Premier League Transfer News

12 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ အလွယ်တကူ ငွေသုံးနိုင်ဖို့ ရှိနေပြီး ရင်ဘတ်စပွန်ဆာ စတန်းဒတ် ချာတာကနေ ရရှိထားတဲ့ တစ်နှစ်စာ ပေါင်သန်း ၄၀ နဲ့ လက်မောင်းစပွန်ဆာ အိတ်စ်ပီးဒီးယားကနေ ရရှိထားတဲ့ တစ်နှစ်စာ ၁၀ သန်းက ဈေးကွက်ထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရှိနိုင်။

– ဖူလ်ဟမ်နဲ့ပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ ဖြစ်နိုင်ဖွယ် အတောင့်တင်းဆုံး Line-up ကို ပွဲထုတ်လာနိုင်ပြီး ဂိုးသမား အယ်လစ်ဆန် ဒဏ်ရာကနေ ပြန်လာဖို့ ရှိနေသလို နောက်ဆုံးထရိန်နင်ရဲ့ အခြေအနေကို စောင့်ကြည့်ထည့်သွင်းသွားမယ်လို့ နည်းပြ ကလော့ပ် ထုတ်ပြန်ထား။

– မစ်ဂျဲလန်းနဲ့ပွဲမှာ ဒူးဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဒီယိုဂို ဂျိုတာအနေနဲ့ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ဖို့ သေချာနေပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စောင့်ကြည့်ရဖွယ်ရှိပြီး အသေးစိတ် စစ်ဆေးသွားဖို့ရှိနေ။

– လီဗာပူးလ်အသင်းကို အက်ဒရီယန် ရောက်လာခဲ့တာကို ပရိသတ်တွေနဲ့အတူ မိမိမှာ အံ့သြခဲ့ရပြီး ဒီရာသီအစမှာလည်း အယ်လစ်ဆန်ရဲ့ ကလောပ့်က ထွက်ခွင့်မပေးခဲ့တာဖြစ်လို့ လက်ရှိမှာတော့ ကယ်လေဟာ လက်စွမ်းပြမှုနဲ့အတူ ဇန်နဝါရီမှာ ထွက်ခွာတော့မယ်လို့ ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်ခန့်မှန်း။

– လီဗာပူးလ်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်ရဲ့ ကစားသမားအရောင်းပိုင်းမှာ ဖျံကျမှုအဖြစ် အသင်းရဲ့ လူငယ် ကစားသမား ဂျော်ဒန် အိုက်ဘ်ကို ဘုန်းမောက်ဆီ ပေါင် ၁၅ သန်းနဲ့ ရောင်းချခဲ့တာကို ချီးကျူးခံခဲ့ရပြီး ကစားသမားကတော့ လက်ရှိမှာ ဒါဘီကောင်တီမှာ ကစားနေသလို ပေါင် ၁.၈ သန်းသာ တန်တော့တာကြောင့် သူ့ရဲ့ ရွှေ့ကွက်က ပိုမိုပြောင်မြောက်ခဲ့။

– လီဗာပူးလ်အသင်း တာဝန်ရှိသူတွေအနေနဲ့ နာမည်ကြီးအေးဂျင့် မီနို ရိုင်ယိုလာကို ဆက်သွယ်ခဲ့တယ်လို့ သိရပြီး အင်တာမီလန်အသင်းနောက်ခံလူ သူ့ရဲ့ ဖောက်သည် ကစားသမား စတီဖန် ဒီဗရိုင်းရဲ့ ရရှိနိုင်ခြေနဲ့ ဈေးနှုန်းကို စုံစမ်းထားခဲ့။

– အသင်းရဲ့ နောက်ခံလူဟောင်းနဲ့ ဘောလုံးကျွမ်းကျင်သူ စတိဗ် နီကိုးလ်က လီဗာပူးလ်တို့အနေနဲ့ နောက်ခံလူသစ် ခေါ်ယူမယ်ဆိုရင် RB လိုက်ပ်ဇစ်ရဲ့ ဒါယို အူပါမီကာနိုကိုသာ ခေါ်ယူသင့်တယ်လို့ ဆိုလိုက်ပြီး ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူရင် ယူရိုသန်း ၅၀ ခန့် ကျသင့်ဖွယ်ရှိနေ။

– ပြည်တွင်းအပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အီယန် မက်ဂယ်ရီက လီဗာပူးလ်အသင်းရဲ့ နောက်ခံလူသစ် ရှာပုံတော်မှာ နွေရာသီက စိတ်ဝင်စားခဲ့ဖူးတဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို ပြန်လည်စိတ်ဝင်စားခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့တော့ ယှဉ်ပြိုင်ရဖွယ်ရှိတယ်လို့ဆို။

– လီဗာပူးလ်အသင်းရဲ့ အပျင်းဆုံးကစားသမားဟာ ပေါင် ၁၀ သန်းတန် တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီပဲဖြစ်တယ်လို့ ဂိုးသမား အယ်လစ်ဆန်နဲ့ တိုက်စစ်မှူး ဖာမီနိုတို့ရဲ့ ဆွေးနွေးမှုမှာ ပြောကြားသွားခဲ့ပြီး ပရိသတ်တွေကတော့ အသက် ၅၀ အရွယ်လို လှုပ်ရှားနေတဲ့ ဘယ်လ်ဂျီယမ်သား ဒီလိုအပြောခံရတာ မဆန်းဘူးလို့ မှတ်ချက်ပေး။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ အသင်းနဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ကို မစဉ်းစားနိုင်သေးကြောင်း ပြောကြားလိုက်ပြီး သူ့မှာ ဒီအသင်းအတွက် လုပ်ဆောင်စရာ တခြားကိစ္စတွေ များပြားနေတဲ့အတွက် စာချုပ်ကုန်ခါနီးမှပဲ စဉ်းစားဖြစ်လိမ့်မယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းအေနနဲ႔ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ အလြယ္တကူ ေငြသုံးႏိုင္ဖို႔ ရွိေနၿပီး ရင္ဘတ္စပြန္ဆာ စတန္းဒတ္ ခ်ာတာကေန ရရွိထားတဲ့ တစ္ႏွစ္စာ ေပါင္သန္း ၄၀ နဲ႔ လက္ေမာင္းစပြန္ဆာ အိတ္စ္ပီးဒီးယားကေန ရရွိထားတဲ့ တစ္ႏွစ္စာ ၁၀ သန္းက ေဈးကြက္ထဲမွာ လြတ္လြတ္လပ္လပ္ လႈပ္ရွားခြင့္ရွိႏိုင္။

– ဖူလ္ဟမ္နဲ႔ပြဲမွာ လီဗာပူးလ္အသင္းအေနနဲ႔ ျဖစ္ႏိုင္ဖြယ္ အေတာင့္တင္းဆုံး Line-up ကို ပြဲထုတ္လာႏိုင္ၿပီး ဂိုးသမား အယ္လစ္ဆန္ ဒဏ္ရာကေန ျပန္လာဖို႔ ရွိေနသလို ေနာက္ဆုံးထရိန္နင္ရဲ႕ အေျခအေနကို ေစာင့္ၾကည့္ထည့္သြင္းသြားမယ္လို႔ နည္းျပ ကေလာ့ပ္ ထုတ္ျပန္ထား။

– မစ္ဂ်ဲလန္းနဲ႔ပြဲမွာ ဒူးဒဏ္ရာအနည္းငယ္ရရွိသြားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ဒီယိုဂို ဂ်ိဳတာအေနနဲ႔ ဖူလ္ဟမ္နဲ႔ အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ေသခ်ာေနၿပီး ဒဏ္ရာအေျခအေနကို ဆက္လက္ေစာင့္ၾကည့္ရဖြယ္ရွိၿပီး အေသးစိတ္ စစ္ေဆးသြားဖို႔ရွိေန။

– လီဗာပူးလ္အသင္းကို အက္ဒရီယန္ ေရာက္လာခဲ့တာကို ပရိသတ္ေတြနဲ႔အတူ မိမိမွာ အံ့ၾသခဲ့ရၿပီး ဒီရာသီအစမွာလည္း အယ္လစ္ဆန္ရဲ႕ ကေလာပ့္က ထြက္ခြင့္မေပးခဲ့တာျဖစ္လို႔ လက္ရွိမွာေတာ့ ကယ္ေလဟာ လက္စြမ္းျပမႈနဲ႔အတူ ဇန္နဝါရီမွာ ထြက္ခြာေတာ့မယ္လို႔ ဗီလာတိုက္စစ္မႉးေဟာင္း အဘြန္လေဟာ္ခန႔္မွန္း။

– လီဗာပူးလ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္ရဲ႕ ကစားသမားအေရာင္းပိုင္းမွာ ဖ်ံက်မႈအျဖစ္ အသင္းရဲ႕ လူငယ္ ကစားသမား ေဂ်ာ္ဒန္ အိုက္ဘ္ကို ဘုန္းေမာက္ဆီ ေပါင္ ၁၅ သန္းနဲ႔ ေရာင္းခ်ခဲ့တာကို ခ်ီးက်ဴးခံခဲ့ရၿပီး ကစားသမားကေတာ့ လက္ရွိမွာ ဒါဘီေကာင္တီမွာ ကစားေနသလို ေပါင္ ၁.၈ သန္းသာ တန္ေတာ့တာေၾကာင့္ သူ႔ရဲ႕ ေ႐ႊ႕ကြက္က ပိုမိုေျပာင္ေျမာက္ခဲ့။

– လီဗာပူးလ္အသင္း တာဝန္ရွိသူေတြအေနနဲ႔ နာမည္ႀကီးေအးဂ်င့္ မီႏို ႐ိုင္ယိုလာကို ဆက္သြယ္ခဲ့တယ္လို႔ သိရၿပီး အင္တာမီလန္အသင္းေနာက္ခံလူ သူ႔ရဲ႕ ေဖာက္သည္ ကစားသမား စတီဖန္ ဒီဗ႐ိုင္းရဲ႕ ရရွိႏိုင္ေျခနဲ႔ ေဈးႏႈန္းကို စုံစမ္းထားခဲ့။

– အသင္းရဲ႕ ေနာက္ခံလူေဟာင္းနဲ႔ ေဘာလုံးကြၽမ္းက်င္သူ စတိဗ္ နီကိုးလ္က လီဗာပူးလ္တို႔အေနနဲ႔ ေနာက္ခံလူသစ္ ေခၚယူမယ္ဆိုရင္ RB လိုက္ပ္ဇစ္ရဲ႕ ဒါယို အူပါမီကာႏိုကိုသာ ေခၚယူသင့္တယ္လို႔ ဆိုလိုက္ၿပီး ကစားသမားကို ဇန္နဝါရီမွာ ေခၚယူရင္ ယူ႐ိုသန္း ၅၀ ခန႔္ က်သင့္ဖြယ္ရွိေန။

– ျပည္တြင္းအေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ အီယန္ မက္ဂယ္ရီက လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူသစ္ ရွာပုံေတာ္မွာ ေႏြရာသီက စိတ္ဝင္စားခဲ့ဖူးတဲ့ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို ျပန္လည္စိတ္ဝင္စားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ေတာ့ ယွဥ္ၿပိဳင္ရဖြယ္ရွိတယ္လို႔ဆို။

– လီဗာပူးလ္အသင္းရဲ႕ အပ်င္းဆုံးကစားသမားဟာ ေပါင္ ၁၀ သန္းတန္ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီပဲျဖစ္တယ္လို႔ ဂိုးသမား အယ္လစ္ဆန္နဲ႔ တိုက္စစ္မႉး ဖာမီႏိုတို႔ရဲ႕ ေဆြးေႏြးမႈမွာ ေျပာၾကားသြားခဲ့ၿပီး ပရိသတ္ေတြကေတာ့ အသက္ ၅၀ အ႐ြယ္လို လႈပ္ရွားေနတဲ့ ဘယ္လ္ဂ်ီယမ္သား ဒီလိုအေျပာခံရတာ မဆန္းဘူးလို႔ မွတ္ခ်က္ေပး။

– နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ကို မစဥ္းစားႏိုင္ေသးေၾကာင္း ေျပာၾကားလိုက္ၿပီး သူ႔မွာ ဒီအသင္းအတြက္ လုပ္ေဆာင္စရာ တျခားကိစၥေတြ မ်ားျပားေနတဲ့အတြက္ စာခ်ဳပ္ကုန္ခါနီးမွပဲ စဥ္းစားျဖစ္လိမ့္မယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.