Premier League Transfer News

15 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက လမ်းခွဲထွက်ခွာသွားခဲ့တဲ့ ကင်းထောက်ချုပ်ဟောင်း ဆဗင် မစ်စ်လင်တက်က သူရှိနေစဉ်မှာ အသင်းအတွက် မီခယ်လ် အာတီတာကို ခန့်အပ်ဖို့ လုံးဝမသင့်တော်ဘူးလို့ အစဉ်တစိုက် ကန့်ကွက်ခဲ့တယ်လို့ ထုတ်ဖော်သွားခဲ့။

– အက်သလက်တီကို မက်ဒရစ်အသင်းမှာ နှစ်ပွဲသာ ပွဲထွက်ခွင့်ရသေးတဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအနေနဲ့ စပိန်ကလပ်နဲ့ ဇန်နဝါရီမှာ အငှားစာချုပ်ဖျက်သိမ်းဖွယ်ရှိနေပြီး အာဆင်နယ်ကို ပြန်လာဖို့ ရှိနေသလို စီးရီးအေကလပ် တိုရီနိုအသင်းနဲ့ ထပ်မံဆွေးနွေးနိုင်ဖို့ စိတ်ဝင်စားနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘန်လေနဲ့ ရှုံးပွဲမတိုင်ခင်မှာ အီတလီလူမျိုးနည်းပြ မက်ဆီမီလီယာနို အယ်လီဂရီနဲ့ ဆက်သွယ်ဆွေးနွေခဲ့ပြီး အာတီတာအတွက် အစားထိုးဖို့ စီစဉ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့သလို စပါးစ်နည်းပြဟောင်း ပိုချက်တီနိုကိုလည်း အလိုရှိနေ။

– အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေဖြစ်ကြတဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးနဲ့ စီအီးအို ဗီနိုင်း ဗင်ကာတီရှမ်တို့အနေနဲ့ အာတီတာကို ဆက်လက်အချိန်ပေးချင်ပေမယ့် ပရိသတ်တွေရဲ့ အမျက်ဒေါသကို ကာကွယ်ဖို့ အပြောင်းအလဲလုပ်သွားရဖွယ်ရှိနေတယ်လို့ သတင်းတွေ ဖော်ပြ။

– အသင်းရဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ ပရိသတ်တွေကို စိတ်ရှည်သည်းခံပေးကြဖို့ နည်းစနစ်ဒါရိုက်တာ အီဒူးက တိုက်တွန်းလိုက်ပြီး မိမိတို့အနေနဲ့ ဒါကို ပြောင်းလဲနိုင်ဖို့ အပြည့်အဝ တာဝန်ရှိကြောင်းနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ စောင့်ကြည့်ကြဖို့ တိုက်တွန်း။

– အသင်းမှာ ကစားခွင့်မရှိတော့တဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ သူ့ရဲ့ အေးဂျင့် အာကွတ် ဆိုဂတ်တို့ကို မိမိတို့အနေနဲ့ ဖြစ်နိုင်ခြေ အချို့အတွက် ဆွေးနွေးထားတယ်လို့ နည်းစနစ်ဒါရိုက်တာ အီဒူးက ထုတ်ဖော်သွားခဲ့ပြီး ဒီအတွက် အပြင်းအထန် ဖိအားပေးတာမျိုးတော့ ပြုလုပ်ခြင်းမရှိဘူးလို့ စာချုပ်ဖျက်သိမ်းနိုင်ခြေနဲ့ ပတ်သက်လို့ ပြောကြား။

– ဟာသာဘာလင်မှာ ခြေစွမ်းပြနေခဲ့ပြီး နောက်ဆုံး ၅ ပွဲ ဆက်တိုက် ပွဲထွက်ခွင့်ရရှိထားခဲ့သလို လှပတဲ့ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ လူငယ် ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအတွက် အကောင်းဆုံးတွေကို မျှော်လင့်ထားပြီး အာဆင်နယ်က သက်တမ်းတိုးပြီး ထပ်မံအငှားချဖို့နဲ့ ရောင်းချပေးဖို့ အလိုရှိတယ်လို့ အားကစားဒါရိုက်တာ မီရှာအေးလ် ပရိဇ် ပြောကြား။

– ရက်ဘူးလ် ဆာ့လ်ဇ်ဘတ်ကနေ လာမယ့်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ရခြင်း မရှိသေးဘူးလို့ ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းက RB လိုက်ပ်ဇစ်နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ငြင်းဆန်သွားခဲ့ပြီး အာဆင်နယ်အသင်းအတွက် မျှော်လင့်ချက်ရှိလာ။

– အာဆင်နယ်အသင်းအနေနဲ့ ဇန်နဝါရီမှာ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ဂျူဗင်တပ်စ်အသင်းအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့ စိတ်ဝင်စားနေတယ်လို့ အီတလီသတင်းဌာနတွေ ဖော်ပြ။

– အသင်းကြီးနဲ့အတူ ကစားခွင့်မရသေးတဲ့ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာက အာဆင်နယ်အသင်းမှာ ဆက်နေပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားသလို အသင်းကနေ ထွက်ခွာဖြစ်ရင်တော့ အငှားနဲ့ မဟုတ်ဘဲ အပြီးသတ်ထွက်ခွာတာမျိုးပဲဖြစ်လိမ့်မယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကေန ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလက လမ္းခြဲထြက္ခြာသြားခဲ့တဲ့ ကင္းေထာက္ခ်ဳပ္ေဟာင္း ဆဗင္ မစ္စ္လင္တက္က သူရွိေနစဥ္မွာ အသင္းအတြက္ မီခယ္လ္ အာတီတာကို ခန႔္အပ္ဖို႔ လုံးဝမသင့္ေတာ္ဘူးလို႔ အစဥ္တစိုက္ ကန႔္ကြက္ခဲ့တယ္လို႔ ထုတ္ေဖာ္သြားခဲ့။

– အက္သလက္တီကို မက္ဒရစ္အသင္းမွာ ႏွစ္ပြဲသာ ပြဲထြက္ခြင့္ရေသးတဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားအေနနဲ႔ စပိန္ကလပ္နဲ႔ ဇန္နဝါရီမွာ အငွားစာခ်ဳပ္ဖ်က္သိမ္းဖြယ္ရွိေနၿပီး အာဆင္နယ္ကို ျပန္လာဖို႔ ရွိေနသလို စီးရီးေအကလပ္ တိုရီႏိုအသင္းနဲ႔ ထပ္မံေဆြးေႏြးႏိုင္ဖို႔ စိတ္ဝင္စားေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘန္ေလနဲ႔ ရႈံးပြဲမတိုင္ခင္မွာ အီတလီလူမ်ိဳးနည္းျပ မက္ဆီမီလီယာႏို အယ္လီဂရီနဲ႔ ဆက္သြယ္ေဆြးေႏြခဲ့ၿပီး အာတီတာအတြက္ အစားထိုးဖို႔ စီစဥ္ေနၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚလာခဲ့သလို စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏိုကိုလည္း အလိုရွိေန။

– အာဆင္နယ္အသင္းရဲ႕ တာဝန္ရွိသူေတြျဖစ္ၾကတဲ့ နည္းစနစ္ဒါ႐ိုက္တာ အီဒူးနဲ႔ စီအီးအို ဗီႏိုင္း ဗင္ကာတီရွမ္တို႔အေနနဲ႔ အာတီတာကို ဆက္လက္အခ်ိန္ေပးခ်င္ေပမယ့္ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသကို ကာကြယ္ဖို႔ အေျပာင္းအလဲလုပ္သြားရဖြယ္ရွိေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– အသင္းရဲ႕ ရလဒ္ေတြနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြကို စိတ္ရွည္သည္းခံေပးၾကဖို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက တိုက္တြန္းလိုက္ၿပီး မိမိတို႔အေနနဲ႔ ဒါကို ေျပာင္းလဲႏိုင္ဖို႔ အျပည့္အဝ တာဝန္ရွိေၾကာင္းနဲ႔ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ ေစာင့္ၾကည့္ၾကဖို႔ တိုက္တြန္း။

– အသင္းမွာ ကစားခြင့္မရွိေတာ့တဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္နဲ႔ သူ႔ရဲ႕ ေအးဂ်င့္ အာကြတ္ ဆိုဂတ္တို႔ကို မိမိတို႔အေနနဲ႔ ျဖစ္ႏိုင္ေျခ အခ်ိဳ႕အတြက္ ေဆြးေႏြးထားတယ္လို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက ထုတ္ေဖာ္သြားခဲ့ၿပီး ဒီအတြက္ အျပင္းအထန္ ဖိအားေပးတာမ်ိဳးေတာ့ ျပဳလုပ္ျခင္းမရွိဘူးလို႔ စာခ်ဳပ္ဖ်က္သိမ္းႏိုင္ေျခနဲ႔ ပတ္သက္လို႔ ေျပာၾကား။

– ဟာသာဘာလင္မွာ ေျခစြမ္းျပေနခဲ့ၿပီး ေနာက္ဆုံး ၅ ပြဲ ဆက္တိုက္ ပြဲထြက္ခြင့္ရရွိထားခဲ့သလို လွပတဲ့ ဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့တဲ့ လူငယ္ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအတြက္ အေကာင္းဆုံးေတြကို ေမွ်ာ္လင့္ထားၿပီး အာဆင္နယ္က သက္တမ္းတိုးၿပီး ထပ္မံအငွားခ်ဖို႔နဲ႔ ေရာင္းခ်ေပးဖို႔ အလိုရွိတယ္လို႔ အားကစားဒါ႐ိုက္တာ မီရွာေအးလ္ ပရိဇ္ ေျပာၾကား။

– ရက္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကေန လာမယ့္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ရျခင္း မရွိေသးဘူးလို႔ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းက RB လိုက္ပ္ဇစ္နဲ႔ ပတ္သက္တဲ့ ေကာလဟာလေတြကို ျငင္းဆန္သြားခဲ့ၿပီး အာဆင္နယ္အသင္းအတြက္ ေမွ်ာ္လင့္ခ်က္ရွိလာ။

– အာဆင္နယ္အသင္းအေနနဲ႔ ဇန္နဝါရီမွာ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈ ရရွိခဲ့မယ္ဆိုရင္ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူသြားႏိုင္ဖို႔ စိတ္ဝင္စားေနတယ္လို႔ အီတလီသတင္းဌာနေတြ ေဖာ္ျပ။

– အသင္းႀကီးနဲ႔အတူ ကစားခြင့္မရေသးတဲ့ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာက အာဆင္နယ္အသင္းမွာ ဆက္ေနၿပီး တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ထားသလို အသင္းကေန ထြက္ခြာျဖစ္ရင္ေတာ့ အငွားနဲ႔ မဟုတ္ဘဲ အၿပီးသတ္ထြက္ခြာတာမ်ိဳးပဲျဖစ္လိမ့္မယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.