Premier League

တော့တင်ဟမ်ဟော့စပါးစ် 2:0 ရွိုင်ယယ်လ် အန့် ပွဲမှ မှတ်မှတ်သားသားပြောစရာ ၇ ချက်

စပါးစ်အတွက် မော်ရင်ဟိုယူရိုပါလိဂ်ဖလား ယူပေးနိုင်မလား
ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ စပါးစ်အသင်းဟာ ယူရိုပါလိဂ်မှာလဲ အမှားယွင်းမရှိ နောက်တစ်ဆင့်တက်ရောက်သွားပါပြီ။ ရွိုင်ယယ်လ် အန့် အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ယူပြီးတဲ့နောက် ရှုံးထွက်ဆုဖလားတွေနဲ့ ယဉ်ပါးတဲ့ မော်ရင်ဟိုတစ်ယောက် စပါးစ်အသင်းအတွက် ပထမဆုံးယူပေးမယ့် ဆုဖလားဟာ ယူရိုပါလိဂ်ဖလားဖြစ်မလားဆိုတာကိုတော့။

ပရိတ်သတ်တွေရှေ့မှာ နောက်ထပ်နိုင်ပွဲတပွဲ
ပြီးခဲ့တဲ့ တစ်ပတ်ကစလို့ ပရိတ်သတ်တွေ ကွင်းထဲဝင်ရောက်အားပေးခွင့်ရအပြီးမှာ စပါးစ်အသင်းဟာ အိမ်ကွင်း ၂ ပွဲလုံးမှာ လန်ဒန် ဒါဘီပြိုင်ဘက် အာဆင်နယ်နဲ့ ယူရိုပါလိဂ်ပြိုင်ဘက် ရွိုင်ယယ်လ် အန့် တို့ကို အနိုင်ကန်ပြီး လန်ဒန်မြို့က စပါးစ်ပရိတ်သတ် ၂၀၀၀ ကို ပျော်ရွှင်စေခဲ့ပါတယ်။

အရင် ဂါရတ်ဘေးလ်ကို ပြန်မြင်ရဖို့ နီးပြီလား
ကြံ့ခိုင်မှုပြသနာရှိနေတာကြောင့် စပါးစ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပွဲထွက်ခွင့်မရသေးတဲ့ ဂါရတ်ဘေးကို ယူရိုပါလိဂ်ပွဲစဉ်တွေမှာတော့ နည်းပြမော်ရင်ညိုက ပွဲထွက်ကစားခွင့်တွေပေးနေပြီး ဂါရတ်ဘေးအနေနဲ့လဲ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ အရင်လိုပုံမှန်ခြေစွမ်းပြန်ရဖို့ ကြိုးစားနေရဆဲဖြစ်ပေမယ့် သိပ်မကြာခင်မှာ ဂါရတ်ဘေး ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့ တိုက်စစ်အတွဲကို မြင်ရဖွယ်ရှိနေပါပြီ။

ရပ်တန့်လို့မရတဲ့ ဟယ်ရီကိန်း
စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒီရာသီမှာ စပါးအသင်းအတွက် သွင်းဂိုးပါဝင်ပတ်သက်မှု ၂၇ ဂိုးအထိ ရှိလာခဲ့ပါပြီ။ ၇၁ မိနစ်မှာ လိုဆယ်ဆိုရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ သွင်းဂိုးတွေရဲ့ အဓိက သော့ချက်ဖြစ်လာပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသထားတာပါ။

ယူရိုပါလိဂ်မှာ ဂိုးဆက်တိုက်မြူးနေတဲ့ ကားလို့စ် ဗီနီးစီးယပ်
ရွိုင်ယယ်လ် အန့် အသင်းနဲ့ ယူရိုပါလိဂ်ပွဲမှာ တိုက်စစ်မှူးအဖြစ်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ကားလို့စ် ဗီနီးစီးယပ်ဟာ စပါးအသင်းအတွက် ပထမဂိုးကို ၅၇ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဒီရာသီယူရိုပါလိဂ်သွင်းဂိုး ၃ ဂိုးအထိရှိလာခဲ့ပါပြီ။

မော်ရင်ဟိုရဲ့ ခံစစ်ကျောက်ဆောင်
ပရီးမီးယားလိဂ်မှာ လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်ကို ဂိုးမပေးရဘဲနိုင်ခဲ့ပြီး တက်ဆက်တည်း ယူရိုပါလိဂ်မှာ နောက်ခံလူတွေ အပြောင်းအလဲလုပ်ခဲ့ပေမယ့် စပါး အသင်းရဲ့ ခံစစ်ကစားပုံဟာ မာကျော ကျစ်လျစ်ဆဲဖြစ်ပြီး နောက်ထပ် Clean Sheet တစ်ပွဲရယူနိုင်ခဲ့ပါတယ်။

အကောင်းဆုံးကစားသမား လိုဆယ်ဆို
ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရွိုင်ယယ်လ် အန့် ကိုအနိုင်ရခဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးလဲသွင်းယူပေးခဲ့သလို စပါးအသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့တဲ့ လိုဆယ်ဆို ဟာ အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCE
PHOTO CREDIT TO OWNERS
SPORT A2Z

ZAWGYI:

စပါးစ္အတြက္ ေမာ္ရင္ဟိုယူ႐ိုပါလိဂ္ဖလား ယူေပးႏိုင္မလား- ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ စပါးစ္အသင္းဟာ ယူ႐ိုပါလိဂ္မွာလဲ အမွားယြင္းမရွိ ေနာက္တစ္ဆင့္တက္ေရာက္သြားပါၿပီ။ ႐ြိဳင္ယယ္လ္ အန႔္ အသင္းကို အိမ္ကြင္းမွာ ၂-၀ နဲ႔ အႏိုင္ယူၿပီးတဲ့ေနာက္ ရႈံးထြက္ဆုဖလားေတြနဲ႔ ယဥ္ပါးတဲ့ ေမာ္ရင္ဟိုတစ္ေယာက္ စပါးစ္အသင္းအတြက္ ပထမဆုံးယူေပးမယ့္ ဆုဖလားဟာ ယူ႐ိုပါလိဂ္ဖလားျဖစ္မလားဆိုတာကိုေတာ့။

ပရိတ္သတ္ေတြေရွ႕မွာ ေနာက္ထပ္ႏိုင္ပြဲတပြဲ- ၿပီးခဲ့တဲ့ တစ္ပတ္ကစလို႔ ပရိတ္သတ္ေတြ ကြင္းထဲဝင္ေရာက္အားေပးခြင့္ရအၿပီးမွာ စပါးစ္အသင္းဟာ အိမ္ကြင္း ၂ ပြဲလုံးမွာ လန္ဒန္ ဒါဘီၿပိဳင္ဘက္ အာဆင္နယ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ဘက္ ႐ြိဳင္ယယ္လ္ အန႔္ တို႔ကို အႏိုင္ကန္ၿပီး လန္ဒန္ၿမိဳ႕က စပါးစ္ပရိတ္သတ္ ၂၀၀၀ ကို ေပ်ာ္႐ႊင္ေစခဲ့ပါတယ္။

ဂါရတ္ေဘးပုံမွန္ေျခစြမ္းျပန္ရဖို႔နီးစပ္ၿပီလား- ႀကံ့ခိုင္မႈျပသနာရွိေနတာေၾကာင့္ စပါးစ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ပြဲထြက္ခြင့္မရေသးတဲ့ ဂါရတ္ေဘးကို ယူ႐ိုပါလိဂ္ပြဲစဥ္ေတြမွာေတာ့ နည္းျပေမာ္ရင္ညိဳက ပြဲထြက္ကစားခြင့္ေတြေပးေနၿပီး ဂါရတ္ေဘးအေနနဲ႔လဲ ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။ အရင္လိုပုံမွန္ေျခစြမ္းျပန္ရဖို႔ ႀကိဳးစားေနရဆဲျဖစ္ေပမယ့္ သိပ္မၾကာခင္မွာ ဂါရတ္ေဘး ဆြန္ေဟာင္မင္နဲ႔ ဟယ္ရီကိန္းတို႔ တိုက္စစ္အတြဲကို ျမင္ရဖြယ္ရွိေနပါၿပီ။

ရပ္တန႔္လို႔မရတဲ့ ဟယ္ရီကိန္း- စပါးအသင္းရဲ႕ အဓိကတိုက္စစ္မႉး ဟယ္ရီကိန္းဟာ ဒီရာသီမွာ စပါးအသင္းအတြက္ သြင္းဂိုးပါဝင္ပတ္သက္မႈ ၂၇ ဂိုးအထိ ရွိလာခဲ့ပါၿပီ။ ၇၁ မိနစ္မွာ လိုဆယ္ဆိုရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့တဲ့ ဟယ္ရီကိန္းဟာ စပါးအသင္းရဲ႕ သြင္းဂိုးေတြရဲ႕ အဓိက ေသာ့ခ်က္ျဖစ္လာၿပီး ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသထားတာပါ။

ယူ႐ိုပါလိဂ္မွာ သြင္းဂိုး ၃ ဂိုးအထိ ရွိလာတဲ့ ကားလို႔စ္ ဗီနီးစီးယပ္- ႐ြိဳင္ယယ္လ္ အန႔္ အသင္းနဲ႔ ယူ႐ိုပါလိဂ္ပြဲမွာ တိုက္စစ္မႉးအျဖစ္ပြဲထြငဟက္ကစားခြင့္ရခဲ့တဲ့ ကားလို႔စ္ ဗီနီးစီးယပ္ဟာ စပါးအသင္းအတြက္ ပထမဂိုးကို ၅၇ မိနစ္မွာ သြင္းယူေပးခဲ့ၿပီး ဒီရာသီယူ႐ိုပါလိဂ္သြင္းဂိုး ၃ ဂိုးအထိရွိလာခဲ့ပါၿပီ။

ေမာ္ရင္ဟိုရဲ႕ ခံစစ္ေက်ာက္ေဆာင္ – ပရီးမီးယားလိဂ္မွာ လန္ဒန္ဒါဘီၿပိဳင္ဘက္ အာဆင္နယ္ကို ဂိုးမေပးရဘဲႏိုင္ခဲ့ၿပီး တက္ဆက္တည္း ယူ႐ိုပါလိဂ္မွာ ေနာက္ခံလူေတြ အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ စပါး အသင္းရဲ႕ ခံစစ္ကစားပုံဟာ မာေက်ာ က်စ္လ်စ္ဆဲျဖစ္ၿပီး ေနာက္ထပ္ Clean Sheet တစ္ပြဲရယူႏိုင္ခဲ့ပါတယ္။

အေကာင္းဆုံးကစားသမား လိုဆယ္ဆို- ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မွာ ႐ြိဳင္ယယ္လ္ အန႔္ ကိုအႏိုင္ရခဲ့ပြဲမွာ အေကာင္းဆုံးေျခစြမ္းျပသႏိုင္ခဲ့ၿပီး သြင္းဂိုးတစ္ဂိုးလဲသြင္းယူေပးခဲ့သလို စပါးအသင္းရဲ႕ ကြင္းလယ္ကို အေကာင္းဆုံး ထိန္းေက်ာင္းႏိုင္ခဲ့တဲ့ လိုဆယ္ဆို ဟာ အဆိုပါပြဲရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCE
PHOTO CREDIT TO OWNERS
SPORT A2Z