Match Report Premier League UCL&UEL

အာတီတာရဲ့ ကစားကွက်သစ်နဲ့ အုပ်စုအဆင့်ကို ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အာဆင်နယ်ပိတ်သိမ်း

အာဆင်နယ်အသင်းဟာ ဒီနေ့မှာ ယူရိုပါလိဂ်ကစားနေကျ ကစားသမားတွေကို ပွဲထုတ်လာခဲ့သလို တိုက်စစ်ကို ပေပေက ဦးဆောင်ခဲ့ပြီး နကီးတီးယား၊ စမစ်ရိုး၊ ဝီလော့ခ်တို့ရဲ့ ခြေစွမ်းပြနိုင်မှုနဲ့အတူ အုပ်စုအဆင့်ကို ၆ ပွဲကစား ၆ ပွဲနိုင် ရာနှုန်းပြည့်ရလဒ်နဲ့ အဆုံးသတ် မှတ်တမ်းရေးနိုင်ခဲ့ပါတယ်။

ဒဏ်ရာကနေ သက်သာလာတဲ့ ချိမ်းဘားစ် ပွဲထွက်လာခဲ့သလို ၃ ယောက်တန်း ခံစစ်နဲ့ ၃-၄-၃ ကစားကွက်ကို ပြန်ပြောင်းခဲ့တဲ့ အာဆင်နယ်တို့ ပွဲချိန် ၁၂ မိနစ်မှာပဲ ဂိုးစရခဲ့ပြီး နောက်တန်းရဲ့ အမှားကနေ ဘောလုံးလုယူနိုင်ခဲ့တဲ့ နကီးတီးယားက ဂိုးသမားကို ကျော်သွင်းပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဂိုးဧရိယာထဲအထိ ဆင်းကစားနေတဲ့ ဒန်းဒေါ့လ်ခံစစ်ကြောင့် ကွင်းလယ်မှာ နေရာလွတ်တွေ များနေချိန်မှာ စမစ်ရိုးက နောက်က ရှိနေတဲ့ အယ်လ်နန်နီကို ချပေးခဲ့ရာမှာ အီဂျစ်သားက ပြင်းထန်တဲ့ ရော့ကက်ကန်ချက်နဲ့ ဂိုးတိုင်အပေါ်ထောင့်ကို ကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုး အိမ်ရှင်တို့ကို ပြန်ပေးခဲ့ရပြီး ပွဲချိန် ၂၂ မိနစ်မှာ ညာခြမ်းကနေ ဘောလုံးရသွားတဲ့ ဖလောရက်စ်က ဂိုးဧရိယာထဲကနေ ချိုးကန်ခဲ့ရာမှာ ဂိုးသမား ရူနာဆန် နေရာယူပုံနဲ့ ကာကွယ်ပုံ အားနည်းခဲ့လို့ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အယ်လ်နန်နီကို အနားပေးဖို့ ဒါနီ စီဘာယော့စ် ဝင်ကစားခဲ့သလို လူငယ်တွေကိုလည်း ထည့်သုံးသွားခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး ဘာလိုဂွန်က ရင်ဘတ်နဲ့ ထိန်းပြီး ချပေးတာကို တတိယဂိုးအဖြစ် ဝီလော့ခ်က ကန်သွင်းရယူသွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ဒန်းဒေါ့လ်ခ်နောက်တန်းရဲ့ လူကပ်ပုံ အားနည်းမှုကနေ ဘယ်ခြမ်းမှာ လွတ်နေတဲ့ ဘာလိုဂွန်ကို ပေပေက ထိုးပေးခဲ့ရာမှာ အသင်းနဲ့ စာချုပ်ချုပ်တော့မယ်လို့ သတင်းထွက်နေတဲ့ လူငယ်တိုက်စစ်မှူးက တည်တည်ငြိမ်ငြိမ်ပဲ အနိမ့်ဘောကန်သွင်းအဆုံးသတ်ပြီး စတုတ္ထဂိုး ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ အိမ်ရှင် အိုင်းရစ်သားတွေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ပြစ်ဒဏ်ဘောကနေ ဖလောရက်စ် ကန်တင်ပေးရာမှာ မာကင်လွတ်နေတဲ့ နောက်ခံလူ ဟိုးရ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။ ဒီဂိုးမှာတော့ တတိယဂိုးသမားအဆင့်နဲ့ ရူနာဆန်ဟာ အာဆင်နယ်အတွက် ဘယ်လိုနည်းနဲ့မှ Backup ကောင်းတစ်ယောက် မဖြစ်နိုင်သေးဘူးလို့ မြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ လူငယ်ကစားသမားနှစ်ဦးဖြစ်တဲ့ ကော့ထရဲလ်နဲ့ မီဂယ်လ် အဇစ်ဇ်တို့ကို သုံးစွဲသွားခဲ့ပြီး သူတို့အတွက် ပထမဆုံး အသင်းကြီးနဲ့ ပွဲထွက်မှုတွေကို ပေးအပ်သွားခဲ့တာကို တွေ့မြင်ခဲ့ရသလို ပွဲအပြီးမှာတော့ အာဆင်နယ်တို့ လေးဂိုး-နှစ်ဂိုးနဲ့ ရာနှုန်းပြည့်နိုင်ပွဲရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ၃၂ သင်း ရှုံးထွက်အဆင့်အတွက် မဲခွဲရေးဆွဲမှုကို စောင့်မျှော်နေခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ဒီေန႔မွာ ယူ႐ိုပါလိဂ္ကစားေနက် ကစားသမားေတြကို ပြဲထုတ္လာခဲ့သလို တိုက္စစ္ကို ေပေပက ဦးေဆာင္ခဲ့ၿပီး နကီးတီးယား၊ စမစ္႐ိုး၊ ဝီေလာ့ခ္တို႔ရဲ႕ ေျခစြမ္းျပႏိုင္မႈနဲ႔အတူ အုပ္စုအဆင့္ကို ၆ ပြဲကစား ၆ ပြဲႏိုင္ ရာႏႈန္းျပည့္ရလဒ္နဲ႔ အဆုံးသတ္ မွတ္တမ္းေရးႏိုင္ခဲ့ပါတယ္။

ဒဏ္ရာကေန သက္သာလာတဲ့ ခ်ိမ္းဘားစ္ ပြဲထြက္လာခဲ့သလို ၃ ေယာက္တန္း ခံစစ္နဲ႔ ၃-၄-၃ ကစားကြက္ကို ျပန္ေျပာင္းခဲ့တဲ့ အာဆင္နယ္တို႔ ပြဲခ်ိန္ ၁၂ မိနစ္မွာပဲ ဂိုးစရခဲ့ၿပီး ေနာက္တန္းရဲ႕ အမွားကေန ေဘာလုံးလုယူႏိုင္ခဲ့တဲ့ နကီးတီးယားက ဂိုးသမားကို ေက်ာ္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဂိုးဧရိယာထဲအထိ ဆင္းကစားေနတဲ့ ဒန္းေဒါ့လ္ခံစစ္ေၾကာင့္ ကြင္းလယ္မွာ ေနရာလြတ္ေတြ မ်ားေနခ်ိန္မွာ စမစ္႐ိုးက ေနာက္က ရွိေနတဲ့ အယ္လ္နန္နီကို ခ်ေပးခဲ့ရာမွာ အီဂ်စ္သားက ျပင္းထန္တဲ့ ေရာ့ကက္ကန္ခ်က္နဲ႔ ဂိုးတိုင္အေပၚေထာင့္ကို ကန္သြင္းၿပီး ဒုတိယဂိုး ရယူခဲ့ပါတယ္။

သိပ္မၾကာခင္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုးတစ္ဂိုး အိမ္ရွင္တို႔ကို ျပန္ေပးခဲ့ရၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာ ညာျခမ္းကေန ေဘာလုံးရသြားတဲ့ ဖေလာရက္စ္က ဂိုးဧရိယာထဲကေန ခ်ိဳးကန္ခဲ့ရာမွာ ဂိုးသမား ႐ူနာဆန္ ေနရာယူပုံနဲ႔ ကာကြယ္ပုံ အားနည္းခဲ့လို႔ ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အယ္လ္နန္နီကို အနားေပးဖို႔ ဒါနီ စီဘာေယာ့စ္ ဝင္ကစားခဲ့သလို လူငယ္ေတြကိုလည္း ထည့္သုံးသြားခဲ့ၿပီး ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ လူစားဝင္တိုက္စစ္မႉး ဘာလိုဂြန္က ရင္ဘတ္နဲ႔ ထိန္းၿပီး ခ်ေပးတာကို တတိယဂိုးအျဖစ္ ဝီေလာ့ခ္က ကန္သြင္းရယူသြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ဒန္းေဒါ့လ္ခ္ေနာက္တန္းရဲ႕ လူကပ္ပုံ အားနည္းမႈကေန ဘယ္ျခမ္းမွာ လြတ္ေနတဲ့ ဘာလိုဂြန္ကို ေပေပက ထိုးေပးခဲ့ရာမွာ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ေတာ့မယ္လို႔ သတင္းထြက္ေနတဲ့ လူငယ္တိုက္စစ္မႉးက တည္တည္ၿငိမ္ၿငိမ္ပဲ အနိမ့္ေဘာကန္သြင္းအဆုံးသတ္ၿပီး စတုတၳဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ အိမ္ရွင္ အိုင္းရစ္သားေတြ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ျပစ္ဒဏ္ေဘာကေန ဖေလာရက္စ္ ကန္တင္ေပးရာမွာ မာကင္လြတ္ေနတဲ့ ေနာက္ခံလူ ဟိုးရ္က ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။ ဒီဂိုးမွာေတာ့ တတိယဂိုးသမားအဆင့္နဲ႔ ႐ူနာဆန္ဟာ အာဆင္နယ္အတြက္ ဘယ္လိုနည္းနဲ႔မွ Backup ေကာင္းတစ္ေယာက္ မျဖစ္ႏိုင္ေသးဘူးလို႔ ျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အာဆင္နယ္တို႔ လူငယ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေကာ့ထရဲလ္နဲ႔ မီဂယ္လ္ အဇစ္ဇ္တို႔ကို သုံးစြဲသြားခဲ့ၿပီး သူတို႔အတြက္ ပထမဆုံး အသင္းႀကီးနဲ႔ ပြဲထြက္မႈေတြကို ေပးအပ္သြားခဲ့တာကို ေတြ႕ျမင္ခဲ့ရသလို ပြဲအၿပီးမွာေတာ့ အာဆင္နယ္တို႔ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ရာႏႈန္းျပည့္ႏိုင္ပြဲရလဒ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ၃၂ သင္း ရႈံးထြက္အဆင့္အတြက္ မဲခြဲေရးဆြဲမႈကို ေစာင့္ေမွ်ာ္ေနခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: GUARDIAN
PHOTOS CREDIT TO OWNERS
SPORTS A2Z.