလန္နဲ႔ ရွက္တာဒိုးနက္စ္ခ္တို႔ကို ၿပိဳင္ဘက္အျဖစ္ က်ေရာက္ခဲ့တဲ့ အုပ္စုကေန ေနာက္တစ္ဆင့္ တက္လွမ္းႏိုင္တဲ့ မြန္ခ်န္ဂလက္ဘက္ခ်္ရဲ႕ စြမ္းေဆာင္ရည္က နိမ့္ပါးျခင္းမရွိေၾကာင္း ေျပာၾကားသြားခဲ့။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အပါအဝင္ ပရီးမီးယားလိဂ္အသင္းတခ်ိဳ႕က စီးတီးရဲ႕ ေတာင္ပံကစားသမား အိုလက္ဇန္ဒါ ဇင္ခ်န္ကိုကို ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး ဒီယိုဂို ဂ်ိဳတာကို ေရာင္းထုတ္ထားတဲ့ နည္းျပ ႏူႏို ဆန္တိုအေနနဲ႔ ယူကရိန္းသား ကစားခ်င္တဲ့ တိုက္စစ္မွာ ေနရာေပးသြားႏိုင္ေၾကာင္း သိရ။

– တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ဆက္ခံႏိုင္မယ့္သူလို႔ ဂါဘရီယယ္လ္ ဂ်ီးဆပ္စ္ကို မိမိတို႔ မထင္မိဘူးလို႔ Four Four Two မဂၢဇင္းက သုံးသပ္ေရးသားလိုက္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးအေနနဲ႔ ေနာက္ဆုံး ၆ ပြဲမွာ တစ္လုံးမွ ဂိုးေပါက္ မတည့္ခဲ့ေၾကာင္း ေထာက္ျပသြား။

– မန္ခ်က္စတာစီးတီးနဲ႔ ဝက္စ္ဘ႐ြန္းပြဲစဥ္မွာ ၿပိဳင္ဘက္အသင္းရဲ႕ အဓိကေနာက္ခံလူ ခိုင္လ္ ဘာ့တ္လီ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာျဖစ္ၿပီး စီးတီးဘက္ကေတာ့ ေနာက္ခံလူေတြျဖစ္ၾကတဲ့ အဲရစ္ ဂါစီယာနဲ႔ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတို႔ ကစားႏိုင္မွာ မဟုတ္ေၾကာင္း ဂြါဒီယိုလာ ထုတ္ျပန္။

– ေဆာက္သမ္တန္နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္က အာဆင္နယ္၊ မန္ခ်က္စတာစီးတီးတို႔နဲ႔ ရင္ဆိုင္ရမယ့္ ပြဲက်ပ္ကာလကို ကစားဖို႔ မေစာင့္ႏိုင္ေတာ့ဘူးလို႔ ေျပာၾကားလိုက္ၿပီး ဒီပြဲေတြမွာ သူနဲ႔ သူ႔အသင္းသားေတြရဲ႕ အရည္အေသြးေတြကို အစမ္းသပ္ခံဖို႔ အဆင္သင့္ပဲလို႔ဆို။

– မန္ခ်က္စတာစီးတီးလူငယ္အသင္းတိုက္စစ္မႉး လီယမ္ ဒီလက္ပ္အေနနဲ႔ ႏိုဝင္ဘာလတစ္လတာအေကာင္းဆုံး ပရီးမီးယားလိဂ္တူး ကစားသမားအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး သူမတိုင္ခင္ အရင္လက ကြင္းလယ္လူ ကိုးလ္ ပါးလ္မားက ရရွိခဲ့တာျဖစ္လို႔ အသင္းအကယ္ဒမီ အတြက္ေတာ့ ဂုဏ္ယူစရာျဖစ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.