Match Report Premier League

လူမစုံတဲ့ပွဲမှာ အဲဗာတန်ကို ကျော်ဖြတ်ဖို့ ရုန်းကန်ရင်း အမှားတစ်ချက်နဲ့ အထိနာခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီပွဲမှာ ပုံစံကောင်းမှာ ရှိမနေတဲ့ ဟာဗတ်ဇ်ကို ဆက်လက်သုံးစွဲလာခဲ့ပြီး ဂျီရူးနဲ့ တီမို ဗာနာတို့ကို အားကိုးခဲ့တာက တောင်ပံသမားကောင်း မပါတဲ့ တိုက်စစ်ကို ခက်ခဲစေခဲ့ပြီး ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့လို နောက်တန်းအစွန်လူတွေကိုလည်း ပိုမိုအလုပ်များစေခဲ့ပါတယ်။

လူကျွံထောင်ချောက်တွေကို ဖောက်ထွက်ရာမှာ နှေးကွေးတဲ့ တိုက်စစ်မှူးတွေက တိုက်စစ်ကို ပျက်ပြားစေသလို ကွင်းလယ်မှာပဲ ဘောလုံးက အခွင့်အရေး သိပ်မရဘဲ အီနေခဲ့ပြီး အဲဗာတန်ကတောင်မှ တစ်ချက်တစ်ချက်မှာ လွတ်ထွက်သွားခဲ့ရင် စိုးရိမ်စရာပုံစံနဲ့ ခြိမ်းခြောက်နိုင်ခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာတော့ သီယာဂို ဆေးလ်ဗားရှေ့က ခေါင်းတိုက်ပြီး ပြန်ကျတဲ့ ဘောလုံးကို လိုက်ယူတဲ့ ကဲလ်ဗတ်-လူဝင်ကို ဘောလုံးမထိဘဲ တိုင်မင်မှားဝင်မိတဲ့ ဂိုးသမား မန်ဒီကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒါကို ကွင်းလယ်လူ ဆီဂါ့ဒ်ဆန်က လှည့်စားကန်သွင်းနိုင်ခဲ့တာကြောင့် အဲဗာတန်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ချဲလ်ဆီးတို့ ချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် အပိုင်အခွင့်အရေးမရတာ ဂျိမ်းစ်ရဲ့ ဖရီးကစ်တစ်လုံးကို ပစ်ခ်ဖို့ဒ် ပုတ်ထုတ်ခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို အပြင်ကနေ ကန်သွင်းခဲ့တဲ့ ဘောလုံးကလည်း တိုင်ထိထွက်ခဲ့တာတွေကြောင့် ချဲလ်ဆီးတို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ ပင်နယ်တီထပ်ပေးဖို့ ဖြစ်ခဲ့ရပေမယ့် ဒီထိုးဖောက်မှုမှာ ကဲလ်ဗတ်-လူဝင် လူကျွံနေတာကြောင့် သက်သာခဲ့ရတာ ဖြစ်ပြီး ပွဲပန်းနေတဲ့ အသင်းရဲ့ ပုံစံကတော့ အဲဗာတန်ရဲ့ လူလည်ကြီး အန်ဆယ်လော့တီကို ယှဉ်ဖို့ခက်စေပြီး တောင်ပံကစားသမားစစ်စစ် တစ်ဦးမှ မာဆေးဆိုက်ကို ပါမလာခဲ့တာကလည်း ရည်မှန်းချက်ကြီးနေတဲ့ လမ်းပတ်အတွက် အားလျော့စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာ မေဆန်မောင့်ရဲ့ ဖရီးကစ်ကို ပစ်ခ်ဖို့ဒ် မဖမ်းနိုင်ခဲ့ပေမယ့် တိုင်ထိထွက်ခဲ့တာကတော့ ချဲလ်ဆီးအသင်းအတွက် စိတ်ပျက်စရာ အကောင်းဆုံးကိစ္စပဲဖြစ်ပြီး ဒီနေ့မှာ လူမစုံခဲ့တဲ့ ကစားပုံကတော့ အနောက်လန်ဒန်သားတွေကို ဂွတ်ဒီဆန်ပါ့ခ်မှာ အမှတ်ရဖို့ မကူညီနိုင်ခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာတော့ အရင်ပွဲတွေက သူရဲကောင်းဖြစ်ခဲ့တဲ့ မန်ဒီရဲ့ တိုင်မင်အလွဲတစ်ခုက ဒီနေ့ပွဲရဲ့ တစ်ခုတည်းသော သက်ရောက်မှုဖြစ်ခဲ့ပြီး နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားခဲ့တဲ့ အဲဗာတန်တို့အတွက်တော့ ဒီနေ့ပွဲရဲ့အနိုင်က အလွန်အဖိုးတန်ခဲ့ပြီး ရည်မှန်းချက်ကြီးမားနေခဲ့တဲ့ ချဲလ်ဆီး အတွက်တော့ ဂွတ်ဒီဆန်ပါ့ခ်က ပရိသတ်တွေနဲ့ ပူးပေါင်းထိုးနှက်ချက်က ပြင်းထန်ခဲ့ကြောင်း သုံးသပ်လိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီပြဲမွာ ပုံစံေကာင္းမွာ ရွိမေနတဲ့ ဟာဗတ္ဇ္ကို ဆက္လက္သုံးစြဲလာခဲ့ၿပီး ဂ်ီ႐ူးနဲ႔ တီမို ဗာနာတို႔ကို အားကိုးခဲ့တာက ေတာင္ပံသမားေကာင္း မပါတဲ့ တိုက္စစ္ကို ခက္ခဲေစခဲ့ၿပီး ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔လို ေနာက္တန္းအစြန္လူေတြကိုလည္း ပိုမိုအလုပ္မ်ားေစခဲ့ပါတယ္။

လူကြၽံေထာင္ေခ်ာက္ေတြကို ေဖာက္ထြက္ရာမွာ ေႏွးေကြးတဲ့ တိုက္စစ္မႉးေတြက တိုက္စစ္ကို ပ်က္ျပားေစသလို ကြင္းလယ္မွာပဲ ေဘာလုံးက အခြင့္အေရး သိပ္မရဘဲ အီေနခဲ့ၿပီး အဲဗာတန္ကေတာင္မွ တစ္ခ်က္တစ္ခ်က္မွာ လြတ္ထြက္သြားခဲ့ရင္ စိုးရိမ္စရာပုံစံနဲ႔ ၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ သီယာဂို ေဆးလ္ဗားေရွ႕က ေခါင္းတိုက္ၿပီး ျပန္က်တဲ့ ေဘာလုံးကို လိုက္ယူတဲ့ ကဲလ္ဗတ္-လူဝင္ကို ေဘာလုံးမထိဘဲ တိုင္မင္မွားဝင္မိတဲ့ ဂိုးသမား မန္ဒီေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒါကို ကြင္းလယ္လူ ဆီဂါ့ဒ္ဆန္က လွည့္စားကန္သြင္းႏိုင္ခဲ့တာေၾကာင့္ အဲဗာတန္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုးအတြက္ ႀကိဳးစားခဲ့ေပမယ့္ အပိုင္အခြင့္အေရးမရတာ ဂ်ိမ္းစ္ရဲ႕ ဖရီးကစ္တစ္လုံးကို ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို အျပင္ကေန ကန္သြင္းခဲ့တဲ့ ေဘာလုံးကလည္း တိုင္ထိထြက္ခဲ့တာေတြေၾကာင့္ ခ်ဲလ္ဆီးတို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးတို႔ ပင္နယ္တီထပ္ေပးဖို႔ ျဖစ္ခဲ့ရေပမယ့္ ဒီထိုးေဖာက္မႈမွာ ကဲလ္ဗတ္-လူဝင္ လူကြၽံေနတာေၾကာင့္ သက္သာခဲ့ရတာ ျဖစ္ၿပီး ပြဲပန္းေနတဲ့ အသင္းရဲ႕ ပုံစံကေတာ့ အဲဗာတန္ရဲ႕ လူလည္ႀကီး အန္ဆယ္ေလာ့တီကို ယွဥ္ဖို႔ခက္ေစၿပီး ေတာင္ပံကစားသမားစစ္စစ္ တစ္ဦးမွ မာေဆးဆိုက္ကို ပါမလာခဲ့တာကလည္း ရည္မွန္းခ်က္ႀကီးေနတဲ့ လမ္းပတ္အတြက္ အားေလ်ာ့စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာ ေမဆန္ေမာင့္ရဲ႕ ဖရီးကစ္ကို ပစ္ခ္ဖို႔ဒ္ မဖမ္းႏိုင္ခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့တာကေတာ့ ခ်ဲလ္ဆီးအသင္းအတြက္ စိတ္ပ်က္စရာ အေကာင္းဆုံးကိစၥပဲျဖစ္ၿပီး ဒီေန႔မွာ လူမစုံခဲ့တဲ့ ကစားပုံကေတာ့ အေနာက္လန္ဒန္သားေတြကို ဂြတ္ဒီဆန္ပါ့ခ္မွာ အမွတ္ရဖို႔ မကူညီႏိုင္ခဲ့တာပါ။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အရင္ပြဲေတြက သူရဲေကာင္းျဖစ္ခဲ့တဲ့ မန္ဒီရဲ႕ တိုင္မင္အလြဲတစ္ခုက ဒီေန႔ပြဲရဲ႕ တစ္ခုတည္းေသာ သက္ေရာက္မႈျဖစ္ခဲ့ၿပီး ေနာက္ဆုံး ၇ ပြဲမွာ ၁ ပြဲသာ အႏိုင္ရထားခဲ့တဲ့ အဲဗာတန္တို႔အတြက္ေတာ့ ဒီေန႔ပြဲရဲ႕အႏိုင္က အလြန္အဖိုးတန္ခဲ့ၿပီး ရည္မွန္းခ်က္ႀကီးမားေနခဲ့တဲ့ ခ်ဲလ္ဆီး အတြက္ေတာ့ ဂြတ္ဒီဆန္ပါ့ခ္က ပရိသတ္ေတြနဲ႔ ပူးေပါင္းထိုးႏွက္ခ်က္က ျပင္းထန္ခဲ့ေၾကာင္း သုံးသပ္လိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.