Match Report Premier League

မန်ချက်စတာယူနိုက်တက် 0 : 0 မန်ချက်စတာစီးတီးပွဲမှ မှတ်မှတ်သားသား ပြောစရာ ၇ ချက်

ပိုမိုခက်ခဲလာတဲ့​ ဘောလုံးရာသီနဲ့ ပွဲတွေအပေါ် သက်ရောက်မှု – ယခုလက်ရှိ​ဘောလုံးပွဲ​တွေဟာ ကိုဗစ်စည်းမျဥ်း​တွေကြားမှာ ကျင်းပ​နေရပြီး မကြုံစဖူးထူးကဲတဲ့​ ​ဘောလုံးရာသီကို ဖြတ်သန်း​နေရပါတယ်။ အသင်းအားလုံးဟာ ပွဲတိုင်းကို ​​​​​သေချာအာရုံစိုက်ကစားပြီး ပြိုင်ဆိုင်အင်မဆန်ပြင်းထန်တဲ့ပွဲမှာ သရဖူဆောင်းနိုင်မှာဖြစ်သလို ပွဲရလဒ်တွေအပေါ်လည်း ဒါက သက်ရောက်မှု ကြီးမားခဲ့တာကို ဒီနေ့ပွဲမှာ မြင်ရမှာပါ။

ဆင့်ကဲ​ပြောင်းလဲလာတဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်​တွေ – ဂွာဒီယိုလာဟာ အရင်နှစ်​တွေကလို Pressing ကစားပုံမျိုးထက် မန်ချက်စတာယူနိုက်တက်ခံစစ်နဲ့ ကွင်းလယ်ကို လိုအပ်သ​လောက်သာ Press လုပ်ပြီး ခက်ခဲကြမ်းတမ်းလှတဲ့ ​ဘောလုံးရာသီထဲမှာ အင်အားကို ​ချွေတာ​ကစားလာတာပဲ ဖြစ်ပါတယ်

ယူနိုက်တက်ကို ဂိုးမသွင်းနိုင်တာ ၂၂ ပွဲအထိ ရှိပြီဖြစ်တဲ့ စတာလင် – မ​နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲမတိုင်ခင်အထိ စတားလင်ဟာ ယူနိုက်တက်အသင်းကို ၂၁ ပွဲ ရင်ဆိုင်ဖူးပြီး အဆိုပါ ၂၁ ပွဲလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ သူရဲ့ ၂၂ ပွဲ​မြောက် ရင်ဆိုင်တဲ့ပွဲမှာလည်း ထပ်မံဂိုး​ပေါက်​ပျောက်ဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

ဗန်ဒဘိခ်ကို ကျော်ပြီး ပွဲထွက်ခွင့်ရရှိခဲ့တဲ့ ပေါ့ဘာ – ပေါ့ဘာရဲ့ အေးဂျင့် ရိုင်ယိုလာက သူနဲ့ ယူနိုက်တက်တို့ကြားထဲမှာ ပြီးဆုံးသွားပြီလို့ ပြောကြားခဲ့ပေမယ့် ဒီနေ့ မန်စီးတီးနဲ့ ဒါဘီပွဲမှာတော့ ကွင်းလယ်လေးယောက်တန်းထဲမှာ နေရာတစ်နေရာ အပိုင်ရရှိခဲ့ပြီး မိနစ် ၉၀ လုံးလုံး ပွဲချိန်ပြည့် ယှဉ်ပြိုင်ကစားပေးခဲ့တာက သံယောဇဉ်တွေနဲ့ အလှည့်အပြောင်းတွေ ဖြစ်ဦးမလား မျှော်လင့်စရာဖြစ်ပါတယ်။

VAR ကို ​ဝေဖန်လိုက်ပြန်တဲ့ ဂယ်ရီနဗီးလ်– ပွဲရဲ့ ဒုတိယပိုင်းမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို​ မန်စီးတီး​ နောက်ခံလူ ​ဝေါလ်ကာက ဖြတ်ထုတ်ရာမှာ ပယ်နယ်တီပြစ်ဒဏ်​ဘော သတ်မှတ်​ပေးခဲ့​ပေမယ့် VAR ပြန်ကြည့်ရာမှာ လူကျွံ​ဘောလို့သာ သတ်မှတ်ခဲ့ပြီး ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ဒီအတွက် ဂယ်ရီ နဗီးလ်ကတော့ သူ့ရဲ့ တင်ဆက်နေစဉ်အတွင်းမှာ VAR ရဲ့ အလွန်အကျွံ တိကျပြီး တလွဲဆံပင်ကောင်းမှုကို စိတ်ပျက်ကြောင်း ပြသခဲ့တာပါ။

​နှေး​​ကွေး​လေးလံ​နေတဲ့ ယူနိုက်တက် – ကြားရက်အင်္ဂါ​နေ့တုန်းက ဂျာမနီထိ ခရီးနှင်ပြီး RB လိုက်ပွဇစ်နဲ့ ချန်ပီယံလိဂ်ပွဲဆင်နွှဲထားရတဲ့ ယူနိုက်တက်ဟာ ယ​နေ့ပွဲမှာ​တော့ ထင်သ​လောက် ​​မကစားနိုင်ခဲ့ဘဲ ပွဲပန်း​နေတဲ့ အရိပ်အ​ယောင်​​​​​တွေ မြင်​တွေ့ခဲ့ရသလို ဒုတိယပိုင်းမှာလည်း ကစားအား ကျဆင်းသွားတာကို သိသိသာသာ သတိပြုမိခဲ့ရပါတယ်။

လက်နက်တစ်ခု ဖြစ်လာနိုင်တဲ့ ယူနိုက်တက်ရဲ့ အမြင့်​ဘောအားသာမှု – ယ​နေ့ဒါဘီပွဲမှာ တဲလ်လက်စ်ကို​ကျော်ပြီး ​နေရာရှိခဲ့တဲ့ လုခ်​ရှောဟာ ထောင့်ကန်​ဘော ၂ ကြိမ်ကို ကန်တင်​ပေးခဲ့ပြီး တစ်ကြိမ်မှာ မက်​တော်မီ​နေး ပိတ်သွင်းခဲ့ရာမှာ ​နောက်ကျ​နေခဲ့ပြီး​တော့ ​နောက်တစ်ကြိမ် မက်ဂွိုင်းယား​ ခေါင်းတိုက်ရာမှာ​လည်း ဂိုးဘားတန်းထိမှန်ပြီး ဂိုးကံ​ခေခဲ့ရပါတယ်​။ အရပ်အ​မောင်းမြင့်မားတဲ့ မက်ဂွိုင်းယား ​ပေါ့ဘာ မက်​တော်မီ​နေး မာတစ် တို့ရှိ​နေခြင်းကလည်း တိုက်စစ်ပြသာနာရှိ​​နေတဲ့ ယူနိုက်တက်အတွက် ​နည်းလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပိုမိုခက္ခဲလာတဲ့​ ေဘာလုံးရာသီနဲ႔ ပြဲေတြအေပၚ သက္ေရာက္မႈ – ယခုလက္ရွိ​ေဘာလုံးပြဲ​ေတြဟာ ကိုဗစ်စည္းမ်ဥ္း​ေတြၾကားမွာ က်င္းပ​ေနရၿပီး မႀကဳံစဖူးထူးကဲတဲ့​ ​ေဘာလုံးရာသီကို ျဖတ္သန္း​ေနရပါတယ္။ အသင္းအားလုံးဟာ ပြဲတိုင္းကို ​​​​​ေသခ်ာအာ႐ုံစိုက္ကစားၿပီး ၿပိဳင္ဆိုင္အင္မဆန္ျပင္းထန္တဲ့ပြဲမွာ သရဖူေဆာင္းႏိုင္မွာျဖစ္သလို ပြဲရလဒ္ေတြအေပၚလည္း ဒါက သက္ေရာက္မႈ ႀကီးမားခဲ့တာကို ဒီေန႔ပြဲမွာ ျမင္ရမွာပါ။

ဆင့္ကဲ​ေျပာင္းလဲလာတဲ့ ဂြာဒီယိုလာရဲ႕ နည္းစနစ္​ေတြ – ဂြာဒီယိုလာဟာ အရင္ႏွစ္​ေတြကလို Pressing ကစားပုံမ်ိဳးထက္ မန္ခ်က္စတာယူႏိုက္တက္ခံစစ္နဲ႔ ကြင္းလယ္ကို လိုအပ္သ​ေလာက္သာ Press လုပ္ၿပီး ခက္ခဲၾကမ္းတမ္းလွတဲ့ ​ေဘာလုံးရာသီထဲမွာ အင္အားကို ​ေခြၽတာ​ကစားလာတာပဲ ျဖစ္ပါတယ္

ယူႏိုက္တက္ကို ဂိုးမသြင္းႏိုင္တာ ၂၂ ပြဲအထိ ရွိၿပီျဖစ္တဲ့ စတာလင္ – မ​ေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲမတိုင္ခင္အထိ စတာလင္ဟာ ယူႏိုက္တက္အသင္းကို ၂၁ ပြဲ ရင္ဆိုင္ဖူးၿပီး အဆိုပါ ၂၁ ပြဲလုံး ဂိုးသြင္းယူႏိုင္ျခင္း မရွိဘဲ သူရဲ႕ ၂၂ ပြဲ​ေျမာက္ ရင္ဆိုင္တဲ့ပြဲမွာလည္း ထပ္မံဂိုး​ေပါက္​ေပ်ာက္ဆုံးခဲ့ရတာပဲ ျဖစ္ပါတယ္။

ဗန္ဒဘိခ္ကို ေက်ာ္ၿပီး ပြဲထြက္ခြင့္ရရွိခဲ့တဲ့ ေပါ့ဘာ – ေပါ့ဘာရဲ႕ ေအးဂ်င့္ ႐ိုင္ယိုလာက သူနဲ႔ ယူႏိုက္တက္တို႔ၾကားထဲမွာ ၿပီးဆုံးသြားၿပီလို႔ ေျပာၾကားခဲ့ေပမယ့္ ဒီေန႔ မန္စီးတီးနဲ႔ ဒါဘီပြဲမွာေတာ့ ကြင္းလယ္ေလးေယာက္တန္းထဲမွာ ေနရာတစ္ေနရာ အပိုင္ရရွိခဲ့ၿပီး မိနစ္ ၉၀ လုံးလုံး ပြဲခ်ိန္ျပည့္ ယွဥ္ၿပိဳင္ကစားေပးခဲ့တာက သံေယာဇဥ္ေတြနဲ႔ အလွည့္အေျပာင္းေတြ ျဖစ္ဦးမလား ေမွ်ာ္လင့္စရာျဖစ္ပါတယ္။

VAR ကို ​ေဝဖန္လိုက္ျပန္တဲ့ ဂယ္ရီနဗီးလ္ – ပြဲရဲ႕ ဒုတိယပိုင္းမွာ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို​ မန္စီးတီး​ ေနာက္ခံလူ ​ေဝါလ္ကာက ျဖတ္ထုတ္ရာမွာ ပယ္နယ္တီျပစ္ဒဏ္​ေဘာ သတ္မွတ္​ေပးခဲ့​ေပမယ့္ VAR ျပန္ၾကည့္ရာမွာ လူကြၽံ​ေဘာလို႔သာ သတ္မွတ္ခဲ့ၿပီး ယူႏိုက္တက္တို႔ နစ္နာခဲ့ရပါတယ္။ ဒီအတြက္ ဂယ္ရီ နဗီးလ္ကေတာ့ သူ႔ရဲ႕ တင္ဆက္ေနစဥ္အတြင္းမွာ VAR ရဲ႕ အလြန္အကြၽံ တိက်ၿပီး တလြဲဆံပင္ေကာင္းမႈကို စိတ္ပ်က္ေၾကာင္း ျပသခဲ့တာပါ။

​ေႏွး​​ေကြး​ေလးလံ​ေနတဲ့ ယူႏိုက္တက္ – ၾကားရက္အဂၤါ​ေန႔တုန္းက ဂ်ာမနီထိ ခရီးႏွင္ၿပီး RB လိုက္ပြဇစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲဆင္ႏႊဲထားရတဲ့ ယူႏိုက္တက္ဟာ ယ​ေန႔ပြဲမွာ​ေတာ့ ထင္သ​ေလာက္ ​မကစားႏိုင္ခဲ့ဘဲ ပြဲပန္း​ေနတဲ့ အရိပ္အ​ေယာင္​​​​​ေတြ ျမင္​ေတြ႕ခဲ့ရသလို ဒုတိယပိုင္းမွာလည္း ကစားအား က်ဆင္းသြားတာကို သိသိသာသာ သတိျပဳမိခဲ့ရပါတယ္။

လက္နက္တစ္ခု ျဖစ္လာႏိုင္တဲ့ ယူႏိုက္တက္ရဲ႕ အျမင့္​ေဘာအားသာမႈ – ယ​ေန႔ဒါဘီပြဲမွာ တဲလ္လက္စ္ကို​ေက်ာ္ၿပီး ​ေနရာရွိခဲ့တဲ့ လုခ္​ေရွာဟာ ေထာင့္ကန္​ေဘာ ၂ ႀကိမ္ကို ကန္တင္​ေပးခဲ့ၿပီး တစ္ႀကိမ္မွာ မက္​ေတာ္မီ​ေနး ပိတ္သြင္းခဲ့ရာမွာ ​ေနာက္က်​ေနခဲ့ၿပီး​ေတာ့ ​ေနာက္တစ္ႀကိမ္ မက္ဂြိဳင္းယား​ ေခါင္းတိုက္ရာမွာ​လည္း ဂိုးဘားတန္းထိမွန္ၿပီး ဂိုးကံ​ေခခဲ့ရပါတယ္​။ အရပ္အ​ေမာင္းျမင့္မားတဲ့ မက္ဂြိဳင္းယား ​ေပါ့ဘာ မက္​ေတာ္မီ​ေနး မာတစ္ တို႔ရွိ​ေနျခင္းကလည္း တိုက္စစ္ျပသာနာရွိ​​ေနတဲ့ ယူႏိုက္တက္အတြက္ ​နည္းလမ္းတစ္ခုျဖစ္လာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.