Premier League Transfer News

10 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းရဲ့ ပြောင်းရွှေ့ကြေးကုန်ကျနိုင်တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ကို အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အလိုရှိနေခဲ့ပြီးနောက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်တဲ့ လူငယ်ခံစစ်မှူး အဲရစ် ဂါစီယာကိုပါ ခေါ်ယူဖို့ အလိုရှိနေ။

– မာဆေးလ်နဲ့ပွဲမှာ ကွင်းလယ်မှာ ပွဲထွက်လာခဲ့တဲ့ အသင်းခေါင်းဆောင်ကွင်းလယ်လူ ဖာနန်ဒင်ညိုရဲ့ လုပ်အားနှုန်းနဲ့ ဘောလုံးပေးပို့မှုကတော့ ပေါ်လွင်ခဲ့ပြီး ဘောလုံးထိချက် ၁၀၇ ချက်အထိ ရှိခဲ့သလို ပေးပို့မှုမှာလည်း ၉၅ ကြိမ်မှာ ၈၇ ကြိမ် အောင်မြင်ခဲ့။

– အစ်တီဟတ်ကို ခေါ်ယူဖို့ နည်းပြ ဂွါဒီယိုလာက အလိုရှိနေခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ နူးကမ့်မှာ ဥက္ကဌသစ် အပြောင်းအလဲဖြစ်ခဲ့ပြီး သူသဘောကျတဲ့သူမျိုးကိုသာ ရွေးကောက်တင်မြှောက်မှု ရှိလာခဲ့ရင် သက်တမ်းတိုး စာချုပ်ချုပ်သွားဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းက မန်စီးတီးပရိသတ်တွေအတွက်တော့ စိုးရိမ်စရာဖြစ်လာခဲ့။

– ပြီးခဲ့တဲ့ မာဆေးလ်နဲ့ပွဲမှာ ပွဲပြီးခါနီးသွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတောင်ပံကစားသမား ရာဟင်းမ် စတာလင်ဟာ ချန်ပီယံလိဂ်မှာ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ထိပ်ဆုံး ကစားသမား ၅၀ ဦး စာရင်းဝင်အဖြစ် ၂၂ ဂိုးနဲ့ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီး လီဗာပူးလ် ကွင်းလယ်လူဟောင်းနဲ့ လက်ရှိ ရိန်းဂျားစ်နည်းပြ စတီဗင် ဂျရတ်ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့။

– လာမယ့် မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ရဲ့ အားနည်းချက်ဖြစ်တဲ့ ခံစစ်ညာခြမ်းက ဝန်ဘစ်ဆာကာနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ကွက်လပ်တွေကို RB လိုက်ပ်ဇစ်လိုပဲ အသုံးချသွားမှာဖြစ်တယ်လို့ ခန့်မှန်းနေကြ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ တွေ့ဆုံရမယ့် အုပ်စုဒုတိယအသင်းတွေက လာဇီယိုအသင်းကို အလွယ်ကူဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ထားပြီး အက်သလက်တီကို မက်ဒရစ်အသင်းကတော့ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်လာနိုင်။

– ပြီးခဲတဲ့ အပြောင်းအရွှေ့မှာ မန်စီးတီးအသင်းကနေ ရောင်းချလိုက်တဲ့ လူငယ်နောက်ခံလူတွေအပေါ် မှားယွင်းတဲ့ ဆုံးဖြတ်ချက်မျိုး ချခဲ့မိတယ်လို့ စောင့်ကြည့်သူတချို့က ထင်မြင်နေကြပြီး အာဒါရာဘိုင်ယိုရိုက ဖူလ်ဟမ်မှာ ခြေစွမ်းပြနေသလို လာတီဘိုဒီယေးကလည်း ဆွမ်းဆီးအသင်းမှာ ခြေစွမ်းပြနေ။

– အက်စတန်ဗီလာအသင်းနဲ့အတူ ခြေစွမ်းပြသနေတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က သူ့ကို မန်ချက်စတာစီးတီး အသင်းအနေနဲ့ ပြန်လည်ခေါ်ယူနိုင်တယ်ဆိုတဲ့အချက်ကိုတော့ သတိပြုမိကြောင်းနဲ့ ဒါပေမယ့် သူ့အတွက်တော့ ကွင်းထဲမှာ ကိုယ့်အလုပ် ကိုယ်လုပ်ပြီး အက်စတန်ဗီလာအတွက် အကောင်းဆုံးကြိုးစားပေးဖို့ကပဲ ပထမဖြစ်တယ်လို့ ပြောကြားသွား။

– မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ဒါဘီပွဲမှာ မန်စီးတီးတို့ကို အနိုင်ယူနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ထားရတဲ့ အနုတ်လက္ခဏာကို နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ အဖတ်မဆည်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ ခန့်မှန်းမှုတွေရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကုန္က်ႏိုင္တဲ့ ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက အလိုရွိေနခဲ့ၿပီးေနာက္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္တဲ့ လူငယ္ခံစစ္မႉး အဲရစ္ ဂါစီယာကိုပါ ေခၚယူဖို႔ အလိုရွိေန။

– မာေဆးလ္နဲ႔ပြဲမွာ ကြင္းလယ္မွာ ပြဲထြက္လာခဲ့တဲ့ အသင္းေခါင္းေဆာင္ကြင္းလယ္လူ ဖာနန္ဒင္ညိဳရဲ႕ လုပ္အားႏႈန္းနဲ႔ ေဘာလုံးေပးပို႔မႈကေတာ့ ေပၚလြင္ခဲ့ၿပီး ေဘာလုံးထိခ်က္ ၁၀၇ ခ်က္အထိ ရွိခဲ့သလို ေပးပို႔မႈမွာလည္း ၉၅ ႀကိမ္မွာ ၈၇ ႀကိမ္ ေအာင္ျမင္ခဲ့။

– အစ္တီဟတ္ကို ေခၚယူဖို႔ နည္းျပ ဂြါဒီယိုလာက အလိုရွိေနခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ႏူးကမ့္မွာ ဥကၠဌသစ္ အေျပာင္းအလဲျဖစ္ခဲ့ၿပီး သူသေဘာက်တဲ့သူမ်ိဳးကိုသာ ေ႐ြးေကာက္တင္ေျမႇာက္မႈ ရွိလာခဲ့ရင္ သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္သြားဖို႔ ဆႏၵရွိေနတယ္ဆိုတဲ့ သတင္းက မန္စီးတီးပရိသတ္ေတြအတြက္ေတာ့ စိုးရိမ္စရာျဖစ္လာခဲ့။

– ၿပီးခဲ့တဲ့ မာေဆးလ္နဲ႔ပြဲမွာ ပြဲၿပီးခါနီးသြင္းဂိုးကို ရယူႏိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ဟာ ခ်န္ပီယံလိဂ္မွာ ဂိုးအမ်ားဆုံး သြင္းယူႏိုင္ခဲ့တဲ့ ထိပ္ဆုံး ကစားသမား ၅၀ ဦး စာရင္းဝင္အျဖစ္ ၂၂ ဂိုးနဲ႔ မွတ္တမ္းသစ္ ေရးထိုးႏိုင္ခဲ့ၿပီး လီဗာပူးလ္ ကြင္းလယ္လူေဟာင္းနဲ႔ လက္ရွိ ရိန္းဂ်ားစ္နည္းျပ စတီဗင္ ဂ်ရတ္ရဲ႕ စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့။

– လာမယ့္ မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာစီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ အားနည္းခ်က္ျဖစ္တဲ့ ခံစစ္ညာျခမ္းက ဝန္ဘစ္ဆာကာနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ကြက္လပ္ေတြကို RB လိုက္ပ္ဇစ္လိုပဲ အသုံးခ်သြားမွာျဖစ္တယ္လို႔ ခန႔္မွန္းေနၾက။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္ ၁၆ သင္းအဆင့္မွာ ေတြ႕ဆုံရမယ့္ အုပ္စုဒုတိယအသင္းေတြက လာဇီယိုအသင္းကို အလြယ္ကူဆုံးၿပိဳင္ဘက္အျဖစ္ သတ္မွတ္ထားၿပီး အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ အခက္ခဲဆုံးၿပိဳင္ဘက္ ျဖစ္လာႏိုင္။

– ၿပီးခဲတဲ့ အေျပာင္းအေ႐ႊ႕မွာ မန္စီးတီးအသင္းကေန ေရာင္းခ်လိုက္တဲ့ လူငယ္ေနာက္ခံလူေတြအေပၚ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး ခ်ခဲ့မိတယ္လို႔ ေစာင့္ၾကည့္သူတခ်ိဳ႕က ထင္ျမင္ေနၾကၿပီး အာဒါရာဘိုင္ယို႐ိုက ဖူလ္ဟမ္မွာ ေျခစြမ္းျပေနသလို လာတီဘိုဒီေယးကလည္း ဆြမ္းဆီးအသင္းမွာ ေျခစြမ္းျပေန။

– အက္စတန္ဗီလာအသင္းနဲ႔အတူ ေျခစြမ္းျပသေနတဲ့ ဘရာဇီးလ္ကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က သူ႔ကို မန္ခ်က္စတာစီးတီး အသင္းအေနနဲ႔ ျပန္လည္ေခၚယူႏိုင္တယ္ဆိုတဲ့အခ်က္ကိုေတာ့ သတိျပဳမိေၾကာင္းနဲ႔ ဒါေပမယ့္ သူ႔အတြက္ေတာ့ ကြင္းထဲမွာ ကိုယ့္အလုပ္ ကိုယ္လုပ္ၿပီး အက္စတန္ဗီလာအတြက္ အေကာင္းဆုံးႀကိဳးစားေပးဖို႔ကပဲ ပထမျဖစ္တယ္လို႔ ေျပာၾကားသြား။

– ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ ဒါဘီပြဲမွာ မန္စီးတီးတို႔ကို အႏိုင္ယူႏိုင္ဖို႔ ႀကိဳးစားသြားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ထားရတဲ့ အႏုတ္လကၡဏာကို နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ အဖတ္မဆည္ႏိုင္ခဲ့ဘဲ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ ရာထူးကေန ထုတ္ပယ္ခံရလိမ့္မယ္လို႔ ခန႔္မွန္းမႈေတြရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.