Premier League Transfer News

နောက်ဆုံးရ ညနက်ပိုင်း မန်ချက်စတာစီးတီးသတင်းများစုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ အသက်အရွယ်ထောက်လာခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုနေရာမှာ အစားထိုးဖို့ ပစ်မှတ်ကစားသမားကို သတ်မှတ်ထားပြီးပြီဖြစ်ပြီး အရင်က သတင်းတွေ ထွက်ခဲ့တဲ့ နိုင်ငံတူတိုက်စစ်မှူး လော်တာရို မာတီနက်ဇ် မဟုတ်ဘဲ အသင်းကွင်းလယ်လူဟောင်းရဲ့သား အာလင်း ဟားလန်းပဲဖြစ်တယ်လို့ ဂျာမန်ဂျာနယ်လစ် ဖော့လ်ခ် ရေးသား။

– အသင်းနဲ့ စာချုပ်သစ် မချုပ်ဘဲ အစ်တီဟတ်က ထွက်ခွာမယ်လို့ ဆန္ဒထုတ်ဖော်ထားခဲ့တဲ့ လူငယ်နောက်ခံလူ အဲရစ် ဂါစီယာအနေနဲ့ ပြီးခဲ့တဲ့ မာဆေးလ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ နှစ်ပတ်ကနေ သုံးပတ်အထိ အနားယူရတော့မှာဖြစ်သလို စီးတီးတို့အတွက် နောက်ဆုံးကစားပေးတာလည်း ဖြစ်လာနိုင်။

– ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ အဲဗာတန်အသင်းတွေက အလိုရှိနေခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းပြီး နေရာပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပြီး မန်ချက်စတာစီးတီးအတွက် နောက်ပိုင်းပွဲမှာလည်း အင်္ဂလန်သား အနေနဲ့ ခြေစွမ်းပြသထားနိုင်ခဲ့။

– အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကို နောက်ခံလူ အဲရစ် ဂါစီယာတစ်ဦးတည်းသာ လွဲချော်မှာဖြစ်ပြီး ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်အနေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့သလို ကျန်တဲ့ တိုက်စစ်ကစားသမားတွေအားလုံးကိုလည်း အသုံးပြုနိုင်ဖို့ရှိနေ။

– အက်စတန်ဗီလာအသင်းမှာ ခြေစွမ်းပြနေပြီး သူ့ကို အသင်းဟောင်းက ပြန်လည်ခေါ်ယူခွင့်ရှိတာကို သတိပြုမိတယ်လို့ ဝန်ခံထားခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုရဲ့ နေရာအတွက် ခေါ်ယူပေးဖို့ စီးတီးပရိသတ်တွေ တောင်းဆိုနေကြ။

– မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်အသင်းကြီးတချို့က စိတ်ဝင်စားနေခဲ့တဲ့ အာလင်း ဟားလန်းကို ၂၀၂၁ နွေရာသီမှာ ခေါ်ယူချင်ရင် ဒေါ့မွန်အသင်းနဲ့ ပြောင်းရွှေ့ကြေးအတွက် အကျေအလည် ညှိနှိုင်းဆွေးနွေးရမှာဖြစ်ပြီး သူ့ရဲ့ စာချုပ်လျော်ကြေး ပေါင် ၆၈ သန်းဟာ လာမယ့် ၂၀၂၂ နွေမှာမှ စတင်သက်ရောက်မှာလို့ သိရ။

– မန်ချက်စတာစီးတီးအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေကို အထူးဂရုပြုကစားရလိမ့်မယ်လို့ ဒါဘီပွဲအကြိုမှာ အသင်းဟောင်းကို နောက်ခံလူဟောင်း ပါဘလို ဇာဘလီတာက သတိပေးလိုက်ပြီး စီးတီးတို့အနေနဲ့ ဒီလိုတိုက်စစ်ဆင်မှုတွေကို ခုခံကာကွယ်ရာမှာ အားနည်းနေတာကို ပြင်ဆင်ဖို့လည်း ထောက်ပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ အသက္အ႐ြယ္ေထာက္လာခဲ့တဲ့ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုေနရာမွာ အစားထိုးဖို႔ ပစ္မွတ္ကစားသမားကို သတ္မွတ္ထားၿပီးၿပီျဖစ္ၿပီး အရင္က သတင္းေတြ ထြက္ခဲ့တဲ့ ႏိုင္ငံတူတိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ မဟုတ္ဘဲ အသင္းကြင္းလယ္လူေဟာင္းရဲ႕သား အာလင္း ဟားလန္းပဲျဖစ္တယ္လို႔ ဂ်ာမန္ဂ်ာနယ္လစ္ ေဖာ့လ္ခ္ ေရးသား။

– အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဘဲ အစ္တီဟတ္က ထြက္ခြာမယ္လို႔ ဆႏၵထုတ္ေဖာ္ထားခဲ့တဲ့ လူငယ္ေနာက္ခံလူ အဲရစ္ ဂါစီယာအေနနဲ႔ ၿပီးခဲ့တဲ့ မာေဆးလ္နဲ႔ပြဲမွာ ရရွိခဲ့တဲ့ ႏွစ္ပတ္ကေန သုံးပတ္အထိ အနားယူရေတာ့မွာျဖစ္သလို စီးတီးတို႔အတြက္ ေနာက္ဆုံးကစားေပးတာလည္း ျဖစ္လာႏိုင္။

– ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္ၾကတဲ့ အာဆင္နယ္နဲ႔ အဲဗာတန္အသင္းေတြက အလိုရွိေနခဲ့တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို အသင္းမွာ ဆက္လက္ထိန္းသိမ္းၿပီး ေနရာေပးဖို႔ ဆုံးျဖတ္ထားတယ္လို႔ သိရၿပီး မန္ခ်က္စတာစီးတီးအတြက္ ေနာက္ပိုင္းပြဲမွာလည္း အဂၤလန္သား အေနနဲ႔ ေျခစြမ္းျပသထားႏိုင္ခဲ့။

– အိုးလ္ထရက္ဖို႔ဒ္မွာ ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္ကို ေနာက္ခံလူ အဲရစ္ ဂါစီယာတစ္ဦးတည္းသာ လြဲေခ်ာ္မွာျဖစ္ၿပီး ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္အေနနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့သလို က်န္တဲ့ တိုက္စစ္ကစားသမားေတြအားလုံးကိုလည္း အသုံးျပဳႏိုင္ဖို႔ရွိေန။

– အက္စတန္ဗီလာအသင္းမွာ ေျခစြမ္းျပေနၿပီး သူ႔ကို အသင္းေဟာင္းက ျပန္လည္ေခၚယူခြင့္ရွိတာကို သတိျပဳမိတယ္လို႔ ဝန္ခံထားခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳရဲ႕ ေနရာအတြက္ ေခၚယူေပးဖို႔ စီးတီးပရိသတ္ေတြ ေတာင္းဆိုေနၾက။

– မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးတခ်ိဳ႕က စိတ္ဝင္စားေနခဲ့တဲ့ အာလင္း ဟားလန္းကို ၂၀၂၁ ေႏြရာသီမွာ ေခၚယူခ်င္ရင္ ေဒါ့မြန္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကးအတြက္ အေက်အလည္ ညႇိႏႈိင္းေဆြးေႏြးရမွာျဖစ္ၿပီး သူ႔ရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၈ သန္းဟာ လာမယ့္ ၂၀၂၂ ေႏြမွာမွ စတင္သက္ေရာက္မွာလို႔ သိရ။

– မန္ခ်က္စတာစီးတီးအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တန္ျပန္တိုက္စစ္ေတြကို အထူးဂ႐ုျပဳကစားရလိမ့္မယ္လို႔ ဒါဘီပြဲအႀကိဳမွာ အသင္းေဟာင္းကို ေနာက္ခံလူေဟာင္း ပါဘလို ဇာဘလီတာက သတိေပးလိုက္ၿပီး စီးတီးတို႔အေနနဲ႔ ဒီလိုတိုက္စစ္ဆင္မႈေတြကို ခုခံကာကြယ္ရာမွာ အားနည္းေနတာကို ျပင္ဆင္ဖို႔လည္း ေထာက္ျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.