Premier League Transfer News

10 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အသင်းအနေနဲ့ တိုးတက်မှုရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ဆက်လက်တာဝန်ပေးအပ်ပြီး ထုတ်ပယ်ခြင်း မပြုဖို့ မန်ချက်စတာယူနိုက်တက်သံတမန် ပီတာ ရှမိုက်ကယ်က အသင်းဖော်ဟောင်းဘက်က ထောက်ခံသွား။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ဒါဘီပွဲမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ကြောက်ရွံ့နေကြလိမ့်မယ်လို့ နှစ်သင်းစလုံးမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း ရှောင်ဂုတ်တာ ပြောကြား။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို နွေရာသီက ပယာနစ်ချ်၊ ဒေါက်ဂလပ်စ် ကော်စတာတို့နဲ့ အလိုက်ပေးလဲလှယ်ဖို့ စီစဉ်ခဲ့ဖူးသလို လာမယ့်အပြောင်းအရွှေ့ကာလတွေမှာလည်း ပေါ်လို ဒီဘားလားနဲ့ လဲလှယ်သွားဖို့ စီစဉ်နေ။

– ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းနဲ့ အပြိုင်လုမှာ မဟုတ်ဘဲ ပိုမိုငယ်ရွယ်တဲ့ ကစားသမားတွေဖြစ်ကြပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်တွေလည်းဖြစ်နေတဲ့ အေဒူယာဒို ကာမာဗင်ဂါနဲ့ အာလင်း ဟားလန်းတို့ကိုပဲ ခေါ်ယူသွားမယ်လို့ သိရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ၄-၃-၃၊ ၄-၄-၂ နဲ့ ၃-၅-၂ ကစားကွက်တွေမှာ အလျဉ်းသင့်သလို အသုံးပြုနိုင်မယ့် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား လူးကပ်စ် ဗက်ဇ်ကေးဇ်ကို ယူရို ၁၅ သန်းနဲ့ ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေ။

– မန်ချက်စတာစီးတီးအသင်းဟာ ချန်ပီယံလိဂ်ရော ပရီးမီးယားလိဂ်မှာပါ ဗိုလ်စွဲနိုင်မယ့် အသင်းမျိုးနဲ့ မတူကြောင်းနဲ့ သူတို့မှာ လီဗာပူးလ် အသင်းလိုမျိုး တည်ငြိမ်ပြီး ပုံမှန်ရှိတဲ့ ခြေစွမ်းမျိုးကို တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်စွမ်း မရှိကြောင်း ဒါဘီပွဲမတိုင်ခင် မြို့ခံပြိုင်ဘက်ကို ရီယို ဖာဒီနန် ထိုးနှက်။

– ပေါ့ဘာကို လက်လွှတ်ခဲ့ရရင် ယူနိုက်တက်တို့အနေနဲ့ ပြန်လည်ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့ ပြင်သစ်လူငယ်ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါအတွက် ယူရိုသန်း ၇၀ အောက် ကမ်းလှမ်းမှုမျိုးကို လက်ခံစဉ်းစားမှာ မဟုတ်ဘူးလို့ လီဂူးဝမ်းကလပ် ရင်းနေးအသင်း သတိပေးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းအေနနဲ႔ တိုးတက္မႈရွိေနတယ္လို႔ ယုံၾကည္ေၾကာင္း ေျပာလိုက္ၿပီး ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရေပမယ့္ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို ဆက္လက္တာဝန္ေပးအပ္ၿပီး ထုတ္ပယ္ျခင္း မျပဳဖို႔ မန္ခ်က္စတာယူႏိုက္တက္သံတမန္ ပီတာ ရွမိုက္ကယ္က အသင္းေဖာ္ေဟာင္းဘက္က ေထာက္ခံသြား။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ ဒါဘီပြဲမွာ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေၾကာက္႐ြံ႕ေနၾကလိမ့္မယ္လို႔ ႏွစ္သင္းစလုံးမွာ ကစားသမားဘဝကို ျဖတ္သန္းခဲ့ဖူးတဲ့ တိုက္စစ္မႉးေဟာင္း ေရွာင္ဂုတ္တာ ေျပာၾကား။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ေႏြရာသီက ပယာနစ္ခ်္၊ ေဒါက္ဂလပ္စ္ ေကာ္စတာတို႔နဲ႔ အလိုက္ေပးလဲလွယ္ဖို႔ စီစဥ္ခဲ့ဖူးသလို လာမယ့္အေျပာင္းအေ႐ႊ႕ကာလေတြမွာလည္း ေပၚလို ဒီဘားလားနဲ႔ လဲလွယ္သြားဖို႔ စီစဥ္ေန။

– ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ေပါ့ဘာကို ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အၿပိဳင္လုမွာ မဟုတ္ဘဲ ပိုမိုငယ္႐ြယ္တဲ့ ကစားသမားေတြျဖစ္ၾကၿပီး ယူႏိုက္တက္ရဲ႕ ပစ္မွတ္ေတြလည္းျဖစ္ေနတဲ့ ေအဒူယာဒို ကာမာဗင္ဂါနဲ႔ အာလင္း ဟားလန္းတို႔ကိုပဲ ေခၚယူသြားမယ္လို႔ သိရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ၄-၃-၃၊ ၄-၄-၂ နဲ႔ ၃-၅-၂ ကစားကြက္ေတြမွာ အလ်ဥ္းသင့္သလို အသုံးျပဳႏိုင္မယ့္ ရီးရဲလ္မက္ဒရစ္ ေတာင္ပံကစားသမား လူးကပ္စ္ ဗက္ဇ္ေကးဇ္ကို ယူ႐ို ၁၅ သန္းနဲ႔ ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ ခ်ိတ္ဆက္ေန။

– မန္ခ်က္စတာစီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ေရာ ပရီးမီးယားလိဂ္မွာပါ ဗိုလ္စြဲႏိုင္မယ့္ အသင္းမ်ိဳးနဲ႔ မတူေၾကာင္းနဲ႔ သူတို႔မွာ လီဗာပူးလ္ အသင္းလိုမ်ိဳး တည္ၿငိမ္ၿပီး ပုံမွန္ရွိတဲ့ ေျခစြမ္းမ်ိဳးကို တစ္သမတ္တည္း ထိန္းသိမ္းထားႏိုင္စြမ္း မရွိေၾကာင္း ဒါဘီပြဲမတိုင္ခင္ ၿမိဳ႕ခံၿပိဳင္ဘက္ကို ရီယို ဖာဒီနန္ ထိုးႏွက္။

– ေပါ့ဘာကို လက္လႊတ္ခဲ့ရရင္ ယူႏိုက္တက္တို႔အေနနဲ႔ ျပန္လည္ေခၚယူသြားဖို႔ ပစ္မွတ္ထားေနတဲ့ ျပင္သစ္လူငယ္ကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါအတြက္ ယူ႐ိုသန္း ၇၀ ေအာက္ ကမ္းလွမ္းမႈမ်ိဳးကို လက္ခံစဥ္းစားမွာ မဟုတ္ဘူးလို႔ လီဂူးဝမ္းကလပ္ ရင္းေနးအသင္း သတိေပးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.