Premier League Transfer News

12 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ၁၁ လအတွင်း တတိယအကြိမ်မြောက် ဆွတ်ခူးခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စံချိန်ကို မီဖို့ တစ်ကြိမ်သာလိုတော့တဲ့ ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်သေးတယ်လို့ ကြုံးဝါး။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် ဂျူဗင်တပ်စ်အသင်းဆီက ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုမျိုး လုပ်ဆောင်လာခဲ့ရင် လူလည်ကျမခံဖို့နဲ့ ဒါဟာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ မက်သစ် ဒီလစ်ချ်နဲ့ မယ်ရီ ဒီမီရယ်လ်တို့ကို တောင်းဆိုနိုင်တဲ့ အခွင့်အရေးကောင်းအဖြစ် လက်လွတ်မခံဖို့ အီယန်ရိုက် သတိပေး။

– ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ ဒဏ်ရာဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အခုထိ နာကျင်နေနိုင်တယ်လို့ ဘီဘီစီရဲ့ ဘောလုံးခန့်မှန်းသူ လော်ရိုက ပြောကြားလိုက်ပြီး ဒါဘီပွဲမှာ ခံစစ်ပုံစံကောင်းကို တည်ဆောက်နိုင်ဖို့ မရှိသေးဘဲ မန်ချက်စတာစီးတီး အသင်းက ၂-၀ လို့ ခန့်မှန်းသွားခဲ့။

– အသင်းကနေ ထွက်ခွာမယ်လို့ အသံထွက်လာခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ သူကိုယ်တိုင် ဒီကိစ္စကို တောင်းဆိုခဲ့ခြင်းမရှိဘဲ လိုအပ်တဲ့ ရလဒ် ထွက်ပေါ်လာစေဖို့ အေးဂျင့် မီနို ရိုင်ယိုလာကို ဖိအားပေး ဆောင်ရွက်ခိုင်းခဲ့တာဖြစ်တယ်လို့ သတင်းတွေ ရေးသား။

– အသင်းရဲ့ ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ်ဆီ ပြောင်းရွှေ့ကစားခဲ့ရမှုဟာ ထိတ်လန့်ဖွယ်ရာအနေအထားမဟုတ်ဘဲ ပရိသတ်တွေနဲ့ ကစားသမားတွေအနေနဲ့ စိတ်ပျက်နိုင်ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ လာမယ့်ပွဲတွေကို ဆက်လက်ကြိုးစားသွားရမယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားပြောကြား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား လူးကပ်စ် ဗက်ဇ်ကေးဇ်ကို မခေါ်ယူဘဲ ရှောင်လွှဲသင့်ပြီး ယူရို ၁၅ သန်းတန် ကစားသမားအနေနဲ့ နေရာစုံကစားနိုင်တယ်ဆိုပေမယ့် တစ်ဖက်ဖက်မှာ ပြည့်စုံထူးချွန်တဲ့ ကစားသမားမျိုး မဟုတ်ကြောင်း ကျွမ်းကျင်သူတွေ ထောက်ပြခဲ့ကြ။

– မန်ချက်စတာဒါဘီမှာ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး ဝါရင့်တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကတော့ ဒီနေ့မှာ လေ့ကျင့်ခဲ့ပေမယ့် သူ့ရဲ့ ပွဲမတိုင်ခင် အခြေအနေကို စောင့်ကြည့်ပြီးမှ ထည့်သွင်းရမှာဖြစ်လို့ မသေချာသေးကြောင်း ဆိုးလ်ရှား ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို ၁၁ လအတြင္း တတိယအႀကိမ္ေျမာက္ ဆြတ္ခူးခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ကို မီဖို႔ တစ္ႀကိမ္သာလိုေတာ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ကို ဗိုလ္စြဲႏိုင္ေသးတယ္လို႔ ႀကဳံးဝါး။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ ဂ်ဴဗင္တပ္စ္အသင္းဆီက ကစားသမားအလိုက္ေပး ကမ္းလွမ္းမႈမ်ိဳး လုပ္ေဆာင္လာခဲ့ရင္ လူလည္က်မခံဖို႔နဲ႔ ဒါဟာ လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ မက္သစ္ ဒီလစ္ခ်္နဲ႔ မယ္ရီ ဒီမီရယ္လ္တို႔ကို ေတာင္းဆိုႏိုင္တဲ့ အခြင့္အေရးေကာင္းအျဖစ္ လက္လြတ္မခံဖို႔ အီယန္႐ိုက္ သတိေပး။

– ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရတဲ့ ဒဏ္ရာဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ အခုထိ နာက်င္ေနႏိုင္တယ္လို႔ ဘီဘီစီရဲ႕ ေဘာလုံးခန႔္မွန္းသူ ေလာ္႐ိုက ေျပာၾကားလိုက္ၿပီး ဒါဘီပြဲမွာ ခံစစ္ပုံစံေကာင္းကို တည္ေဆာက္ႏိုင္ဖို႔ မရွိေသးဘဲ မန္ခ်က္စတာစီးတီး အသင္းက ၂-၀ လို႔ ခန႔္မွန္းသြားခဲ့။

– အသင္းကေန ထြက္ခြာမယ္လို႔ အသံထြက္လာခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ သူကိုယ္တိုင္ ဒီကိစၥကို ေတာင္းဆိုခဲ့ျခင္းမရွိဘဲ လိုအပ္တဲ့ ရလဒ္ ထြက္ေပၚလာေစဖို႔ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကို ဖိအားေပး ေဆာင္႐ြက္ခိုင္းခဲ့တာျဖစ္တယ္လို႔ သတင္းေတြ ေရးသား။

– အသင္းရဲ႕ ခ်န္ပီယံလိဂ္ကေန ယူ႐ိုပါလိဂ္ဆီ ေျပာင္းေ႐ႊ႕ကစားခဲ့ရမႈဟာ ထိတ္လန႔္ဖြယ္ရာအေနအထားမဟုတ္ဘဲ ပရိသတ္ေတြနဲ႔ ကစားသမားေတြအေနနဲ႔ စိတ္ပ်က္ႏိုင္ေပမယ့္ တည္တည္ၿငိမ္ၿငိမ္နဲ႔ လာမယ့္ပြဲေတြကို ဆက္လက္ႀကိဳးစားသြားရမယ္လို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္ေတာင္ပံကစားသမား လူးကပ္စ္ ဗက္ဇ္ေကးဇ္ကို မေခၚယူဘဲ ေရွာင္လႊဲသင့္ၿပီး ယူ႐ို ၁၅ သန္းတန္ ကစားသမားအေနနဲ႔ ေနရာစုံကစားႏိုင္တယ္ဆိုေပမယ့္ တစ္ဖက္ဖက္မွာ ျပည့္စုံထူးခြၽန္တဲ့ ကစားသမားမ်ိဳး မဟုတ္ေၾကာင္း ကြၽမ္းက်င္သူေတြ ေထာက္ျပခဲ့ၾက။

– မန္ခ်က္စတာဒါဘီမွာ တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္အေနနဲ႔ ပါဝင္လာမွာျဖစ္ၿပီး ဝါရင့္တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကေတာ့ ဒီေန႔မွာ ေလ့က်င့္ခဲ့ေပမယ့္ သူ႔ရဲ႕ ပြဲမတိုင္ခင္ အေျခအေနကို ေစာင့္ၾကည့္ၿပီးမွ ထည့္သြင္းရမွာျဖစ္လို႔ မေသခ်ာေသးေၾကာင္း ဆိုးလ္ရွား ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.