Premier League

ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ စံခ်ိန္ခ်ဳိးႏုိင္မလား ေစာင့္ၾကည့္ရမယ့္ လီဗာပူးလ္

ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းယူႏိုက္တက္ကို အိမ္ကြင္းမွာ ေနာက္ကေန လိုက္ကစားၿပီး အႏိုင္ရရွိခဲ့ၿပီးတဲ့ေနာက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၂၀၁၇-၁၈ ရာသီက လိဂ္ပြဲ ၁၈ ပြဲဆက္တုိက္ အႏိုင္ရရွိတဲ့ စံခ်ိန္ကို လုိက္မီသြားခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ ဒါကို ဝတ္ဖို႔ဒ္နဲ႔ပြဲမွာ ခ်ဳိးဖ်က္သြားႏုိင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရရွိရင္ ၁၉ ပြဲဆက္တုိက္ အႏုိင္စံခ်ိန္ကို ပရီးမီးယားလိဂ္ရဲ႕ ၂၈ ႏွစ္တာ သက္တမ္းအတြင္း အျမင့္မားဆုံး စံခ်ိန္သစ္ကို ရရွိႏုိင္မွာျဖစ္ၿပီး တန္းဆင္းဇုန္ကို ေရာက္ရွိေနတဲ့ ဝတ္ဖို႔ဒ္တုိ႔ရဲ႕ အိမ္ကြင္းအားကိုပဲ ေစာင့္ၾကည့္ရမွာျဖစ္သလို မန္ခ်က္စတာယူႏိုက္တက္နဲ႔ ကစားသြားတဲ့ ပုံစံအရေတာ့ သူတုိ႔အေနနဲ႔ လီဗာပူးလ္ကို လြန္ဆန္ဖို႔ေတာ့ ခက္ခဲႏုိင္ပါတယ္။

ပရီးမီးယားလိဂ္မွာ မွတ္မွတ္သားသားျဖစ္ခဲ့ရတဲ့ ႏုိင္ပြဲစံခ်ိန္ေတြကေတာ့ ၂၀၁၆-၁၇ ရာသီက ခ်ဲလ္ဆီးအသင္းရဲ႕ ၁၃ ပြဲ၊ အာဆင္နယ္ရဲ႕ ႏွစ္ရာသီခြထားတဲ့ စံခ်ိန္ျဖစ္တဲ့ ၂၀၀၂ ခုႏွစ္က ၁၄ ပြဲ၊ ၂၀၁၈-၁၉ ရာသီက မန္စီးတီးရဲ႕ ၁၅ ပြဲ၊ အဲ့ဒီရာသီမွာပဲ လီဗာပူးလ္တုိ႔ရဲ႕ ၁၇ ပြဲ၊ ေနာက္ဆုံး စံခ်ိန္တင္ရွိထားခဲ့တဲ့ၿပီး အခုစံခ်ိန္က်ဳိးလုဆဲဆဲျဖစ္ေနတဲ့ ၂၀၁၇-၁၈ က မန္စီးတီးရဲ႕ ၁၈ ပြဲတုိ႔ပဲ ျဖစ္ၾကပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ စံခ်ိန္ေတြကို ဒီရာသီမွာ ခ်ဳိးဖ်က္ႏုိင္ဖို႔ အလားအလာေကာင္းေနၿပီး ႏုိင္ပြဲဆက္စံခ်ိန္ေတြကို ခ်ဳိးဖ်က္ႏိုင္သလို၊ စံခ်ိန္တင္ရမွတ္ စံခ်ိန္သစ္နဲ႔ အာဆင္နယ္ရဲ႕ တစ္ရာသီလုံး ရွဳံးပြဲမရွိစံခ်ိန္ထက္ ပုိမိုအမွတ္မ်ားတဲ့ စံခ်ိန္ေတြကို တင္ရွိႏုိင္ဖို႔ ကၽြမ္းက်င္သူေတြက တစ္ေပးေနၾကၿပီး တခ်ဳိ႕ကေတာ့ အပ်က္သေဘာ ေဝဖန္မွဳေတြလည္း ရွိေနၾကတာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕ လုပ္ရဲကိုင္ရဲၿပီး အင္အားေတာင့္တင္းတဲ့ လူစာရင္းနဲ႔ ဂိုးလိုခ်ိန္မွာ ရေအာင္႐ုန္းတဲ့ မိုဟာမက္ ဆာလား၊ ဆာဒီယို မာေနး၊ ေရာဘတ္တို ဖာမီႏိုတုိ႔ကို ဖန္တီးေပးတတ္တဲ့ အလက္ဇန္းဒါး-အာႏုိးလ္ဒ္နဲ႔ ေရာဘတ္ဆန္တုိ႔ရဲ႕ အင္အားေတြနဲ႔ လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီမွာ ဘယ္ေလာက္လုပ္ျပႏုိင္မလဲဆုိတာကို မုဒိတာပြားတတ္သူေတြ ဝမ္းသာႏုိင္ဖို႔ ေဖာ္ျပေပးလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်ကို အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့ပြီးတဲ့နောက် မန်ချက်စတာစီးတီးအသင်းရဲ့ ၂၀၁၇-၁၈ ရာသီက လိဂ်ပွဲ ၁၈ ပွဲဆက်တိုက် အနိုင်ရရှိတဲ့ စံချိန်ကို လိုက်မီသွားခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒါကို ဝတ်ဖို့ဒ်နဲ့ပွဲမှာ ချိုးဖျက်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိရင် ၁၉ ပွဲဆက်တိုက် အနိုင်စံချိန်ကို ပရီးမီးယားလိဂ်ရဲ့ ၂၈ နှစ်တာ သက်တမ်းအတွင်း အမြင့်မားဆုံး စံချိန်သစ်ကို ရရှိနိုင်မှာဖြစ်ပြီး တန်းဆင်းဇုန်ကို ရောက်ရှိနေတဲ့ ဝတ်ဖို့ဒ်တို့ရဲ့ အိမ်ကွင်းအားကိုပဲ စောင့်ကြည့်ရမှာဖြစ်သလို မန်ချက်စတာယူနိုက်တက်နဲ့ ကစားသွားတဲ့ ပုံစံအရတော့ သူတို့အနေနဲ့ လီဗာပူးလ်ကို လွန်ဆန်ဖို့တော့ ခက်ခဲနိုင်ပါတယ်။

ပရီးမီးယားလိဂ်မှာ မှတ်မှတ်သားသားဖြစ်ခဲ့ရတဲ့ နိုင်ပွဲစံချိန်တွေကတော့ ၂၀၁၆-၁၇ ရာသီက ချဲလ်ဆီးအသင်းရဲ့ ၁၃ ပွဲ၊ အာဆင်နယ်ရဲ့ နှစ်ရာသီခွထားတဲ့ စံချိန်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်က ၁၄ ပွဲ၊ ၂၀၁၈-၁၉ ရာသီက မန်စီးတီးရဲ့ ၁၅ ပွဲ၊ အဲ့ဒီရာသီမှာပဲ လီဗာပူးလ်တို့ရဲ့ ၁၇ ပွဲ၊ နောက်ဆုံး စံချိန်တင်ရှိထားခဲ့တဲ့ပြီး အခုစံချိန်ကျိုးလုဆဲဆဲဖြစ်နေတဲ့ ၂၀၁၇-၁၈ က မန်စီးတီးရဲ့ ၁၈ ပွဲတို့ပဲ ဖြစ်ကြပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ စံချိန်တွေကို ဒီရာသီမှာ ချိုးဖျက်နိုင်ဖို့ အလားအလာကောင်းနေပြီး နိုင်ပွဲဆက်စံချိန်တွေကို ချိုးဖျက်နိုင်သလို၊ စံချိန်တင်ရမှတ် စံချိန်သစ်နဲ့ အာဆင်နယ်ရဲ့ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ထက် ပိုမိုအမှတ်များတဲ့ စံချိန်တွေကို တင်ရှိနိုင်ဖို့ ကျွမ်းကျင်သူတွေက တစ်ပေးနေကြပြီး တချို့ကတော့ အပျက်သဘော ဝေဖန်မှုတွေလည်း ရှိနေကြတာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့ လုပ်ရဲကိုင်ရဲပြီး အင်အားတောင့်တင်းတဲ့ လူစာရင်းနဲ့ ဂိုးလိုချိန်မှာ ရအောင်ရုန်းတဲ့ မိုဟာမက် ဆာလား၊ ဆာဒီယို မာနေး၊ ရောဘတ်တို ဖာမီနိုတို့ကို ဖန်တီးပေးတတ်တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ရဲ့ အင်အားတွေနဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ ဘယ်လောက်လုပ်ပြနိုင်မလဲဆိုတာကို မုဒိတာပွားတတ်သူတွေ ဝမ်းသာနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.