Premier League Transfer News

10 Dec နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကားယာအနေနဲ့ နည်းပြ လမ်းပတ်အကြိုက် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ နောက်ခံလူ အန်တိုနီယို ရူဒီဂါနဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါတို့ကို ရောင်းထုတ်ငွေရှာသွားမယ်လို့ဆိုနေ။

– ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ သူတို့ရဲ့ နောက်ခံလူ ဒေးဗစ် အလာဘာကို သက်တမ်းတိုးဖို့ လက်လျှော့ရတော့မယ်လို့ ဝန်ခံလိုက်တာက ချဲလ်ဆီးအတွက်တော့ အားတက်စရာဖြစ်လာပြီး မန်ချက်စတာစီးတီး၊ လီဗာပူးလ်အသင်းတွေနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားသွားရဖွယ်ရှိ။

– စတီဗင် ဂျရတ် ကိုင်တွယ်နည်းပြနေပြီး စကော့တလန် ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ရိန်းဂျားစ်အသင်းက အလိုရှိနေတဲ့ ကွင်းလယ်လူ ဘီလီ ဂီးလ်မိုးကို ဇန်နဝါရီမှာ အငှားချထားပေးဖို့ ချဲလ်ဆီးတာဝန်ရှိသူတွေ လက်ခံဆွေးနွေးသွားနိုင်။

– ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့တဲ့ အင်္ဂလန်အသင်းတွေထဲက လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီးအသင်းတွေကို ဒီရာသီအတွက် ဗိုလ်စွဲနိုင်ပြီး ချန်ပီယံဆုအတွက် စိန်ခေါ်သွားနိုင်တဲ့ အသင်းတွေအဖြစ် ရီယို ဖာဒီနန် တစ်ပေး။

– ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဂျာမန်ကလပ်တွေဖြစ်ကြတဲ့ မွန်ချန်ဂလာဘက်ချ်နဲ့ RB လိုက်ပ်ဇစ်၊ အီတလီ ကလပ်တွေဖြစ်ကြတဲ့ လာဇီယိုနဲ့ အတ္တလန်တာ၊ စပိန်ကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်၊ ပေါ်တူဂီကလပ် ပေါ်တိုတို့နဲ့ တွေ့ဆုံရေးဆွဲခံရနိုင်ဖွယ်ရှိနေ။

– အသင်းရဲ့ ပေါင်သန်း ၇၀ တန် ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်အနေနဲ့ မယုံကြည်မှုတွေနဲ့ ဝေဖန်နေကြတဲ့သူတွေကို အသံတိတ်သွားအောင် လုပ်နိုင်မယ်လို့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဂျိုးကိုးလ်ထောက်ခံလိုက်ပြီး မတူညီတဲ့ ပြိုင်ပွဲ၊ အသင်းဖော်တွေ၊ ယဉ်ကျေးမှုတွေနဲ့ ရုန်းကန်နေရတဲ့သူကို ဖေးမသင့်ကြောင်း တိုက်တွန်းသွား။

– အသင်းရဲ့ ဒဏ်ရာရ တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဟာကင်းမ် ဇီးယက်ရှ်နဲ့ ကယ်လမ် ဟဒ်ဆန်-အိုဒွိုင်းတို့အနေနဲ့ နောက်အကျဆုံး ခရစ္စမတ်အမီ ပြန်ကစားနိုင်မှာဖြစ်ပြီး ဒီဇင်ဘာ ပွဲကျပ်ကာလမှာ ချဲလ်ဆီးအသင်းနည်းပြ လမ်းပတ်အတွက်တော့ အားဖြည့်နိုင်ဖွယ်ရှိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:





– ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ဂျာမန်ကလပ်တွေဖြစ်ကြတဲ့ မွန်ချန်ဂလာဘက်ခ်ျနဲ့ RB လိုက်ပ်ဇစ်၊ အီတလီ ကလပ်တွေဖြစ်ကြတဲ့ လာဇီယိုနဲ့ အတ္တလန်တာ၊ စပိန်ကလပ်တွေဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်၊ ပေါ်တူဂီကလပ် ပေါ်တိုတို့နဲ့ တွေ့ဆုံရေးဆွဲခံရနိုင်ဖွယ်ရှိနေ။



REF: INTERNET SOURCES
SPORTS A2Z.