Article Premier League

ပရီးမီးယားလိဂ် စနေ၊ တနင်္ဂနွေပွဲစဉ်တွေအတွက် အိုဝင်ရဲ့ ခန့်မှန်းချက်

ဘက်ဗစ်တာကနေ ပွဲကြိုခန့်မှန်းချက်တွေကို တင်ဆက်ပေးနေတဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်မှုတွေကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲတွေ ကန်မယ့် အစဉ်အတိုင်းမဟုတ်ဘဲ အသင်းကြီးတွေနဲ့ ပွဲကောင်းတွေကို ဦးစားပေးပြီး အသင်းငယ်တွေကို နောက်ဆုံးမှာ ထားထားပါတယ်။

မန်ချက်စတာယူနိုက်တက် Vs မန်ချက်စတာစီးတီး – နှစ်သင်းစလုံးကတော့ ဂိုးတွေ အပြိုင်အဆိုင်သွင်းယူမှာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ တည်ငြိမ်မှု မရှိတဲ့ ပုံစံကြောင့် ကစားပုံကို ခန့်မှန်းရခက်ပေမယ့် စီးတီးကတော့ တစ်ပွဲထက်တစ်ပွဲ တည်ငြိမ်မှု ပြသလာနိုင်ပါတယ်။ စီးတီးရဲ့ ဘောလုံး များများကိုင်ကစားတဲ့ ပုံစံကတော့ ယူနိုက်တက်ရဲ့ ကောင်တာတွေ အကြိုက်ဖြစ်မှာပါပဲ။ ဆိုးလ်ရှားအနေနဲ့ ဒီတစ်ကွက်ကို အားကိုးပြီး ပြင်ဆင်လာမှာ ဖြစ်ပေမယ့် မန်ချက်စတာရဲ့ အပြာရောင်ဘက်ခြမ်းမှာပဲ နေချင်ပါတယ်။

အဲဗာတန် Vs ချဲလ်ဆီး – ဒီပွဲမှာ ချဲလ်ဆီးရဲ့ ဂျီရူးကို မျက်ခြေပြတ်ခံလိုက်ရင်တော့ အဲဗာတန်တို့ ကံဆိုးသွားနိုင်ပါတယ်။ နောက်ဆုံးပွဲတွေမှာ သူ့ရဲ့ ပုံစံနဲ့ ဂိုးသွင်းနှုန်းကတော့ ချစ်စရာပဲလို့ အိုဝင်က ဆိုလိုက်ပါတယ်။ ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးဟာ နောက်ဆုံး အဝေးကွင်း ၃ ပွဲမှာ Clean Sheet ရယူထားပြီး နောက်ဆုံး ၉ ပွဲဆက်တိုက် မရှုံးတဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲဗာတန်ရဲ့ လက်ရှိပုံစံကတော့ ကျဆင်းနေပြီး တိုက်စစ်မှူး ကဲလ်ဗင်-လူဝင်ပဲ သူ့ရဲ့ ရွှေဖိနပ်ဆုအတွက် ဆက်လက်ဦးဆောင်ဖို့ ကြိုးစားနိုင်မလား စောင့်ကြည့်စရာရှိနေပါတယ်။

ခရစ္စတယ်လ်ပဲလေ့စ် Vs တော့တင်ဟမ်ဟော့စပါးစ် – တစ်ဂိုးကျောပေးလည်း ပုံစံကောင်းရရှိနေတဲ့ စပါးစ်တို့ပဲ ဒီပွဲကို အနိုင်ယူသွားဦးမှာပါ။ ပဲလေ့စ်ရဲ့ ဇာဟာနဲ့ ကောင်တာတွေကတော့ အန္တရာယ်များပေမယ့် စပါးရဲ့ ဆွန်နဲ့ ကိန်းတို့ရဲ့ ကောင်တာတွေက ဘယ်လိုဆိုတာကို မေ့လို့ရမှာ မဟုတ်ပါဘူး။ စပါးစ်က စိတ်ရှည်ရှည်ကစားတတ်တဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာလည်း အရည်အသွေးချင်း ကွာတဲ့ အသင်းကို အနိုင်ယူဦးမှာပါပဲ။ ဂျိုဆေးရဲ့ ဘက်က သုံးမှတ်စလုံး ယူသွားမှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် Vs လီဗာပူးလ် – အိမ်ရှင် ဖူလ်ဟမ်တို့ ဂိုးရနိုင်သလို ချန်ပီယံဆုကို ကာကွယ်မယ့် လီဗာပူးလ်တို့လည်း ဂိုးတွေ ပိုသွင်းနိုင်မှာပါပဲ။ အားနည်းနေတဲ့၊ အားကုန်နေတဲ့ လူစာရင်းမျိုးနဲ့တောင်မှ ဝုလ်ဗ်စ်ကို ၄ ဂိုးသွင်းနိုင်ခဲ့ချိန်မှာ အနားပေးထားတဲ့ ကစားသမားတွေနဲ့ ဒီပွဲက လီဗာပူးလ်တို့ ပိုအစွမ်းပြနိုင်မယ် ထင်ပါတယ်။ အိမ်ရှင်တိုက်စစ်မှူး မီထရိုဗစ်ချ်အနေနဲ့ ဂိုးရဖို့ ကြိုးစားမှာဖြစ်ပေမယ့် လီဗာပူးလ်ရဲ့ နိုင်ပွဲကိုတော့ ဖျက်ဖို့ မဖြစ်နိုင်ပါဘူး။

အာဆင်နယ် Vs ဘန်လေ – အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲမှာ ပေးဂိုးမရှိဘဲ နိုင်သွားပါလိမ့်မယ်။ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေကနေ အာတီတာတစ်ယောက် ရုန်းထွက်ဖို့ ပထမဆုံး ခြေလှမ်းပြင်မယ့် ပွဲလည်းဖြစ်ပါလိမ့်မယ်။ ဒီရာသီ မှတ်တမ်းတွေ တော်တော်များများမှာ နောက်ဆုံးက ရပ်တည်နေတဲ့ ဘန်လေအသင်းအတွက် ခက်ခဲတဲ့ပွဲပဲ ဖြစ်ဦးမှာပါ။ ဂန်းနားတွေအနေနဲ့ ရဂိုးနည်းနိုင်ပေမယ့် ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အနိုင်ရမှာပါ။

လက်စတာစီးတီး Vs ဘရိုက်တန် – ရှက်ဖီးလ်ဒ်ကို နောက်ကျဂိုးနဲ့ နိုင်တဲ့ လက်စတာရဲ့ ခြေစွမ်းက ထိပ်ဆုံး ၆ သင်းနဲ့တော့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဘရန်ဒန် ရော့ဂျားစ်ရဲ့အသင်းအနေနဲ့ ဒဏ်ရာကစားသမားတွေ ပြန်ကောင်းလာတာနဲ့အမျှ ပိုအားကောင်းလာမှာပါ။ ဘရိုက်တန်ရဲ့ ကစားပုံက ကြည့်ကောင်းသလိုရှိပေမယ့် တကယ်တမ်းတော့ လိုတဲ့ အမှတ်တွေကို ရယူနိုင်စွမ်း မရှိပါဘူး။ လက်စတာက သိသိသာသာ ကွာလတီ ကောင်းတဲ့ အသင်းဖြစ်ပြီး သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲ ဖြစ်နိုင်ပါတယ်။

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ် Vs အက်စတန်ဗီလာ – နှစ်သင်းပေါင်း သွင်းဂိုးတွေ နည်းသွားနိုင်တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ဂျိုတာနဲ့ ဒိုဟာတီတို့ကို ဆုံးရှုံးထားရတာမှာ ဟီမီနက်ဇ်ရဲ့ ဒဏ်ရာပေါင်းလိုက်တော့ ဝုလ်ဗ်စ်ရဲ့ ဂိုးသွင်းနှုန်းက ကျဆင်းသွားပါတယ်။ ဗီလာကတော့ နယူးကာဆယ်လ်နဲ့ပွဲ ပျက်ပြီး တစ်ပတ်အနားရထားလို့ လန်းဆန်းနေမှာဖြစ်ပြီး ဒင်းန် စမစ်အနေနဲ့ အာဆင်နယ်၊ လီဗာပူးလ်၊ လက်စတာတို့ကို နိုင်သလိုပဲ ဆက်လုပ်ပြသွားဖို့ မျှော်လင့်နိုင်ပါတယ်။ ဖိကစားတဲ့ အသင်းတွေကို လျင်မြန်ထိရောက်တဲ့ ကောင်တာနဲ့ ဖောက်တတ်တဲ့ ဗီလာတို့ကို ဝုလ်ဗ်စ်တို့က အမှတ်အကုန်ပေးဖို့ ကပ်စေးနည်းဦးမှာပါ။

ဆောက်သမ်တန် Vs ရှက်ဖီးလ်ဒ်ယူနိုက်တက် – ရှက်ဖီးလ်ဒ်တို့ ပြာပုံထဲက ရုန်းထဖို့ ကြိုးစားနေပေမယ့် ဒီပွဲမှာ သူတို့နဲ့ တွေ့တဲ့အသင်းက ပုံစံကောင်းလွန်းတဲ့ ဆောက်သမ်တန်ဖြစ်နေပါတယ်။ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ စိန့်တို့ ဦးဆောင်သွားမယ်လို့ ထင်ပါတယ်။ နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်ရဲ့အသင်းက လေ့ကျင့်သားပြည့်ဝနေတဲ့အသင်းဖြစ်ပြီး သုံးမှတ်အပြည့်ရယူသွားနိုင်မှာပါ။

နယူးကာဆယ်လ်ယူနိုက်တက် Vs ဝက်စ်ဘရွန်းဝစ်ချ် အယ်လ်ဘီယန် – နယူးကာဆယ်လ်အတွက် နိုင်ပွဲတစ်ပွဲတိုးမှာဖြစ်ပြီး အရင်အပတ်က မကန်ရတဲ့ ငှက်ကျားတွေ အင်ပြည့်အားပြည့်နဲ့ ကစားလာမှာပါ။ ဝက်စ်ဘရွန်းတို့အနေနဲ့ ဆောက်သမ်တန်ကို ဂိုးပြတ်ရှုံးအပြီးမှာ အမြန်ဆုံး ပုံစံကောင်းပြန်ရဖို့တော့ ခက်မှာဖြစ်ပြီး အဝေးကွင်း နောက်ဆုံး ၁၁ ပွဲမှာ ၁၀ ပွဲရှုံးထားတာလည်းဖြစ်လို့ နယူးကာဆယ်လ်တို့ အားထည့်တာနဲ့အမျှ ဂိုးပြတ်နိုင်ပွဲနဲ့ သုံးမှတ်ရမှာ အမှန်ပါပဲ။

REF: MICHAEL OWEN BET VICTOR BLOG
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘက္ဗစ္တာကေန ပြဲႀကိဳခန႔္မွန္းခ်က္ေတြကို တင္ဆက္ေပးေနတဲ့ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ရဲ႕ သုံးသပ္မႈေတြကို တင္ဆက္ေပးလိုက္ပါတယ္။ ပြဲေတြ ကန္မယ့္ အစဥ္အတိုင္းမဟုတ္ဘဲ အသင္းႀကီးေတြနဲ႔ ပြဲေကာင္းေတြကို ဦးစားေပးၿပီး အသင္းငယ္ေတြကို ေနာက္ဆုံးမွာ ထားထားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ Vs မန္ခ်က္စတာစီးတီး – ႏွစ္သင္းစလုံးကေတာ့ ဂိုးေတြ အၿပိဳင္အဆိုင္သြင္းယူမွာျဖစ္ပါတယ္။ ယူႏိုက္တက္ရဲ႕ တည္ၿငိမ္မႈ မရွိတဲ့ ပုံစံေၾကာင့္ ကစားပုံကို ခန႔္မွန္းရခက္ေပမယ့္ စီးတီးကေတာ့ တစ္ပြဲထက္တစ္ပြဲ တည္ၿငိမ္မႈ ျပသလာႏိုင္ပါတယ္။ စီးတီးရဲ႕ ေဘာလုံး မ်ားမ်ားကိုင္ကစားတဲ့ ပုံစံကေတာ့ ယူႏိုက္တက္ရဲ႕ ေကာင္တာေတြ အႀကိဳက္ျဖစ္မွာပါပဲ။ ဆိုးလ္ရွားအေနနဲ႔ ဒီတစ္ကြက္ကို အားကိုးၿပီး ျပင္ဆင္လာမွာ ျဖစ္ေပမယ့္ မန္ခ်က္စတာရဲ႕ အျပာေရာင္ဘက္ျခမ္းမွာပဲ ေနခ်င္ပါတယ္။

အဲဗာတန္ Vs ခ်ဲလ္ဆီး – ဒီပြဲမွာ ခ်ဲလ္ဆီးရဲ႕ ဂ်ီ႐ူးကို မ်က္ေျချပတ္ခံလိုက္ရင္ေတာ့ အဲဗာတန္တို႔ ကံဆိုးသြားႏိုင္ပါတယ္။ ေနာက္ဆုံးပြဲေတြမွာ သူ႔ရဲ႕ ပုံစံနဲ႔ ဂိုးသြင္းႏႈန္းကေတာ့ ခ်စ္စရာပဲလို႔ အိုဝင္က ဆိုလိုက္ပါတယ္။ ပုံစံေကာင္းရေနတဲ့ ခ်ဲလ္ဆီးဟာ ေနာက္ဆုံး အေဝးကြင္း ၃ ပြဲမွာ Clean Sheet ရယူထားၿပီး ေနာက္ဆုံး ၉ ပြဲဆက္တိုက္ မရႈံးတဲ့ မွတ္တမ္းကိုလည္း ပိုင္ဆိုင္ထားပါတယ္။ အဲဗာတန္ရဲ႕ လက္ရွိပုံစံကေတာ့ က်ဆင္းေနၿပီး တိုက္စစ္မႉး ကဲလ္ဗင္-လူဝင္ပဲ သူ႔ရဲ႕ ေ႐ႊဖိနပ္ဆုအတြက္ ဆက္လက္ဦးေဆာင္ဖို႔ ႀကိဳးစားႏိုင္မလား ေစာင့္ၾကည့္စရာရွိေနပါတယ္။

ခရစၥတယ္လ္ပဲေလ့စ္ Vs ေတာ့တင္ဟမ္ေဟာ့စပါးစ္ – တစ္ဂိုးေက်ာေပးလည္း ပုံစံေကာင္းရရွိေနတဲ့ စပါးစ္တို႔ပဲ ဒီပြဲကို အႏိုင္ယူသြားဦးမွာပါ။ ပဲေလ့စ္ရဲ႕ ဇာဟာနဲ႔ ေကာင္တာေတြကေတာ့ အႏၲရာယ္မ်ားေပမယ့္ စပါးရဲ႕ ဆြန္နဲ႔ ကိန္းတို႔ရဲ႕ ေကာင္တာေတြက ဘယ္လိုဆိုတာကို ေမ့လို႔ရမွာ မဟုတ္ပါဘူး။ စပါးစ္က စိတ္ရွည္ရွည္ကစားတတ္တဲ့ အသင္းျဖစ္ၿပီး ဒီပြဲမွာလည္း အရည္အေသြးခ်င္း ကြာတဲ့ အသင္းကို အႏိုင္ယူဦးမွာပါပဲ။ ဂ်ိဳေဆးရဲ႕ ဘက္က သုံးမွတ္စလုံး ယူသြားမွာ ျဖစ္ပါတယ္။

ဖူလ္ဟမ္ Vs လီဗာပူးလ္ – အိမ္ရွင္ ဖူလ္ဟမ္တို႔ ဂိုးရႏိုင္သလို ခ်န္ပီယံဆုကို ကာကြယ္မယ့္ လီဗာပူးလ္တို႔လည္း ဂိုးေတြ ပိုသြင္းႏိုင္မွာပါပဲ။ အားနည္းေနတဲ့၊ အားကုန္ေနတဲ့ လူစာရင္းမ်ိဳးနဲ႔ေတာင္မွ ဝုလ္ဗ္စ္ကို ၄ ဂိုးသြင္းႏိုင္ခဲ့ခ်ိန္မွာ အနားေပးထားတဲ့ ကစားသမားေတြနဲ႔ ဒီပြဲက လီဗာပူးလ္တို႔ ပိုအစြမ္းျပႏိုင္မယ္ ထင္ပါတယ္။ အိမ္ရွင္တိုက္စစ္မႉး မီထ႐ိုဗစ္ခ်္အေနနဲ႔ ဂိုးရဖို႔ ႀကိဳးစားမွာျဖစ္ေပမယ့္ လီဗာပူးလ္ရဲ႕ ႏိုင္ပြဲကိုေတာ့ ဖ်က္ဖို႔ မျဖစ္ႏိုင္ပါဘူး။

အာဆင္နယ္ Vs ဘန္ေလ – အာဆင္နယ္အသင္းအေနနဲ႔ ဒီပြဲမွာ ေပးဂိုးမရွိဘဲ ႏိုင္သြားပါလိမ့္မယ္။ စိတ္ပ်က္စရာေကာင္းတဲ့ ရလဒ္ေတြကေန အာတီတာတစ္ေယာက္ ႐ုန္းထြက္ဖို႔ ပထမဆုံး ေျခလွမ္းျပင္မယ့္ ပြဲလည္းျဖစ္ပါလိမ့္မယ္။ ဒီရာသီ မွတ္တမ္းေတြ ေတာ္ေတာ္မ်ားမ်ားမွာ ေနာက္ဆုံးက ရပ္တည္ေနတဲ့ ဘန္ေလအသင္းအတြက္ ခက္ခဲတဲ့ပြဲပဲ ျဖစ္ဦးမွာပါ။ ဂန္းနားေတြအေနနဲ႔ ရဂိုးနည္းႏိုင္ေပမယ့္ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ပဲ အႏိုင္ရမွာပါ။

လက္စတာစီးတီး Vs ဘ႐ိုက္တန္ – ရွက္ဖီးလ္ဒ္ကို ေနာက္က်ဂိုးနဲ႔ ႏိုင္တဲ့ လက္စတာရဲ႕ ေျခစြမ္းက ထိပ္ဆုံး ၆ သင္းနဲ႔ေတာ့ ထိုက္တန္တယ္လို႔ ထင္ပါတယ္။ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕အသင္းအေနနဲ႔ ဒဏ္ရာကစားသမားေတြ ျပန္ေကာင္းလာတာနဲ႔အမွ် ပိုအားေကာင္းလာမွာပါ။ ဘ႐ိုက္တန္ရဲ႕ ကစားပုံက ၾကည့္ေကာင္းသလိုရွိေပမယ့္ တကယ္တမ္းေတာ့ လိုတဲ့ အမွတ္ေတြကို ရယူႏိုင္စြမ္း မရွိပါဘူး။ လက္စတာက သိသိသာသာ ကြာလတီ ေကာင္းတဲ့ အသင္းျဖစ္ၿပီး သက္ေတာင့္သက္သာႏိုင္ပြဲတစ္ပြဲ ျဖစ္ႏိုင္ပါတယ္။

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ Vs အက္စတန္ဗီလာ – ႏွစ္သင္းေပါင္း သြင္းဂိုးေတြ နည္းသြားႏိုင္တဲ့ ပြဲတစ္ပြဲျဖစ္ၿပီး ဂ်ိဳတာနဲ႔ ဒိုဟာတီတို႔ကို ဆုံးရႈံးထားရတာမွာ ဟီမီနက္ဇ္ရဲ႕ ဒဏ္ရာေပါင္းလိုက္ေတာ့ ဝုလ္ဗ္စ္ရဲ႕ ဂိုးသြင္းႏႈန္းက က်ဆင္းသြားပါတယ္။ ဗီလာကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲ ပ်က္ၿပီး တစ္ပတ္အနားရထားလို႔ လန္းဆန္းေနမွာျဖစ္ၿပီး ဒင္းန္ စမစ္အေနနဲ႔ အာဆင္နယ္၊ လီဗာပူးလ္၊ လက္စတာတို႔ကို ႏိုင္သလိုပဲ ဆက္လုပ္ျပသြားဖို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။ ဖိကစားတဲ့ အသင္းေတြကို လ်င္ျမန္ထိေရာက္တဲ့ ေကာင္တာနဲ႔ ေဖာက္တတ္တဲ့ ဗီလာတို႔ကို ဝုလ္ဗ္စ္တို႔က အမွတ္အကုန္ေပးဖို႔ ကပ္ေစးနည္းဦးမွာပါ။

ေဆာက္သမ္တန္ Vs ရွက္ဖီးလ္ဒ္ယူႏိုက္တက္ – ရွက္ဖီးလ္ဒ္တို႔ ျပာပုံထဲက ႐ုန္းထဖို႔ ႀကိဳးစားေနေပမယ့္ ဒီပြဲမွာ သူတို႔နဲ႔ ေတြ႕တဲ့အသင္းက ပုံစံေကာင္းလြန္းတဲ့ ေဆာက္သမ္တန္ျဖစ္ေနပါတယ္။ ပထမပိုင္းမွာေရာ ဒုတိယပိုင္းမွာပါ စိန႔္တို႔ ဦးေဆာင္သြားမယ္လို႔ ထင္ပါတယ္။ နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္ရဲ႕အသင္းက ေလ့က်င့္သားျပည့္ဝေနတဲ့အသင္းျဖစ္ၿပီး သုံးမွတ္အျပည့္ရယူသြားႏိုင္မွာပါ။

နယူးကာဆယ္လ္ယူႏိုက္တက္ Vs ဝက္စ္ဘ႐ြန္းဝစ္ခ်္ အယ္လ္ဘီယန္ – နယူးကာဆယ္လ္အတြက္ ႏိုင္ပြဲတစ္ပြဲတိုးမွာျဖစ္ၿပီး အရင္အပတ္က မကန္ရတဲ့ ငွက္က်ားေတြ အင္ျပည့္အားျပည့္နဲ႔ ကစားလာမွာပါ။ ဝက္စ္ဘ႐ြန္းတို႔အေနနဲ႔ ေဆာက္သမ္တန္ကို ဂိုးျပတ္ရႈံးအၿပီးမွာ အျမန္ဆုံး ပုံစံေကာင္းျပန္ရဖို႔ေတာ့ ခက္မွာျဖစ္ၿပီး အေဝးကြင္း ေနာက္ဆုံး ၁၁ ပြဲမွာ ၁၀ ပြဲရႈံးထားတာလည္းျဖစ္လို႔ နယူးကာဆယ္လ္တို႔ အားထည့္တာနဲ႔အမွ် ဂိုးျပတ္ႏိုင္ပြဲနဲ႔ သုံးမွတ္ရမွာ အမွန္ပါပဲ။

REF: MICHAEL OWEN BET VICTOR BLOG
PHOTOS CREDIT TO OWNERS
SPORTS A2Z.