Match Report Premier League UCL&UEL

လူထုတ်ပုံကြောင့် ပရိသတ်တွေ မကျေမနပ်ဖြစ်ခဲ့ရတဲ့ သရေပွဲနဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ အဝေးကွင်း ဒိန်းမတ်မြေမှာ ကစားခဲ့တဲ့ပွဲကို ဆာလား၊ ဂျိုတာ၊ ဖာဘင်ညို၊ အလက်ဇန်းဒါး အာနိုးလ်ဒ်တို့နဲ့ ပွဲထုတ်လာခဲ့ပြီး ပရိသတ်တွေကတော့ သူတို့ရဲ့ အဓိက ကစားသမားတွေကို ပွဲထုတ်လာခဲ့တာကို မကျေနပ်ခဲ့ကြဘူးလို့ ဆိုခဲ့ကြသလို ရလဒ်ကတော့ ပင်ပန်းရကျိုး မနပ်တဲ့ သရေပဲဖြစ်ခဲ့ပါတယ်။

အုပ်စုကနေ ပထမနဲ့ တက်နေပြီဖြစ်လို့ အရေးမပါတော့တဲ့ပွဲမှာ အီဂျစ်တိုက်စစ်မှူး ဆာလားက ပွဲချိန် ၁ မိနစ်မှာပဲ နောက်ပြန်ပေးတဲ့ ဘောလုံးကို မစ်ဂျဲလန်းနောက်ခံလူ ဆဗီယက်ချင်ကို ရယူဖို့ နှောင့်နှေးနေတာကနေ ဖြတ်ယူသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အသာအယာပဲ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး စတီဗင် ဂျရတ်ရဲ့ အသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို ၂၂ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ရှင်တို့ ဖိကစားခဲ့တဲ့ ဒီပွဲမှာ လီဗာပူးလ်တို့ကတော့ ကောင်တာသာ အားပြုခဲ့ပြီး မီနာမီနို ကြိုးစားခဲ့တဲ့ ဒီပွဲမှာ အိုရီဂီကတော့ နေရာမရတာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို သူ့ရဲ့ ပေါ့ပျက်ပျက်ခြေစွမ်းနဲ့ ပြသပေးသွားခဲ့ပြီး သေချာပေါက်ဝင်နိုင်တဲ့ ဂိုးတစ်ဂိုးကိုတော့ ဂိုးစည်းပေါ်ကနေ ဖာဘင်ညို ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မစ်ဂျဲလန်းရဲ့ တိုက်စစ်တွေကို ရီးစ် ဝီလီယမ်စ်ကြောင့် လီဗာပူးလ်တို့ အနည်းငယ် ကြိုးစားထိန်းချုပ်ခဲ့ရပြီး ဂျိုတာနဲ့ ကီးတားတို့ရဲ့ ကန်ချက်တွေကိုတော့ အိမ်ရှင်ဂိုးသမား ဟန်ဆန်ကာကွယ်သွားနိုင်ခဲ့လို့ ပထမပိုင်းမှာ ဧည့်သည်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင်တွေရဲ့ အနီးကပ်ကန်ချက် ဘားထိထွက်ခဲ့လို့ လီဗာပူးလ်တို့ သက်သာခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာတော့ ဂိုးသွင်းဖို့ ကြိုးစားတဲ့ မစ်ဂျဲလန်းကစားသမား ဒရိုင်ယာကို ဂိုးသမား ကယ်လေဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရတာကို နောက်ခံလူ ရှို့လ်ဇ်က ကန်သွင်းချေပခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ ကစားသမားတချို့ကို အနားပေးသွားခဲ့ပေမယ့် ဆာလားကိုတော့ ပွဲချိန်ပြည့် သုံးစွဲသွားခဲ့ပြီး မီနာမီနိုရဲ့ ဂိုးက VAR နဲ့ ပယ်ဖျက်ခံခဲ့ရသလို အိမ်ရှင်တို့ကတော့ ဖိကစားခဲ့ပေမယ့် ဂိုးသွင်းခွင့် အကြိမ် ၂၀ မှာ ၇ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ ဒီပွဲမှာ အခွင့်အရေးတွေကို အသုံးမချနိုင်တာကြောင့် သရေကျခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့ ရလဒ်ကြောင့် လီဗာပူးလ်တို့ အုပ်စု(D)အတွင်းမှာ ၆ ပွဲကစား ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၃ မှတ်နဲ့ အုပ်စုဗိုလ်နေရာကနေ နောက်တစ်ဆင့်တက်ခဲ့ပြီး သူတို့နဲ့ အီတလီကလပ် အတ္တလန်တာက ဒုတိယနဲ့ ရှုံးထွက် ၁၆ သင်းထဲကို ပါဝင်နိုင်ခဲ့သလို ဒတ်ချ်ပြိုင်ဘက် အိုင်းယက်စ် ကတော့ ယူရိုပါလိဂ်ဆီ ရောက်သွားခဲ့ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းဟာ အေဝးကြင္း ဒိန္းမတ္ေျမမွာ ကစားခဲ့တဲ့ပြဲကို ဆာလား၊ ဂ်ိဳတာ၊ ဖာဘင္ညိဳ၊ အလက္ဇန္းဒါး အာႏိုးလ္ဒ္တို႔နဲ႔ ပြဲထုတ္လာခဲ့ၿပီး ပရိသတ္ေတြကေတာ့ သူတို႔ရဲ႕ အဓိက ကစားသမားေတြကို ပြဲထုတ္လာခဲ့တာကို မေက်နပ္ခဲ့ၾကဘူးလို႔ ဆိုခဲ့ၾကသလို ရလဒ္ကေတာ့ ပင္ပန္းရက်ိဳး မနပ္တဲ့ သေရပဲျဖစ္ခဲ့ပါတယ္။

အုပ္စုကေန ပထမနဲ႔ တက္ေနၿပီျဖစ္လို႔ အေရးမပါေတာ့တဲ့ပြဲမွာ အီဂ်စ္တိုက္စစ္မႉး ဆာလားက ပြဲခ်ိန္ ၁ မိနစ္မွာပဲ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို မစ္ဂ်ဲလန္းေနာက္ခံလူ ဆဗီယက္ခ်င္ကို ရယူဖို႔ ေႏွာင့္ေႏွးေနတာကေန ျဖတ္ယူသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အသာအယာပဲ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီး စတီဗင္ ဂ်ရတ္ရဲ႕ အသင္းအတြက္ ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ၂၂ ဂိုးနဲ႔ ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အိမ္ရွင္တို႔ ဖိကစားခဲ့တဲ့ ဒီပြဲမွာ လီဗာပူးလ္တို႔ကေတာ့ ေကာင္တာသာ အားျပဳခဲ့ၿပီး မီနာမီႏို ႀကိဳးစားခဲ့တဲ့ ဒီပြဲမွာ အိုရီဂီကေတာ့ ေနရာမရတာ ဘာေၾကာင့္လဲဆိုတဲ့ အေျဖကို သူ႔ရဲ႕ ေပါ့ပ်က္ပ်က္ေျခစြမ္းနဲ႔ ျပသေပးသြားခဲ့ၿပီး ေသခ်ာေပါက္ဝင္ႏိုင္တဲ့ ဂိုးတစ္ဂိုးကိုေတာ့ ဂိုးစည္းေပၚကေန ဖာဘင္ညိဳ ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ မစ္ဂ်ဲလန္းရဲ႕ တိုက္စစ္ေတြကို ရီးစ္ ဝီလီယမ္စ္ေၾကာင့္ လီဗာပူးလ္တို႔ အနည္းငယ္ ႀကိဳးစားထိန္းခ်ဳပ္ခဲ့ရၿပီး ဂ်ိဳတာနဲ႔ ကီးတားတို႔ရဲ႕ ကန္ခ်က္ေတြကိုေတာ့ အိမ္ရွင္ဂိုးသမား ဟန္ဆန္ကာကြယ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ဧည့္သည္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္ေတြရဲ႕ အနီးကပ္ကန္ခ်က္ ဘားထိထြက္ခဲ့လို႔ လီဗာပူးလ္တို႔ သက္သာခဲ့ၿပီး ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ဂိုးသြင္းဖို႔ ႀကိဳးစားတဲ့ မစ္ဂ်ဲလန္းကစားသမား ဒ႐ိုင္ယာကို ဂိုးသမား ကယ္ေလဟာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပင္နယ္တီေပးခဲ့ရတာကို ေနာက္ခံလူ ရႈိ႕လ္ဇ္က ကန္သြင္းေခ်ပခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ကစားသမားတခ်ိဳ႕ကို အနားေပးသြားခဲ့ေပမယ့္ ဆာလားကိုေတာ့ ပြဲခ်ိန္ျပည့္ သုံးစြဲသြားခဲ့ၿပီး မီနာမီႏိုရဲ႕ ဂိုးက VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရသလို အိမ္ရွင္တို႔ကေတာ့ ဖိကစားခဲ့ေပမယ့္ ဂိုးသြင္းခြင့္ အႀကိမ္ ၂၀ မွာ ၇ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ ဒီပြဲမွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္တာေၾကာင့္ သေရက်ခဲ့တာျဖစ္ပါတယ္။

ဒီပြဲရဲ႕ ရလဒ္ေၾကာင့္ လီဗာပူးလ္တို႔ အုပ္စု(D)အတြင္းမွာ ၆ ပြဲကစား ၄ ပြဲႏိုင္၊ ၁ ပြဲသေရ၊ ၁ ပြဲရႈံး၊ ရမွတ္ ၁၃ မွတ္နဲ႔ အုပ္စုဗိုလ္ေနရာကေန ေနာက္တစ္ဆင့္တက္ခဲ့ၿပီး သူတို႔နဲ႔ အီတလီကလပ္ အတၱလန္တာက ဒုတိယနဲ႔ ရႈံးထြက္ ၁၆ သင္းထဲကို ပါဝင္ႏိုင္ခဲ့သလို ဒတ္ခ်္ၿပိဳင္ဘက္ အိုင္းယက္စ္ ကေတာ့ ယူ႐ိုပါလိဂ္ဆီ ေရာက္သြားခဲ့ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.