Premier League Transfer News

12 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာဖို့ကို မတားဆီးနိုင်တော့ဘူးလို့ ဝန်ခံလိုက်တဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အောင်မြင်ခဲ့မယ်ဆိုရင် တစ်ပတ်ကို ပေါင်သုံးသိန်းကျော် ပေးချေရနိုင်မှုနဲ့အတူ အသင်းရဲ့ လစာငွေ အမြင့်မားဆုံး ကစားသမားတစ်ဦးဖြစ်လာဖွယ်ရှိ။

– တောင်ပံကစားသမား Captain America ခရစ္စတီယန် ပူလီရှစ်ချ်အနေနဲ့ အသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ အပြည့်အဝ ထရိန်နင်ဆင်းနေနိုင်ခဲ့ပြီး ကစားချိန် ပိုမိုရရှိဖို့ ပစ်မှတ်ထားနေသလို ကြံ့ခိုင်မှုကောင်းကောင်းနဲ့ အဲဗာတန်နဲ့ပွဲကို ပွဲထွက်ပါဝင်လာဖို့ ရှိနေ။

– ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဟောင်း ရှောင်ရိုက်ဖိလစ်က အသင်းရဲ့ ဒီရာသီ ပုံစံကောင်းကို ပြသနေနိုင်မှုဟာ ခံစစ်ရဲ့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုကြောင့်ဖြစ်ပြီး သီယာဂို ဆေးလ်ဗား၊ ကတ်ဇူးမားနဲ့ ဘန် ချေးလ်ဝဲလ်တို့ရဲ့ အင်အားနဲ့ ခြေစွမ်းပြမှုက အဓိကျတယ်လို့ သုံးသပ်သွားခဲ့။

– ဘယ်နောက်ခံလူနဲ့ ညာနောက်ခံလူအဖြစ် လေ့ကျင့်ရေးကွင်းမှာ ထိပ်တိုက်ရင်ဆိုင် ကစားရတတ်တဲ့ ရီးစ် ဂျိမ်းစ်ဟာ မယုံနိုင်လောက်အောင် ကြံ့ခိုင်ပြီး ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ ကစားသမားလို့ ဒီရာသီမှာ ချဲလ်ဆီးကို ရောက်လာခဲ့တဲ့ ချေးလ်ဝဲလ်က တအံ့တသြ ချီးကျူးသွား။

– ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ နည်းပြဟောင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ နောက်ဆုံး ၈ ပွဲကို မရှုံးအောင် ကစားထားနိုင်ပြီး အဲဗာတန်နဲ့ပွဲစဉ်မှာလည်း ဒီစံချိန်ကို ဆက်လက်ထိန်းသိမ်းပြီး အဓိက ကစားသမားတွေဖြစ်ကြတဲ့ ကိုးလ်မန်း၊ ဒီညီနဲ့ ဟားမက်စ် ရိုဒရီးရက်ဇ်တို့ မပါဝင်တဲ့ အသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းနဲ့ သုံးပွဲကစားအပြီးမှာ ကိုဗစ်-၁၉ ရောဂါကပ်ငြိခြင်းကို ခံခဲ့ရတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်က သူ့အနေနဲ့ ဒီရောဂါ ခံစားရချိန်မှာ တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား ကိုက်ခဲနာကျင်နေခဲ့တယ်လို့ ဝန်ခံသွားခဲ့ပြီး ပျောက်ကင်းသက်သာအောင် ကြိုးစားရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ခဲ့ကြောင်း ပြောကြား။

– အသင်းဟောင်းရဲ့ ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို အမှန်တကယ် အလိုရှိခဲ့တာဖြစ်ပြီး နွေရာသီက မခေါ်ယူနိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ အင်တာမီလန်နည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူအောင် စည်းရုံးနိုင်ခဲ့တယ်လို့လည်း ထုတ်ဖော်သွား။

– အဲဗာတန်နဲ့ ပွဲကြိုမှာ နည်းပြ ကာလို အန်ဆယ်လော့တီလက်အောက်မှာ ကစားရင်း အတုယူခဲ့ရကြောင်း ပြောကြားခဲ့တဲ့ နည်းပြ လမ်းပတ်အပြင် အသင်းရဲ့ ဝါရင့်ကစားသမား သီယာဂို ဆေးလ်ဗားကလည်း သူ့ရဲ့ ကစားသမားဘဝကို သက်ရောက်မှုအရှိဆုံးနည်းပြလို့ ဝန်ခံပြောကြားသွားခဲ့။

– UEFA ရဲ့ ပွဲစဉ်ရေးဆွဲမှု အစဉ်အလာတွေအရ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံမယ့် အုပ်စုဒုတိယပြိုင်ဘက် ၈ သင်းထဲက အဖြစ်နိုင်ဆုံးပြိုင်ဘက်ဟာ ဂျာမန်ကလပ် ဘိုရုရှား မွန်ချန်ဂလာဘက်ချ်လို့ သုံးသပ်ခဲ့ကြပြီး အင်္ဂလန်အသင်းတွေဖြစ်ကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့အတွက်လည်း တူညီတဲ့ ခန့်မှန်းမှုကိုပဲ ထုတ်ပြန်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


– တောင်ပံကစားသမား Captain America ခရစ္စတီယန် ပူလီရှစ်ခ်ျအနေနဲ့ အသင်းရဲ့ ကော့ဘ်ဟမ်းလေ့ကျင့်ရေးကွင်းမှာ အပြည့်အဝ ထရိန်နင်ဆင်းနေနိုင်ခဲ့ပြီး ကစားချိန် ပိုမိုရရှိဖို့ ပစ်မှတ်ထားနေသလို ကြံ့ခိုင်မှုကောင်းကောင်းနဲ့ အဲဗာတန်နဲ့ပွဲကို ပွဲထွက်ပါဝင်လာဖို့ ရှိနေ။




– ခ်ဲလ္ဆီးအသင်းနဲ့ သုံးပြဲကစားအပြီးမွာ ကိုဗစ်-၁၉ ရောဂါကပ်ငျြိခင်းကို ခံခဲ့ရတဲ့ စံခိန္တင်ျေပာင်းရွှေ့ကြေးရွင္ကြင်းလယ္လူ ခိုင်ဟာဗတ္ဇ္က သူ့အေနနဲ့ ဒီရောဂါ ခံစားရခိန္မွာ တစ္ကိုယ္လုံး ဆိုးဆိုးရြားရြား ကိုက္ခဲနာက်င်နေခဲ့တယ္လို့ ဝန္ခံသြားခဲ့ပြီး ပော်က္ကင်းသက်သာအောင် ကြိုးစားရတာဟာ ကြီးမားတဲ့ စိန်ခေါ်မျွုဖစ္ခဲ့ကြောင်းျေပာကြား။



– UEFA ရဲ့ ပွဲစဉ်ရေးဆွဲမှု အစဉ်အလာတွေအရ ချဲလ်ဆီးအသင်းနဲ့ တွေ့ဆုံမယ့် အုပ်စုဒုတိယပြိုင်ဘက် ၈ သင်းထဲက အဖြစ်နိုင်ဆုံးပြိုင်ဘက်ဟာ ဂျာမန်ကလပ် ဘိုရုရှား မွန်ချန်ဂလာဘက်ခ်ျလို့ သုံးသပ်ခဲ့ကြပြီး အင်္ဂလန်အသင်းတွေဖြစ်ကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့အတွက်လည်း တူညီတဲ့ ခန့်မှန်းမှုကိုပဲ ထုတ်ပြန်ခဲ့ကြ။

REF: INTERNET SOURCES
SPORTS A2Z.