Premier League Transfer News

13 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– မွန်ချန်ဂလာဘက်ချ်နဲ့ပွဲမှာ ဟာသာဘာလင်အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို အငှားချထားရာကနေ ပြန်လာရင် နေရာပေးသုံးစွဲဖို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာကို ပရိသတ်တွေ တိုက်တွန်းနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို အလိုရှိနေတဲ့ အင်တာမီလန်အသင်းနဲ့ ဇန်နဝါရီအပြောင်းအရွှေ့အတွက် ထပ်မံဆွေးနွေးသွားဖို့ရှိနေပြီး ဆန်စီရိုဘက်ကတော့ ဒိန်းမတ်သား ခရစ္စတီယန် အဲရစ်ဆန်နဲ့ လဲလှယ်ဖို့ကိုပဲ ကမ်းလှမ်းထား။

– ကွင်းလယ်လူ မီဆွတ် အိုဇေးလ်ကို ပြန်မခေါ်တော့ရင်နဲ့ လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာကို နေရာမပေးဘဲ ရောင်းလိုက်မယ်ဆိုရင် အာတီတာ ဘယ်လောက် ညံ့ဖျင်းတယ်ဆိုတာ ပေါ်လွင်နေပြီဖြစ်ပြီး အသင်းက ထွက်လိုက်ပါတော့လို့ ပရိသတ်တွေ တောင်းဆို။

– ဟာသာဘာလင်အတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဂန်ဒူဇီကို ပြင်သစ်လူငယ် ဆာလီဘာက ချီးကျူးစကားပြောကြားခဲ့ပြီး စီနီယာ နောက်ခံလူ ရှကိုဒရန် မူစတာဖီကတော့ “ဝန်ခံလိုက်စမ်းပါ။ မင်းဂိုးသွင်းတာလား ဖြတ်တင်တာလားဆိုတာ”လို့ စနောက်သွားခဲ့။

– ပွဲစဉ် ၃၁ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ သူ့ရဲ့ရှေ့က ရလဒ်ဆိုးတယ်ဆိုပြီး ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ အူနိုင်း အမ်မရီနဲ့ နှိုင်းယှဉ်ဖော်ပြချက်တွေအရ အာတီတာရဲ့ ကိုင်တွယ်မှုမှာ နိုင်ပွဲနဲ့ ဂိုးရရှိမှုတွေ တော်တော်လေး ကွာဟနေတာကို မြင်ခဲ့ရပြီး ရမှတ် ၁၇ မှတ်အထိ လျော့နည်းနေခဲ့ပြီဖြစ်ကြောင်း သိရ။

– စတုဂတ်အသင်းကို တန်းတက်စေဖို့ နောက်ကွယ်ကနေ ကစားသမားဖြည့်တင်းမှုတွေနဲ့ ထောက်ပံ့ပေးခဲ့ပြီး မနေ့ညက ဒေါ့မွန်ကို အဝေးကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆဗင် မစ်စ်လင်တတ်ကို အာဆင်နယ်အသင်းက နှမြောနေရပြီလို့ သတင်းဌာနတွေ ရေးသား။

– ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ ဘန်လေပွဲကို လွဲချော်ဖို့ သေချာနေပြီး တောင်ပံတိုက်စစ်မှူး နီကိုလာ ပေပေကတော့ သူ့ရဲ့ သုံးပွဲမြောက်နဲ့ နောက်ဆုံးပြစ်ဒဏ်ကို ပေးဆပ်ရမှာဖြစ်သလို လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီကိုတော့ ပါဝင်ဖို့ မပြောနိုင်သေးပေမယ့် အခြေအနေအရ အရန်ခုံပေါ် ပါလာနိုင်ကြောင်းသိရ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးက နည်းပြ မီခယ်လ် အာတီတာရဲ့ အိုဇေးလ်အပေါ် အကိုင်အတွယ် မတတ်ခဲ့မှုနဲ့ သူ့ကို ကူညီပေးဖို့ ကွင်းတွင်းကွင်းပြင်မှာ ပျက်ကွက်ခဲ့တာကို ထောက်ပြသွားခဲ့ပြီး စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ရာမှာ သတ်မှတ်ချက်တွေကို လျှော့ပေါ့ပေးရတာမျိုးလည်း လုပ်ရတတ်ကြောင်း ပြောကြား။

– အသက် ၁၈ နှစ်အရွယ် လူငယ်တောင်ပံကစားသမား ဂါဘရီယယ်လ် ဗေရွန်ကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် အာဆင်နယ် စိတ်ဝင်စားနေပြီး ပါးလ်မေးရပ်စ်အသင်းကတော့ သူ့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၂၅ သန်း အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မြန္ခ်န္ဂလာဘက္ခ်္နဲ႔ပြဲမွာ ဟာသာဘာလင္အသင္းအတြက္ သူ႔ရဲ႕ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို အငွားခ်ထားရာကေန ျပန္လာရင္ ေနရာေပးသုံးစြဲဖို႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာကို ပရိသတ္ေတြ တိုက္တြန္းေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို အလိုရွိေနတဲ့ အင္တာမီလန္အသင္းနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြက္ ထပ္မံေဆြးေႏြးသြားဖို႔ရွိေနၿပီး ဆန္စီ႐ိုဘက္ကေတာ့ ဒိန္းမတ္သား ခရစၥတီယန္ အဲရစ္ဆန္နဲ႔ လဲလွယ္ဖို႔ကိုပဲ ကမ္းလွမ္းထား။

– ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္ကို ျပန္မေခၚေတာ့ရင္နဲ႔ လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ေနရာမေပးဘဲ ေရာင္းလိုက္မယ္ဆိုရင္ အာတီတာ ဘယ္ေလာက္ ညံ့ဖ်င္းတယ္ဆိုတာ ေပၚလြင္ေနၿပီျဖစ္ၿပီး အသင္းက ထြက္လိုက္ပါေတာ့လို႔ ပရိသတ္ေတြ ေတာင္းဆို။

– ဟာသာဘာလင္အတြက္ ပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ ဂန္ဒူဇီကို ျပင္သစ္လူငယ္ ဆာလီဘာက ခ်ီးက်ဴးစကားေျပာၾကားခဲ့ၿပီး စီနီယာ ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကေတာ့ “ဝန္ခံလိုက္စမ္းပါ။ မင္းဂိုးသြင္းတာလား ျဖတ္တင္တာလားဆိုတာ”လို႔ စေနာက္သြားခဲ့။

– ပြဲစဥ္ ၃၁ ပြဲ ယွဥ္ၿပိဳင္ကစားၿပီးခ်ိန္မွာ သူ႔ရဲ႕ေရွ႕က ရလဒ္ဆိုးတယ္ဆိုၿပီး ထုတ္ပယ္ခံခဲ့ရတဲ့ နည္းျပ အူႏိုင္း အမ္မရီနဲ႔ ႏႈိင္းယွဥ္ေဖာ္ျပခ်က္ေတြအရ အာတီတာရဲ႕ ကိုင္တြယ္မႈမွာ ႏိုင္ပြဲနဲ႔ ဂိုးရရွိမႈေတြ ေတာ္ေတာ္ေလး ကြာဟေနတာကို ျမင္ခဲ့ရၿပီး ရမွတ္ ၁၇ မွတ္အထိ ေလ်ာ့နည္းေနခဲ့ၿပီျဖစ္ေၾကာင္း သိရ။

– စတုဂတ္အသင္းကို တန္းတက္ေစဖို႔ ေနာက္ကြယ္ကေန ကစားသမားျဖည့္တင္းမႈေတြနဲ႔ ေထာက္ပံ့ေပးခဲ့ၿပီး မေန႔ညက ေဒါ့မြန္ကို အေဝးကြင္းမွာ ငါးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ဆဗင္ မစ္စ္လင္တတ္ကို အာဆင္နယ္အသင္းက ႏွေျမာေနရၿပီလို႔ သတင္းဌာနေတြ ေရးသား။

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ ဘန္ေလပြဲကို လြဲေခ်ာ္ဖို႔ ေသခ်ာေနၿပီး ေတာင္ပံတိုက္စစ္မႉး နီကိုလာ ေပေပကေတာ့ သူ႔ရဲ႕ သုံးပြဲေျမာက္နဲ႔ ေနာက္ဆုံးျပစ္ဒဏ္ကို ေပးဆပ္ရမွာျဖစ္သလို လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီကိုေတာ့ ပါဝင္ဖို႔ မေျပာႏိုင္ေသးေပမယ့္ အေျခအေနအရ အရန္ခုံေပၚ ပါလာႏိုင္ေၾကာင္းသိရ။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးက နည္းျပ မီခယ္လ္ အာတီတာရဲ႕ အိုေဇးလ္အေပၚ အကိုင္အတြယ္ မတတ္ခဲ့မႈနဲ႔ သူ႔ကို ကူညီေပးဖို႔ ကြင္းတြင္းကြင္းျပင္မွာ ပ်က္ကြက္ခဲ့တာကို ေထာက္ျပသြားခဲ့ၿပီး စီမံခန႔္ခြဲမႈေတြ လုပ္ေဆာင္ရာမွာ သတ္မွတ္ခ်က္ေတြကို ေလွ်ာ့ေပါ့ေပးရတာမ်ိဳးလည္း လုပ္ရတတ္ေၾကာင္း ေျပာၾကား။

– အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ေတာင္ပံကစားသမား ဂါဘရီယယ္လ္ ေဗ႐ြန္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ အာဆင္နယ္ စိတ္ဝင္စားေနၿပီး ပါးလ္ေမးရပ္စ္အသင္းကေတာ့ သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ို ၂၅ သန္း အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.