Premier League Transfer News

13 Dec မွန်းလွဲပိုင်း နောက်ဆုံးရ ချဲလ်ဆီး သတင်းများ စုစည်းမှု

– ဂွတ်ဒီဆန်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့ကျတဲ့ အဲဗာတန်နဲ့ ချယ်လ်ဆီးပွဲမှာ ချယ်လ်ဆီးဂိုးသမား အေဒူယာ မန်ဒီရဲ့ အမှားက တစ်ဆင့် ပေးလိုက်ရတဲ့ ပင်နယ်တီကနေ အရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး အသင်းရဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲဆက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရ။

အသင်းအနေနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ချဲလ်ဆီးညာနောက်ခံလူ ရီးစ် ဂျိမ်းစ်ရဲ့ ပွဲတွင်း စွမ်းဆောင်ရည်ကတော့ ချီးကျူးစရာဖြစ်ခဲ့ပြီး ၄ ကြိမ် ဖျက်ထုတ်မှု၊ ဘောလုံးထိချက် ၁၀၇ ကြိမ်၊ ၂ ကြိမ် ဂိုးပေါက်တည်၊ တစ်ကြိမ်တိုင်ထိခဲ့ပြီး ဘောလုံးပေးပို့မှုက ၉၂.၃ ရာခိုင်နှုန်း တိကျခဲ့။

– ချယ်လ်ဆီး အသင်းနည်းပြ လမ်းပတ်က အဲဗာတန်နှင့် ပွဲထွက်လူစာရင်းတွင် ပူလီဆစ် မပါဝင်ရခြင်းမှာ ၎င်းရရှိထားသည့် ဒဏ်ရာမှာအကင်းမသေသေးသည့်အတွက် အရဲစွန့်အသုံးမပြုလိုသေးဘဲ ဒဏ်ရာအရှင်း ပျောက်ကင်းသည့် အချိန်မှသာ အသုံးပြုမည်ဟုဆို။

– ချယ်လ်ဆီး အသင်းရဲ့ ညာတောင်ပံ တိုက်စစ်ကစားသမား ဇီးယက်ရှ်နဲ့ အိုဒွိုင်းတို့ဒဏ်ရာ ရှိနေကြတဲ့အပြင် နောက်ထပ်ကစားသမား ခိုင်ဟားဗတ်ဇ်အနေနဲ့လည်း ခြေစွမ်းမပြနိုင်ဖြစ်နေသည့်အတွက် ချယ်လ်ဆီးအသင်းနည်းပြလမ်းပတ် အတွက် လူရွေးချယ်ရန် ခေါင်းခဲစရာဖြစ်ပေါ်နေ။

– အဲဗာတန်အသင်းကိုရှုံးနှိမ့်ခဲ့ခြင်းအတွက် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိတို့အသင်းအနေဖြင့် ပုံမှန်ခြေစွမ်း အတိုင်း မကစားနိုင်ခဲ့ဘဲ အသင်း၏ အဓိက ကစားသမား သုံးယောက်ခန့် ဒဏ်ရာရနေခြင်းအပေါ် ညည်းတွားပြောဆို။

– နွေရာသီ အပြောင်းအရွှေ့ကာလတွင် ပေါင်သန်း ၂၅၀ ကျော်အထိ သုံးထားသောချယ်လ်ဆီး အသင်းသည် အဲဗာတန်အသင်းကို ၁ : ဝဖြင့်ရှုံးနှိမ့်ခဲ့ပြီး အဆိုပါ ရှုံးနှိမ့်မှုသည် မိမိတို့ အသင်းအနေဖြင့် ပရီးမီးယားလိဂ် ဖလားရယူရန် လိုအပ်နေသေးကြောင်း မီးမောင်းထိုးပြဟု နည်းပြ လမ်းပတ် ပြောကြား။

– ယနေ့နံနက် ယှဥွ်ပြိုင်ကစားခဲ့သော အဲဗာတန်နှင့် ချယ်လ်ဆီး အသင်းတို့ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့သူ ကွင်းလယ်ဒိုင် ဂျွန်နသန်မော့စ်ကို ‘သူက အဲဗာတန်ရဲ့ ၁၂ယောက်မြောက်လူပဲ’၊ ‘ပွဲထဲမှာ ၁၅မိနစ် တစ်ခါ ခရာမှုတ်နေတာပဲ ‘ ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများရှိနေ။

– ချယ်လ်ဆီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲတွင် ဒီရာသီ အဲဗာတန်အသင်း၏ ဒုတိယမြောက် ဂိုးမပေးရသောပွဲဖြစ်လာခဲ့ပြီး အဲဗာတန်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီက အသင်း၏ ခံစစ်အပေါ် အားရကျေနပ်နေ။

– ချယ်လ်ဆီးအသင်းတွင် ပွဲထွက်ခွင့် ရရန် ရုန်းကန်နေရသည့် လူငယ်နောက်တန်းကစားသမား တိုမိုရီကို ပြင်သစ်လီဂူးဝမ်းကလပ် နိစ်အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့တွင် အငှားဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဂြတ္ဒီဆန္ပါ့ခ္မွာ ယွဥ္ၿပိဳင္ကစားခဲ့က်တဲ့ အဲဗာတန္နဲ႔ ခ်ယ္လ္ဆီးပြဲမွာ ခ်ယ္လ္ဆီးဂိုးသမား ေအဒူယာ မန္ဒီရဲ႕ အမွားက တစ္ဆင့္ ေပးလိုက္ရတဲ့ ပင္နယ္တီကေန အရႈံးရလဒ္ ထြက္ေပၚခဲ့ၿပီး အသင္းရဲ႕ ၿပိဳင္ပြဲစုံ ၁၈ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္ က်ိဳးပ်က္ခဲ့ရ။

အသင္းအေနနဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ခ်ဲလ္ဆီးညာေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္ရဲ႕ ပြဲတြင္း စြမ္းေဆာင္ရည္ကေတာ့ ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး ၄ ႀကိမ္ ဖ်က္ထုတ္မႈ၊ ေဘာလုံးထိခ်က္ ၁၀၇ ႀကိမ္၊ ၂ ႀကိမ္ ဂိုးေပါက္တည္၊ တစ္ႀကိမ္တိုင္ထိခဲ့ၿပီး ေဘာလုံးေပးပို႔မႈက ၉၂.၃ ရာခိုင္ႏႈန္း တိက်ခဲ့။

– ခ်ယ္လ္ဆီး အသင္းနည္းျပ လမ္းပတ္က အဲဗာတန္ႏွင့္ ပြဲထြက္လူစာရင္းတြင္ ပူလီဆစ္ မပါဝင္ရျခင္းမွာ ၎ရရွိထားသည့္ ဒဏ္ရာမွာအကင္းမေသေသးသည့္အတြက္ အရဲစြန႔္အသုံးမျပဳလိုေသးဘဲ ဒဏ္ရာအရွင္း ေပ်ာက္ကင္းသည့္ အခ်ိန္မွသာ အသုံးျပဳမည္ဟုဆို။

– ခ်ယ္လ္ဆီး အသင္းရဲ႕ ညာေတာင္ပံ တိုက္စစ္ကစားသမား ဇီးယက္ရွ္နဲ႔ အိုဒြိဳင္းတို႔ဒဏ္ရာ ရွိေနၾကတဲ့အျပင္ ေနာက္ထပ္ကစားသမား ခိုင္ဟားဗတ္ဇ္အေနနဲ႔လည္း ေျခစြမ္းမျပႏိုင္ျဖစ္ေနသည့္အတြက္ ခ်ယ္လ္ဆီးအသင္းနည္းျပလမ္းပတ္ အတြက္ လူေ႐ြးခ်ယ္ရန္ ေခါင္းခဲစရာျဖစ္ေပၚေန။

– အဲဗာတန္အသင္းကိုရႈံးႏွိမ့္ခဲ့ျခင္းအတြက္ ခ်ယ္လ္ဆီးအသင္းနည္းျပ လမ္းပတ္က မိမိတို႔အသင္းအေနျဖင့္ ပုံမွန္ေျခစြမ္း အတိုင္း မကစားႏိုင္ခဲ့ဘဲ အသင္း၏ အဓိက ကစားသမား သုံးေယာက္ခန႔္ ဒဏ္ရာရေနျခင္းအေပၚ ညည္းတြားေျပာဆို။

– ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလတြင္ ေပါင္သန္း ၂၅၀ ေက်ာ္အထိ သုံးထားေသာခ်ယ္လ္ဆီး အသင္းသည္ အဲဗာတန္အသင္းကို ၁ : ဝျဖင့္ရႈံးႏွိမ့္ခဲ့ၿပီး အဆိုပါ ရႈံးႏွိမ့္မႈသည္ မိမိတို႔ အသင္းအေနျဖင့္ ပရီးမီးယားလိဂ္ ဖလားရယူရန္ လိုအပ္ေနေသးေၾကာင္း မီးေမာင္းထိုးျပဟု နည္းျပ လမ္းပတ္ ေျပာၾကား။

– ယေန႔နံနက္ ယွဥြ္ၿပိဳင္ကစားခဲ့ေသာ အဲဗာတန္ႏွင့္ ခ်ယ္လ္ဆီး အသင္းတို႔ပြဲစဥ္ကို တာဝန္ယူကိုင္တြယ္ခဲ့သူ ကြင္းလယ္ဒိုင္ ဂြၽန္နသန္ေမာ့စ္ကို ‘သူက အဲဗာတန္ရဲ႕ ၁၂ေယာက္ေျမာက္လူပဲ’၊ ‘ပြဲထဲမွာ ၁၅မိနစ္ တစ္ခါ ခရာမႈတ္ေနတာပဲ ‘ ဟု လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ေဝဖန္မႈမ်ားရွိေန။

– ခ်ယ္လ္ဆီးအသင္းကို တစ္ဂိုး ဂိုးမရွိျဖင့္ အႏိုင္ရရွိခဲ့ေသာ ပြဲတြင္ ဒီရာသီ အဲဗာတန္အသင္း၏ ဒုတိယေျမာက္ ဂိုးမေပးရေသာပြဲျဖစ္လာခဲ့ၿပီး အဲဗာတန္အသင္းနည္းျပ ကာလို အန္ဆယ္ေလာ့တီက အသင္း၏ ခံစစ္အေပၚ အားရေက်နပ္ေန။

– ခ်ယ္လ္ဆီးအသင္းတြင္ ပြဲထြက္ခြင့္ ရရန္ ႐ုန္းကန္ေနရသည့္ လူငယ္ေနာက္တန္းကစားသမား တိုမိုရီကို ျပင္သစ္လီဂူးဝမ္းကလပ္ နိစ္အသင္းက ဇန္နဝါရီ အေျပာင္းအေ႐ႊ႕တြင္ အငွားျဖင့္ ေခၚယူရန္ စိတ္ဝင္စားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.