Match Report Premier League UCL&UEL

အစ်တီဟတ်မှာ ဂိုးပြတ်ခဲ့ပြီး အင်အားပြသနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ အရန်ကစားသမားတွေလို့ ခေါ်နိုင်ပေမယ့် မာဆေးလ်အသင်းထက် အင်အားတောင့်တင်းဆဲဖြစ်တဲ့ လူစာရင်းကို ပွဲထုတ်လာခဲ့ပြီး ခံစစ်မှာ ဒဏ်ရာက သက်သာလာတဲ့ အာကေနဲ့ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ လာပေါ့တ်တို့ကို အဲရစ် ဂါစီယာနဲ့ တွဲပေးပြီး ဒီယက်စ်နဲ့ မန်ဒီတို့ကို အနားပေးပြီး အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုက ဦးဆောင်လာခဲ့ပါတယ်။

ဒီဘရိုင်းနား၊ စတာလင်၊ အဂွေရိုနဲ့ ဂျေဆူးစ်တို့ကို အရန်ခုံမှာပဲ ထားခဲ့တဲ့ တိုက်စစ်ကိုတော့ ဖယ်ရန် တောရက်စ်က တိုက်စစ်မှူးအဖြစ် ဦးဆောင်ကစားခဲ့သလို ဖိုဒန်က ဘယ်ခြမ်းမှာ ကစားခဲ့ပြီး သူတို့နှစ်ဦးရဲ့ အတွေ့အကြုံနုသေးတဲ့ ပုံစံက မာဆေးလ်တို့ကို ထိုးဖောက်ဖို့ ခက်စေခဲ့ပြီး ပွဲချိန် ၂၈ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ အဲရစ် ဂါစီယာကို ဂျွန်စတုန်းစ်နဲ့ လူစားလဲခဲ့ရပါတယ်။

ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ မာရက်ဇ်နဲ့ တောရက်စ်တို့ကို အသုံးပြုလာခဲ့တဲ့ မန်စီးတီးတိုက်စစ်ကတော့ ပုံဖော်မှုနဲ့ အဆုံးသတ်မှုတွေ မကောင်းခဲ့သလို ခံစစ်မှာတော့ မာဆေးလ်ရဲ့ ပါယက်နဲ့ တိုးဗင်တို့က မကြာခဏ ထိုးဖောက်တာကို ခံနေခဲ့ရပြီး နှစ်ဖက်စလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ပွဲအစမှာ စတာလင်ကို ထည့်ပြီး မကြာခင်မှာပဲ မန်စီးတီးတို့ ဦးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၄၇ မိနစ်မှာ လူစားဝင်လာတဲ့ ဂျွန်စတုန်းစ်ရဲ့ ခံစစ်ကနေ ကောင်းမွန်တိကျတဲ့ ပေးပို့မှုကနေ ဘောလုံးရသွားတဲ့ မာရက်ဇ်က ဂိုးဧရိယာထဲမှာ ထိုးပေးခဲ့တာကို လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ ဖယ်ရန် တောရက်စ်က ကန်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဖိုဒန် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကို အာကေက အမြင့်ခုန်ပြီး အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ ကြိုးစားခဲ့တာကို မာဆေးလ်ဂိုးသမား မန်ဒန်ဒါ ပုတ်ထုတ်ခဲ့ရာမှာ အဆင်သင့်ရှိနေတဲ့ လူစားဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုက သူ့ရဲ့ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့တဲ့ ပွဲမှာ အကောင်းဆုံး အမှတ်တရဖြစ်စေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိနဲ့ စီးတီးတို့ ဦးဆောင်နေခဲ့ပါတယ်။

မိနစ် ၉၀ မှာတော့ တောရက်စ်ရဲ့ အနိမ့်ဘော ချိုးပေးမှုကို မန်ဒန်ဒါ ပုတ်ထုတ်ခဲ့ရာမှာ နောက်ခံလူ အယ်လ်ဗာရို ရှင်းမထုတ်နိုင်ဘဲ သူနဲ့ထိပြီး ထွက်လာတဲ့ ဘောလုံးကို တိုက်တိုက်ဆိုင်ဆိုင် အကောင်းဆုံးအနေအထားမှာ ရှိနေတဲ့ စတာလင်က အသာအယာပဲ ပိတ်သွင်းယူခဲ့ပြီး ဒီနေ့ပွဲကို သုံးဂိုး-ဂိုးမရှိနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီပွဲအနိုင်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ အုပ်စုတွင်း ရှုံးပွဲမရှိခဲ့ဘဲ ၆ ပွဲကစား ၅ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၆ မှတ်နဲ့ အုပ်စုပထမအဖြစ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး အရန်အင်အားတောင့်တင်းမှုကို ပြသနိုင်ခဲ့သလို လာမယ့်ပွဲစဉ်နဲ့ မန်ချက်စတာဒါဘီအတွက် ယုံကြည်မှုနဲ့ ပုံစံကောင်းကို တည်ဆောက်သွားနိုင်ခဲ့တာလည်းဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ အရန္ကစားသမားေတြလို႔ ေခၚႏိုင္ေပမယ့္ မာေဆးလ္အသင္းထက္ အင္အားေတာင့္တင္းဆဲျဖစ္တဲ့ လူစာရင္းကို ပြဲထုတ္လာခဲ့ၿပီး ခံစစ္မွာ ဒဏ္ရာက သက္သာလာတဲ့ အာေကနဲ႔ ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ လာေပါ့တ္တို႔ကို အဲရစ္ ဂါစီယာနဲ႔ တြဲေပးၿပီး ဒီယက္စ္နဲ႔ မန္ဒီတို႔ကို အနားေပးၿပီး အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညိဳက ဦးေဆာင္လာခဲ့ပါတယ္။

ဒီဘ႐ိုင္းနား၊ စတာလင္၊ အေဂြ႐ိုနဲ႔ ေဂ်ဆူးစ္တို႔ကို အရန္ခုံမွာပဲ ထားခဲ့တဲ့ တိုက္စစ္ကိုေတာ့ ဖယ္ရန္ ေတာရက္စ္က တိုက္စစ္မႉးအျဖစ္ ဦးေဆာင္ကစားခဲ့သလို ဖိုဒန္က ဘယ္ျခမ္းမွာ ကစားခဲ့ၿပီး သူတို႔ႏွစ္ဦးရဲ႕ အေတြ႕အႀကဳံႏုေသးတဲ့ ပုံစံက မာေဆးလ္တို႔ကို ထိုးေဖာက္ဖို႔ ခက္ေစခဲ့ၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ အဲရစ္ ဂါစီယာကို ဂြၽန္စတုန္းစ္နဲ႔ လူစားလဲခဲ့ရပါတယ္။

ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ မာရက္ဇ္နဲ႔ ေတာရက္စ္တို႔ကို အသုံးျပဳလာခဲ့တဲ့ မန္စီးတီးတိုက္စစ္ကေတာ့ ပုံေဖာ္မႈနဲ႔ အဆုံးသတ္မႈေတြ မေကာင္းခဲ့သလို ခံစစ္မွာေတာ့ မာေဆးလ္ရဲ႕ ပါယက္နဲ႔ တိုးဗင္တို႔က မၾကာခဏ ထိုးေဖာက္တာကို ခံေနခဲ့ရၿပီး ႏွစ္ဖက္စလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့လို႔သာ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ပြဲအစမွာ စတာလင္ကို ထည့္ၿပီး မၾကာခင္မွာပဲ မန္စီးတီးတို႔ ဦးေဆာင္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာ လူစားဝင္လာတဲ့ ဂြၽန္စတုန္းစ္ရဲ႕ ခံစစ္ကေန ေကာင္းမြန္တိက်တဲ့ ေပးပို႔မႈကေန ေဘာလုံးရသြားတဲ့ မာရက္ဇ္က ဂိုးဧရိယာထဲမွာ ထိုးေပးခဲ့တာကို လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ႏိုင္ခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္က ကန္သြင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဖိုဒန္ ကန္တင္ေပးတဲ့ ေထာင့္ကန္ေဘာကို အာေကက အျမင့္ခုန္ၿပီး အားပါတဲ့ ေခါင္းတိုက္ခ်က္နဲ႔ ႀကိဳးစားခဲ့တာကို မာေဆးလ္ဂိုးသမား မန္ဒန္ဒါ ပုတ္ထုတ္ခဲ့ရာမွာ အဆင္သင့္ရွိေနတဲ့ လူစားဝင္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုက သူ႔ရဲ႕ ဒဏ္ရာကေန ျပန္လာႏိုင္ခဲ့တဲ့ ပြဲမွာ အေကာင္းဆုံး အမွတ္တရျဖစ္ေစမယ့္ ဂိုးကို သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ စီးတီးတို႔ ဦးေဆာင္ေနခဲ့ပါတယ္။

မိနစ္ ၉၀ မွာေတာ့ ေတာရက္စ္ရဲ႕ အနိမ့္ေဘာ ခ်ိဳးေပးမႈကို မန္ဒန္ဒါ ပုတ္ထုတ္ခဲ့ရာမွာ ေနာက္ခံလူ အယ္လ္ဗာ႐ို ရွင္းမထုတ္ႏိုင္ဘဲ သူနဲ႔ထိၿပီး ထြက္လာတဲ့ ေဘာလုံးကို တိုက္တိုက္ဆိုင္ဆိုင္ အေကာင္းဆုံးအေနအထားမွာ ရွိေနတဲ့ စတာလင္က အသာအယာပဲ ပိတ္သြင္းယူခဲ့ၿပီး ဒီေန႔ပြဲကို သုံးဂိုး-ဂိုးမရွိနဲ႔ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။

ဒီပြဲအႏိုင္ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အုပ္စုတြင္း ရႈံးပြဲမရွိခဲ့ဘဲ ၆ ပြဲကစား ၅ ပြဲႏိုင္၊ ၁ ပြဲသေရ ရမွတ္ ၁၆ မွတ္နဲ႔ အုပ္စုပထမအျဖစ္ ၁၆ သင္း ရႈံးထြက္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး အရန္အင္အားေတာင့္တင္းမႈကို ျပသႏိုင္ခဲ့သလို လာမယ့္ပြဲစဥ္နဲ႔ မန္ခ်က္စတာဒါဘီအတြက္ ယုံၾကည္မႈနဲ႔ ပုံစံေကာင္းကို တည္ေဆာက္သြားႏိုင္ခဲ့တာလည္းျဖစ္ေၾကာင္း ေရးသားလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.