Match Report Premier League

အဖြေမပေါ်တဲ့ မန်ချက်စတာဒါဘီမှာ စီးတီးနဲ့ ယူနိုက်တက်တို့ ဂုဏ်သိက္ခာကို ခွဲဝေခဲ့ရ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာ ၄-၄-၂ ဒိုင်းမွန်းကွက်ကို အသုံးပြုခဲ့ပြီး ကွင်းလယ်လူ ၄ ယောက်ကို တစ်ပြိုင်တည်းပွဲထုတ်ပြီး ရှေ့တန်းတွေက တောင်ပံကစားသွားချိန်မှာ မန်ချက်စတာစီးတီးကတော့ သူတို့ရဲ့ ၄-၂-၃-၁ ကို ခံစစ်ဦးစားပေး ကွင်းလယ်အထိုင်နဲ့ သတိကြီးကြီး ယှဉ်ပြိုင်လာခဲ့တာကို တွေ့ရပါတယ်။

ပေါ့ဘာရဲ့ Tricky ဖြစ်တဲ့ ပုံစံနဲ့ နောက်က မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို စိတ်ချလို့ လွတ်လွတ်လပ်လပ်ကစားနိုင်တဲ့ ပုံစံက စီးတီးရဲ့ ညာခြမ်းကို အဓိက ဖိအားပေးနိုင်ခဲ့ပြီး တိုက်စစ်ကစားချိန်မှာ ယူနိုက်တက်ရဲ့ ပုံစံကတော့ ၄-၂-၄ ပုံစံကို ပြောင်းလဲသွားခဲ့တာကိုလည်း တွေ့ရပါတယ်။

စီးတီးတို့ကတော့ ကွင်းလယ်မှာ အကျပ်ခံထားရချိန်မှာ တောင်ပံကိုပို့ မထင်မှတ်တဲ့ Through Ball တွေကို ဒီဘရိုင်းနားဆီက လှုပ်ရှားခိုင်းပြီး ကစားသွားခဲ့ရမှာ ယူနိုက်တက်ရဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ အလုပ်များခဲ့သလို ဝန်ဘစ်ဆာကာ၊ လုခ်ရှောတို့လည်း အမှားအယွင်းနည်းနေခဲ့လို့သာ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ခဲ့ကြပြီး အိမ်ရှင် ယူနိုက်တက်တို့က ဂိုးကန်သွင်းခွင့် ၇ ကြိမ်မှာ ၁ ကြိမ် ဂိုးပေါက်တည့်ခဲ့သလို ဧည့်သည်စီးတီးတို့ကတော့ ၄ ကြိမ်ကန်ခွင့်မှာ ၁ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခြင်းမရှိလို့ ၄၅ မိနစ် အပြီးမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ညာခြမ်းက ဖြတ်တင်ဘောကနေ ရက်ရှ်ဖို့ဒ်ရဲ့ ထိုးဖောက်မှုကို ဝေါ်လ်ကာ ဖျက်ထုတ်တာမှာ ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ဘရူနို ဖာနန်ဒက်စ် ကန်တင်လိုက်ချိန်မှာ တိုက်စစ်မှူးအနေနဲ့ ခြေလှမ်းစောပြီး လူကျွံနေခဲ့လို့ ပြန်လည်ပယ်ဖျက်ခဲ့ပြီး ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။

စီးတီးဘက်က မာရက်ဇ်အစား တောရက်စ်၊ ယူနိုက်တက်ဘက်က ဂရင်းဝုဒ်အစား မာစီယယ်လ်တို့ကို လူစားလဲကစားခဲ့ပေမယ့် သတိကြီးကြီးထားကစားတဲ့ နှစ်ဖက်ခံစစ်တွေကြောင့် ပွဲချိန်တွေ ကြာလာပေမယ့်လည်း အဖြေမပေါ်ခဲ့ဘဲ နှစ်သင်းစလုံး အပိုင်အခွင့်အရေးရရှိမှုပါ မရှိသလောက် နည်းပါးခဲ့ပါတယ်။

မိနစ် ၉၀ ပြည့်ခါနီးမှာ မန်ချက်စတာယူနိုက်တက်ဘက်က ဘရူနို ဖာနန်ဒက်စ် အခွင့်အရေးတစ်ကြိမ်ရပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ နိုင်ပွဲနဲ့ မနီးစပ်ခဲ့သလို စတာလင်၊ တောရက်စ်တို့ရဲ့ တောင်ပံတွေကလည်း သာမန်ကစားပုံသာရှိခဲ့လို့ ဂိုးသမားတွေအတွက် အထူးတလည် ဖိအားမရှိခဲ့ဘဲ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ကြရတာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔မွာ ၄-၄-၂ ဒိုင္းမြန္းကြက္ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္လူ ၄ ေယာက္ကို တစ္ၿပိဳင္တည္းပြဲထုတ္ၿပီး ေရွ႕တန္းေတြက ေတာင္ပံကစားသြားခ်ိန္မွာ မန္ခ်က္စတာစီးတီးကေတာ့ သူတို႔ရဲ႕ ၄-၂-၃-၁ ကို ခံစစ္ဦးစားေပး ကြင္းလယ္အထိုင္နဲ႔ သတိႀကီးႀကီး ယွဥ္ၿပိဳင္လာခဲ့တာကို ေတြ႕ရပါတယ္။

ေပါ့ဘာရဲ႕ Tricky ျဖစ္တဲ့ ပုံစံနဲ႔ ေနာက္က မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို စိတ္ခ်လို႔ လြတ္လြတ္လပ္လပ္ကစားႏိုင္တဲ့ ပုံစံက စီးတီးရဲ႕ ညာျခမ္းကို အဓိက ဖိအားေပးႏိုင္ခဲ့ၿပီး တိုက္စစ္ကစားခ်ိန္မွာ ယူႏိုက္တက္ရဲ႕ ပုံစံကေတာ့ ၄-၂-၄ ပုံစံကို ေျပာင္းလဲသြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။

စီးတီးတို႔ကေတာ့ ကြင္းလယ္မွာ အက်ပ္ခံထားရခ်ိန္မွာ ေတာင္ပံကိုပို႔ မထင္မွတ္တဲ့ Through Ball ေတြကို ဒီဘ႐ိုင္းနားဆီက လႈပ္ရွားခိုင္းၿပီး ကစားသြားခဲ့ရမွာ ယူႏိုက္တက္ရဲ႕ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ အလုပ္မ်ားခဲ့သလို ဝန္ဘစ္ဆာကာ၊ လုခ္ေရွာတို႔လည္း အမွားအယြင္းနည္းေနခဲ့လို႔သာ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္သင္းစလုံး အျပန္အလွန္ထိုးေဖာက္ခဲ့ၾကၿပီး အိမ္ရွင္ ယူႏိုက္တက္တို႔က ဂိုးကန္သြင္းခြင့္ ၇ ႀကိမ္မွာ ၁ ႀကိမ္ ဂိုးေပါက္တည့္ခဲ့သလို ဧည့္သည္စီးတီးတို႔ကေတာ့ ၄ ႀကိမ္ကန္ခြင့္မွာ ၁ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ေပမယ့္ ဂိုးအျဖစ္ေတာ့ ေျပာင္းလဲႏိုင္ျခင္းမရွိလို႔ ၄၅ မိနစ္ အၿပီးမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ညာျခမ္းက ျဖတ္တင္ေဘာကေန ရက္ရွ္ဖို႔ဒ္ရဲ႕ ထိုးေဖာက္မႈကို ေဝၚလ္ကာ ဖ်က္ထုတ္တာမွာ ပင္နယ္တီ သတ္မွတ္ေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တင္လိုက္ခ်ိန္မွာ တိုက္စစ္မႉးအေနနဲ႔ ေျခလွမ္းေစာၿပီး လူကြၽံေနခဲ့လို႔ ျပန္လည္ပယ္ဖ်က္ခဲ့ၿပီး ယူႏိုက္တက္တို႔ နစ္နာခဲ့ရပါတယ္။

စီးတီးဘက္က မာရက္ဇ္အစား ေတာရက္စ္၊ ယူႏိုက္တက္ဘက္က ဂရင္းဝုဒ္အစား မာစီယယ္လ္တို႔ကို လူစားလဲကစားခဲ့ေပမယ့္ သတိႀကီးႀကီးထားကစားတဲ့ ႏွစ္ဖက္ခံစစ္ေတြေၾကာင့္ ပြဲခ်ိန္ေတြ ၾကာလာေပမယ့္လည္း အေျဖမေပၚခဲ့ဘဲ ႏွစ္သင္းစလုံး အပိုင္အခြင့္အေရးရရွိမႈပါ မရွိသေလာက္ နည္းပါးခဲ့ပါတယ္။

မိနစ္ ၉၀ ျပည့္ခါနီးမွာ မန္ခ်က္စတာယူႏိုက္တက္ဘက္က ဘ႐ူႏို ဖာနန္ဒက္စ္ အခြင့္အေရးတစ္ႀကိမ္ရေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ႏိုင္ပြဲနဲ႔ မနီးစပ္ခဲ့သလို စတာလင္၊ ေတာရက္စ္တို႔ရဲ႕ ေတာင္ပံေတြကလည္း သာမန္ကစားပုံသာရွိခဲ့လို႔ ဂိုးသမားေတြအတြက္ အထူးတလည္ ဖိအားမရွိခဲ့ဘဲ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ့ၾကရတာျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.