Premier League Transfer News

11 Dec ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတဲ့ လီဗာပူးလ်အသင်းရဲ့ အဓိက ဂိုးသမား အယ်လစ်ဆန် ဘက်ကာအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီး လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိ။

လီဗာပူးလ်အသင်းအနေနဲ့ အသင်းနဲ့ အနာဂတ် မရေရာသေးတဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အတွက် အစားထိုးဖို့ ကစားသမားကို သတ်မှတ်ရှာဖွေထားခဲ့ပြီဖြစ်ပြီး လိုင်လီအသင်းရဲ့ ကွင်းလယ်လူ ဘူဘာကာရီ ဆူမာရေးကို ခေါ်ယူနိုင်ဖို့ စီစဉ်နေ။

လီဗာပူးလ်နည်းပြ ကလော့ပ်က အသင်းကြီး လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေ အများအပြားရှိနေချိန်မှာ လူငယ်တွေကို ကစားခွင့်ပေးခဲ့ပြီး ထိုက်တန်တဲ့ ခြေခစွမ်းကောင်းတွေပြသခဲ့တဲ့ ကာတစ်ဂျုံးစ်၊ နီကို ဝီလီယမ်စ်၊ နာသန် ဖီးလစ်နဲ့ လူငယ်ဂိုးသမား ကွီးဗင် ကယ်လေဟာတို့ကို ချီးကျူးခဲ့ပြီး ခြေစွမ်းခြေစရှိတဲ့ လူငယ်တွေ အသင်းမှာ ရှိနေတာဟာ ဘုရားပေးတဲ့ဆုလာဘ်လို့ ပြောဆိုခဲ့။

ကာလကြာရှည်အနားယူနေရတဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ချ်ရဲ့ ဒဏ်ရာရရှိသွားချိန်မှာ အသင်းအနေနဲ့ ဒီလောက်တောင် ကသီလင်တနိုင်သွားရတာဟာ တာဝန်ရှိသူတွေရဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ညံ့ဖျင်းတဲ့ လုပ်ဆောင်မှုတွေကြောင့်ဖြစ်တယ်လို့ နောက်ခံလူဟောင်း ဝက်စ် ဘရောင်းဝေဖန်။

အသင်းရဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ တစ်ဖက်နောက်ခံလူတွေနဲ့ ကွင်းလယ်လူတွေကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဘောလုံးဆုံးရှုံးတဲ့အထိ ၃၇ ကြိမ် ကြိုးစားပေးနိုင်ခဲ့တဲ့ ဂျပန်လက်ရွေးစင် တာကူမီ မီနာမီနိုကို နည်းပြ ကလော့ပ်အနေနဲ့ မူလကစားတဲ့ ရှေ့တန်းတိုက်စစ်ထက် ကွင်းလယ်သုံးဦးမှာ အသုံးပြုသွားဖို့ စီစဉ်နေ။

ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေရတဲ့ ကွင်းလယ်ကစားသမား ချိမ်ဘာလိန်တစ်ယောက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီး အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့အတွက် နီးစပ်နေသလို ဟန်ဒါဆန်၊ ဗိုင်နယ်လ်ဒွမ်နဲ့ ကာတစ် ဂျုံးစ်တို့လည်း ကြံ့ခိုင်မှုပြည့်ဝနေလို့ ဖူလ်ဟမ်နဲ့ပွဲမှာ ပွဲထွက်လာနိုင်။

လာမယ့်ပွဲစဉ်မှာ နောက်ခံလူ ဂျိုယယ်လ် မာတစ်ပ်ကို ပြန်လည်ထည့်သွင်းဖွယ်ရှိနေပြီး တိုက်စစ်မှူး မိုဟာမက် ဆာလားကို ဒီယိုဂို ဂျိုတာနဲ့ လဲလှယ်အသုံးပြုဖွယ်ရှိသလို ဖူလ်ဟမ်အသင်းနဲ့ ကစားမယ့်ပွဲမှာ ကစားကွက်အပြောင်းအလဲလုပ်သွားဖို့ စဉ်းစားနေပြီး ၄-၂-၃-၁ နဲ့ ပွဲထွက်လာနိုင်ခြေရှိနေ။

နည်းပြ ယာဂန် ကလော့ပ်က အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာတဲ့အပေါ် မဲပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူ့အနေနဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေကို စိတ်ဝင်စားခြင်းမရှိဘဲ အသင်းလိုက် ဆုတံဆိပ်တွေရဖို့ကိုပဲ အလေးထားတယ်လို့ပြောကြား။

လီဗာပူးလ်နောက်ခံလူဟောင်းနဲ့ စကိုင်းစပို့စ်တင်ဆက်သူ ဂျေမီ ကာရေဂါကတော့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ အသင်းနဲ့ အိုးနင်းခွက်နင်းဖြစ်နေတဲ့ပုံစံကို ကြည့်ရတာ အန်းဖီးလ်ကို ယာဂန် ကလော့ပ် စတင်ရောက်ရှိလာတုန်းက ပုံစံကို သတိရစေတယ်လို့ ဆိုလိုက်ပြီး စပိန်လူငယ်နည်းပြကို အားပေးသွားခဲ့။

REF: INTERNET SOURCES
PHOTO CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ လီဗာပူးလ္အသင္းရဲ႕ အဓိက ဂိုးသမား အယ္လစ္ဆန္ ဘက္ကာအေနနဲ႔ ဒဏ္ရာကေန ျပန္လည္သက္သာေနၿပီး လာမယ့္ တနဂၤေႏြေန႔မွာ ကစားမယ့္ ဖူလ္ဟမ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ျပန္လည္ပါဝင္လာႏိုင္ဖြယ္ရွိ။

လီဗာပူးလ္အသင္းအေနနဲ႔ အသင္းနဲ႔ အနာဂတ္ မေရရာေသးတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္အတြက္ အစားထုိးဖို႔ ကစားသမားကို သတ္မွတ္ရွာေဖြထားခဲ့ၿပီျဖစ္ၿပီး လုိင္လီအသင္းရဲ႕ ကြင္းလယ္လူ ဘူဘာကာရီ ဆူမာေရးကို ေခၚယူႏုိင္ဖို႔ စီစဥ္ေန။

လီဗာပူးလ္နည္းျပ ကေလာ့ပ္က အသင္းႀကီး လူစာရင္းမွာ ဒဏ္ရာရကစားသမားေတြ အမ်ားအျပားရွိေနခ်ိန္မွာ လူငယ္ေတြကို ကစားခြင့္ေပးခဲ့ၿပီး ထိုက္တန္တဲ့ ေျခခစြမ္းေကာင္းေတြျပသခဲ့တဲ့ ကာတစ္ဂ်ဳံးစ္၊ နီကို ဝီလီယမ္စ္၊ နာသန္ ဖီးလစ္နဲ႔ လူငယ္ဂိုးသမား ကြီးဗင္ ကယ္ေလဟာတို႔ကို ခ်ီးက်ဴးခဲ့ၿပီး ေျခစြမ္းေျခစရွိတဲ့ လူငယ္ေတြ အသင္းမွာ ရွိေနတာဟာ ဘုရားေပးတဲ့ ဆုလာဘ္လို႔ ေျပာဆိုခဲ့။

ကာလၾကာရွည္ အနားယူေနရတဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒုိက္ခ်္ရဲ႕ ဒဏ္ရာရရွိသြားခ်ိန္မွာ အသင္းအေနနဲ႔ ဒီေလာက္ေတာင္ ကသီလင္တႏုိင္သြားရတာဟာ တာဝန္ရွိသူေတြရဲ႕ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ညံ့ဖ်င္းတဲ့ လုပ္ေဆာင္မွဳေတြေၾကာင့္ျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း ဝက္စ္ ဘေရာင္းေဝဖန္။

အသင္းရဲ႕ ေနာက္ပုိင္းပြဲစဥ္ေတြမွာ တစ္ဖက္ေနာက္ခံလူေတြနဲ႔ ကြင္းလယ္လူေတြကို ဖိအားေပးကစားႏုိင္ခဲ့ၿပီး ေဘာလုံးဆုံးရွဳံးတဲ့အထိ ၃၇ ႀကိမ္ ႀကဳိးစားေပးႏုိင္ခဲ့တဲ့ ဂ်ပန္လက္ေရြးစင္ တာကူမီ မီနာမီႏိုကို နည္းျပ ကေလာ့ပ္အေနနဲ႔ မူလကစားတဲ့ ေရွ႕တန္းတုိက္စစ္ထက္ ကြင္းလယ္သုံးဦးမွာ အသုံးျပဳသြားဖို႔ စီစဥ္ေန။

ဒဏ္ရာေၾကာင့္ ကာလအတန္ၾကာ အနားယူေနရတဲ့ ကြင္းလယ္ကစားသမား ခ်ိမ္ဘာလိန္တစ္ေယာက္ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာၿပီး အသင္းနဲ႔အတူ ပြဲထြက္ခြင့္ရဖို႔အတြက္ နီးစပ္ေနသလို ဟန္ဒါဆန္၊ ဗိုင္နယ္လ္ဒြမ္နဲ႔ ကာတစ္ ဂ်ဳံးစ္တို႔လည္း ႀကံ့ခိုင္မွဳျပည့္ဝေနလို႔ ဖူလ္ဟမ္နဲ႔ပြဲမွာ ပြဲထြက္လာႏုိင္။

လာမယ့္ပြဲစဥ္မွာ ေနာက္ခံလူ ဂ်ဳိယယ္လ္ မာတစ္ပ္ကို ျပန္လည္ထည့္သြင္းဖြယ္ရွိေနၿပီး တိုက္စစ္မႉး မိုဟာမက္ ဆာလားကို ဒီယိုဂို ဂ်ိဳတာနဲ႔ လဲလွယ္အသုံးျပဳဖြယ္ရွိသလို ဖူလ္ဟမ္အသင္းနဲ႔ ကစားမယ့္ပြဲမွာ ကစားကြက္အေျပာင္းအလဲလုပ္သြားဖို႔ စဥ္းစားေနၿပီး ၄-၂-၃-၁ နဲ႔ ပြဲထြက္လာႏုိင္ေျခရွိေန။

နည္းျပ ယာဂန္ ကေလာ့ပ္က အေကာင္းဆုံးနည္းျပဆုအတြက္ ဆန္ကာတင္စာရင္းမွာ ပါဝင္လာတဲ့အေပၚ မဲေပးခဲ့ၾကသူေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ သူ႔အေနနဲ႔ တစ္ဦးခ်င္း ဆုတံဆိပ္ေတြကို စိတ္ဝင္စားျခင္းမရွိဘဲ အသင္းလိုက္ ဆုတံဆိပ္ေတြရဖို႔ကိုပဲ အေလးထားတယ္လို႔ေျပာၾကား။

လီဗာပူးလ္ေနာက္ခံလူေဟာင္းနဲ႔ စကိုင္းစပုိ႔စ္တင္ဆက္သူ ေဂ်မီ ကာေရဂါကေတာ့ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ အသင္းနဲ႔ အုိးနင္းခြက္နင္းျဖစ္ေနတဲ့ပုံစံကို ၾကည့္ရတာ အန္းဖီးလ္ကို ယာဂန္ ကေလာ့ပ္ စတင္ေရာက္ရွိလာတုန္းက ပုံစံကို သတိရေစတယ္လို႔ ဆိုလိုက္ၿပီး စပိန္လူငယ္နည္းျပကို အားေပးသြားခဲ့။

REF: INTERNET SOURCES
PHOTO CREDIT TO OWNERS
SPORTS A2Z.