Premier League Transfer News

10 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးမိုးခေါင်နေတဲ့ တိုက်စစ်ပိုင်းအတွက် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို အားဖြည့်ခေါ်ယူသွားနိုင်ဖို့ ချိတ်ဆက်နေပြီး ဗလင်စီယာအသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး မက်ဇီ ဂိုမက်ဇ်ကို ဝုလ်ဗ်စ်နဲ့အပြိုင် ကြိုးစားသွားဖွယ်ရှိနေ။

– အသင်းရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးက အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာအတွက် နောင်တရစရာ မရှိကြောင်းနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ အာတီတာဟာလည်း အသင်းကောင်းတစ်သင်းကို တည်ဆောက်နေသူဖြစ်ကြောင်း ပြောကြားလိုက်ပြီး ဒဏ်ရာအတွက်တော့ ကံမကောင်းခဲ့ဘူးလို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသား။

– ဒီရာသီမှာ Foul Throw ၅ ကြိမ်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အများဆုံးဖြစ်နေခဲ့တဲ့ ဟက်တာ ဘယ်လာရင်ရဲ့ လက်ပစ်ဘောတွေမှာ မှားယွင်းမှု သိပ်မတွေ့ခဲ့ရဘူးလို့ နည်းပြ မီခယ်လ် အာတီတာက ပြောကြားလိုက်ပြီး ဒီပြစ်ဒဏ်ဘောတွေအတွက် ပရီးမီးယားလိဂ်ကို ကန့်ကွက်သွားဖို့ ရှိနေတယ်လို့ဆို။

– အသင်းရဲ့ တစ်လတာအကောင်းဆုံးကို နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်က သုံးလဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာက အာဆင်နယ် ပရိသတ်တွေအတွက်တော့ သဘောကျစရာထက် စိတ်ပျက်စရာဖြစ်နေပြီး နောက်တန်းကစားသမားတစ်ယောက် ဒီဆုရအောင် ကျန်တဲ့ တိုက်စစ်ကစားသမားတွေ ဘာလုပ်နေလဲလို့ မေးခွန်းထုတ်ခံခဲ့ရ။

– အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ တကယ်လို့ မီခယ်လ် အာတီတာ ထုတ်ပယ်ခံခဲ့ရရင် အစားထိုးဖို့ နည်းပြသစ်တွေကို လိုရမယ်ရ စုံစမ်းထားတယ်လို့ဆိုပြီး ဂျူဗင်တပ်စ်နည်းပြဟောင်း မက်ဆီမီလီယာနို အယ်လီဂရီက ဦးစားပေးအဖြစ် သတ်မှတ်ခံထားရတယ်လို့ အီတလီတင်းဌာနက ကယ်လ်စီယို မာကာတို ဖော်ပြ။

– သောမတ်စ် ပါတေးကို မြောက်လန်ဒန်ဒါဘီမှာ ဒဏ်ရာအကင်းမသေသေးခင် စောစောစီးစီး ထုတ်သုံးခဲ့ပြီး ဒီစွန့်စားမှုက ကစားသမား အတွက် အခြေအနေ ပိုမိုဆိုးရွားစေခဲ့တယ်လို့ အက်သလက်တစ်ရဲ့ ဂျာနယ်လစ် အွန်းစတိန်းက နည်းပြ အာတီတာကို အပြစ်တင်သွား။

– အာတီတာရဲ့ ဂိုးမိုးခေါင်နေပြီး အဓိက တိုက်စစ်မှူးတွေရဲ့ ပုံစံကောင်း ပျောက်ဆုံးနေမှုကို ကုစားဖို့အတွက် ဝုလ်ဖ်စ်ဘတ်တိုက်စစ်မှူး ဗောက် ဗက်ဂ်ဟော့စ်ဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ အရပ် ၆ ပေ ၆ လက် မြင့်တဲ့ ဒတ်ချ်တိုက်စစ်မှူးအတွက် အာဆင်နယ် အကယ်ဒမီနည်းပြဟောင်း အန်းဒရီးစ် ယွန်ကာ တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးမိုးေခါင္ေနတဲ့ တိုက္စစ္ပိုင္းအတြက္ ေနာက္ထပ္တိုက္စစ္မႉးတစ္ဦးကို အားျဖည့္ေခၚယူသြားႏိုင္ဖို႔ ခ်ိတ္ဆက္ေနၿပီး ဗလင္စီယာအသင္းရဲ႕ ဥ႐ုေဂြးတိုက္စစ္မႉး မက္ဇီ ဂိုမက္ဇ္ကို ဝုလ္ဗ္စ္နဲ႔အၿပိဳင္ ႀကိဳးစားသြားဖြယ္ရွိေန။

– အသင္းရဲ႕ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးက အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာခဲ့တာအတြက္ ေနာင္တရစရာ မရွိေၾကာင္းနဲ႔ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ နည္းျပ အာတီတာဟာလည္း အသင္းေကာင္းတစ္သင္းကို တည္ေဆာက္ေနသူျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး ဒဏ္ရာအတြက္ေတာ့ ကံမေကာင္းခဲ့ဘူးလို႔ သူ႔ရဲ႕ အင္စတာဂရမ္မွာ ေရးသား။

– ဒီရာသီမွာ Foul Throw ၅ ႀကိမ္နဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ အမ်ားဆုံးျဖစ္ေနခဲ့တဲ့ ဟက္တာ ဘယ္လာရင္ရဲ႕ လက္ပစ္ေဘာေတြမွာ မွားယြင္းမႈ သိပ္မေတြ႕ခဲ့ရဘူးလို႔ နည္းျပ မီခယ္လ္ အာတီတာက ေျပာၾကားလိုက္ၿပီး ဒီျပစ္ဒဏ္ေဘာေတြအတြက္ ပရီးမီးယားလိဂ္ကို ကန႔္ကြက္သြားဖို႔ ရွိေနတယ္လို႔ဆို။

– အသင္းရဲ႕ တစ္လတာအေကာင္းဆုံးကို ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္က သုံးလဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့တာက အာဆင္နယ္ ပရိသတ္ေတြအတြက္ေတာ့ သေဘာက်စရာထက္ စိတ္ပ်က္စရာျဖစ္ေနၿပီး ေနာက္တန္းကစားသမားတစ္ေယာက္ ဒီဆုရေအာင္ က်န္တဲ့ တိုက္စစ္ကစားသမားေတြ ဘာလုပ္ေနလဲလို႔ ေမးခြန္းထုတ္ခံခဲ့ရ။

– အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ တကယ္လို႔ မီခယ္လ္ အာတီတာ ထုတ္ပယ္ခံခဲ့ရရင္ အစားထိုးဖို႔ နည္းျပသစ္ေတြကို လိုရမယ္ရ စုံစမ္းထားတယ္လို႔ဆိုၿပီး ဂ်ဴဗင္တပ္စ္နည္းျပေဟာင္း မက္ဆီမီလီယာႏို အယ္လီဂရီက ဦးစားေပးအျဖစ္ သတ္မွတ္ခံထားရတယ္လို႔ အီတလီတင္းဌာနက ကယ္လ္စီယို မာကာတို ေဖာ္ျပ။

– ေသာမတ္စ္ ပါေတးကို ေျမာက္လန္ဒန္ဒါဘီမွာ ဒဏ္ရာအကင္းမေသေသးခင္ ေစာေစာစီးစီး ထုတ္သုံးခဲ့ၿပီး ဒီစြန႔္စားမႈက ကစားသမား အတြက္ အေျခအေန ပိုမိုဆိုး႐ြားေစခဲ့တယ္လို႔ အက္သလက္တစ္ရဲ႕ ဂ်ာနယ္လစ္ အြန္းစတိန္းက နည္းျပ အာတီတာကို အျပစ္တင္သြား။

– အာတီတာရဲ႕ ဂိုးမိုးေခါင္ေနၿပီး အဓိက တိုက္စစ္မႉးေတြရဲ႕ ပုံစံေကာင္း ေပ်ာက္ဆုံးေနမႈကို ကုစားဖို႔အတြက္ ဝုလ္ဖ္စ္ဘတ္တိုက္စစ္မႉး ေဗာက္ ဗက္ဂ္ေဟာ့စ္ဟာ အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ အရပ္ ၆ ေပ ၆ လက္ ျမင့္တဲ့ ဒတ္ခ်္တိုက္စစ္မႉးအတြက္ အာဆင္နယ္ အကယ္ဒမီနည္းျပေဟာင္း အန္းဒရီးစ္ ယြန္ကာ တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.