Match Report Premier League UCL&UEL

အိမ်ကွင်းမှာ အနိုင်ကန်ပြီး အုပ်စုပထမနေရာသိမ်းတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ယူရိုပါလိဂ်မှာ အနည်းဆုံး ဒုတိယနေရာကနေ နောက်တစ်ဆင့်တက်နေပြီဖြစ်ပေမယ့် အိမ်ကွင်းမှာ ရွိုင်ယယ်လ် အန့်တဝပ်ကို အနိုင်ကန်ပြီး အုပ်စုပထမကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားလာခဲ့ပြီး နောက်တစ်ဆင့်မှာ ပွဲချောင်စေဖို့အတွက် ပြင်ဆင်လာခဲ့ပါတယ်။

အုပ်စုဗိုလ်ရမှ ဆီဒင်ရမယ်ဆိုတဲ့ အချက်က စပါးစ်အသင်းအတွက် တွန်းအားဖြစ်စေပြီး ပုံမှန်လူထုတ်ပုံမှာ တိုက်စစ်မှာ တိုးအားကောင်းတဲ့ ဗီနီးရှပ်စ်နဲ့အတူ ဘေးလ်ကို တွဲပေးခဲ့တာက နိုင်ပွဲလိုချင်နေမှန်း သိသာခဲ့ပေမယ့် ကစားသမားတွေရဲ့ အားထုတ်မှုကတော့ တစ်ရာဖိုး သုံးလုံး ကန်ချက်တွေ များနေခဲ့တာကြောင့် မော်ရင်ညိုရဲ့ ပြိုင်ပွဲကို လေးစားကြဖို့ ပြောခဲ့တာက မလွန်ဘူးလို့ ထင်ရပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲချိန် ၅၇ မိနစ်မှာ ဘေးလ်ရဲ့ ခပ်ဝေးဝေးက ဖရီးကစ်ကို ဂိုးသမား ဘီရန်ဗန်း ပုတ်ထုတ်လို့ ပြန်ကျလာခဲ့တာကို အဆင်သင့်ရှိနေတဲ့ တိုက်စစ်မှူး ဗီနီးရှပ်စ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့ ရလဒ်အတွက် စိတ်ချရစေဖို့ တိုက်စစ်မှူး ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ အန်ဒွမ်ဘီလီတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ စပါးစ်တို့အတွက် အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ပြန်ရသွားတဲ့ ဟာရီကိန်းက ညာခြမ်းက လိုဆဲလ်ဆိုရဲ့ ပြေးလမ်းထဲ ထည့်ပေးတာကို အာဂျင်တီးနားသားက ဘယ်ခြေနဲ့ ဂိုးသမားမမီတဲ့ဆီကို ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ ထပ်မံရရှိတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိတော့တာကြောင့် နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ပဲ နည်းပြ မော်ရင်ညိုတစ်ယောက် ကျေနပ်ခဲ့ရပေမယ့် အုပ်စုပထမအဖြစ်နဲ့ ၃၂ သင်းအဆင့်မှာ အသင်းကြီးတွေနဲ့ တွေ့ဆုံမယ့် အဖြစ်ကနေ ရှောင်လွှဲနိုင်ခဲ့ပြီး အေးအေးဆေးဆေးဖြစ်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္မွာ အနည္းဆုံး ဒုတိယေနရာကေန ေနာက္တစ္ဆင့္တက္ေနၿပီျဖစ္ေပမယ့္ အိမ္ကြင္းမွာ ႐ြိဳင္ယယ္လ္ အန႔္တဝပ္ကို အႏိုင္ကန္ၿပီး အုပ္စုပထမကို သိမ္းပိုက္ႏိုင္ဖို႔ ႀကိဳးစားလာခဲ့ၿပီး ေနာက္တစ္ဆင့္မွာ ပြဲေခ်ာင္ေစဖို႔အတြက္ ျပင္ဆင္လာခဲ့ပါတယ္။

အုပ္စုဗိုလ္ရမွ ဆီဒင္ရမယ္ဆိုတဲ့ အခ်က္က စပါးစ္အသင္းအတြက္ တြန္းအားျဖစ္ေစၿပီး ပုံမွန္လူထုတ္ပုံမွာ တိုက္စစ္မွာ တိုးအားေကာင္းတဲ့ ဗီနီးရွပ္စ္နဲ႔အတူ ေဘးလ္ကို တြဲေပးခဲ့တာက ႏိုင္ပြဲလိုခ်င္ေနမွန္း သိသာခဲ့ေပမယ့္ ကစားသမားေတြရဲ႕ အားထုတ္မႈကေတာ့ တစ္ရာဖိုး သုံးလုံး ကန္ခ်က္ေတြ မ်ားေနခဲ့တာေၾကာင့္ ေမာ္ရင္ညိဳရဲ႕ ၿပိဳင္ပြဲကို ေလးစားၾကဖို႔ ေျပာခဲ့တာက မလြန္ဘူးလို႔ ထင္ရၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲခ်ိန္ ၅၇ မိနစ္မွာ ေဘးလ္ရဲ႕ ခပ္ေဝးေဝးက ဖရီးကစ္ကို ဂိုးသမား ဘီရန္ဗန္း ပုတ္ထုတ္လို႔ ျပန္က်လာခဲ့တာကို အဆင္သင့္ရွိေနတဲ့ တိုက္စစ္မႉး ဗီနီးရွပ္စ္က အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ရလဒ္အတြက္ စိတ္ခ်ရေစဖို႔ တိုက္စစ္မႉး ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ အန္ဒြမ္ဘီလီတို႔ကို ထည့္သြင္းကစားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ စပါးစ္တို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံး ျပန္ရသြားတဲ့ ဟာရီကိန္းက ညာျခမ္းက လိုဆဲလ္ဆိုရဲ႕ ေျပးလမ္းထဲ ထည့္ေပးတာကို အာဂ်င္တီးနားသားက ဘယ္ေျခနဲ႔ ဂိုးသမားမမီတဲ့ဆီကို ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စပါးစ္တို႔ ထပ္မံရရွိတဲ့ အခြင့္အေရးေတြကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ျခင္းမရွိေတာ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ပဲ နည္းျပ ေမာ္ရင္ညိဳတစ္ေယာက္ ေက်နပ္ခဲ့ရေပမယ့္ အုပ္စုပထမအျဖစ္နဲ႔ ၃၂ သင္းအဆင့္မွာ အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံမယ့္ အျဖစ္ကေန ေရွာင္လႊဲႏိုင္ခဲ့ၿပီး ေအးေအးေဆးေဆးျဖစ္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.