Premier League

တံေကာက္ေၾကာဒဏ္ရာရခဲ့လို႔ မန္စီးတီးေနာက္ခံလူ လာေပါ့တ္ တစ္လ နားရမည္

ရီးရဲလ္မက္ဒရစ္နဲ႔ပြဲက ပြဲခ်ိန္ ၃၄ မိနစ္မွာ လူစားလဲခဲ့ရတဲ့ မန္ခ်က္စတာစီးတီးေနာက္ခံလူ ေအးမရစ္လာေပါ့ဟာ ဒဏ္ရာအနည္းငယ္ျပင္းထန္ခဲ့တာေၾကာင့္ တစ္လေက်ာ္ေလာက္ ထပ္မံအနားယူရႏိုင္တယ္လို႔ နည္းျပ ပက္ ဂြါဒီယိုလာက အတည္ျပဳေျပာလိုက္ပါတယ္။

မန္စီးတီးအသင္းရဲ႕ အေရးပါတဲ့ ႏိုင္ပြဲျဖစ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အေပၚ အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ အဲဒီပြဲစဥ္မွာ လာေပါ့ဟာ ဟာဒဏ္ရာေၾကာင့္ ဖာနန္ဒင္ညိဳနဲ႔ လူစားလဲခဲ့ရတာလည္းျဖစ္ပါတယ္။ အေစာပိုင္းက သူ႔ဒဏ္ရာအတိမ္အနက္ကို မန္စီးတီးအသင္းက ထုတ္ျပန္ျခင္းမရွိခဲ့ေပမယ့္ ေသာၾကာေန႔က သတင္းစာရွင္းလင္းပြဲမွာေတာ့ နည္းျပ ဂြါဒီယိုလာက တစ္လေလာက္နားရမယ္လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

“သူ႔မွာ တံေကာက္ေၾကာဒဏ္ရာ ရွိေနပါတယ္။ ဒီအတြက္ ၃ ပတ္ ဒါမွမဟုတ္ အဲဒီထက္ ပိုမ်ားႏိုင္သလို အဲဒီထက္ပိုနည္းရင္လည္း သိပ္မကြာပါဘူး။ တစ္လ၀န္းက်င္ေပါ့ေလ။ ၄ လ ၅ လေလာက္ နားခဲ့ရၿပီးမွ အခုလို ထပ္နားရတာကေတာ့ ကံမေကာင္းဘူးလို႔ပဲ ေျပာရပါမယ္”လို႔ စပိန္သားနည္းျပက ေျပာပါတယ္။

လာေပါ့ဟာ ဒူးအရြတ္ဒဏ္ရာကို ၾသဂုတ္လက ခြဲစိတ္ကုသခဲ့ၿပီးေနာက္ပိုင္း ေတာက္ေလွ်ာက္အနားယူခဲ့ရရာကေန ဇန္န၀ါရီလက ရွက္ဖီးလ္ဒ္ယူႏိုက္တက္ကို မန္စီးတီးက တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ျပန္လည္ပါ၀င္ကစားႏိုင္ခဲ့ပါတယ္။ ဒဏ္ရာသက္သာလာၿပီးေနာက္ ၄ ပြဲေလာက္ ျပန္ကစားခဲ့အၿပီးမွာ ဒူးအရြတ္ၿပီးရင္ တံေကာက္ေၾကာနာေနက် ေရွ႕က ဥပမာေတြအတိုင္းပဲ ဒဏ္ရာထပ္ရသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအတြက္ သတင္းေကာင္းတစ္ရပ္ကေတာ့ ရာသီအစ ကြန္ျမဴနီတီဒိုင္းပြဲမွာ ဒူးအရြတ္ ACL စုတ္ျပဲတဲ့ ဒဏ္ရာရရွိခဲ့တဲ့ ေတာင္ပံကစားသမား လီရြိဳင္း ဆာေနးဟာ ဒဏ္ရာသက္သာလာၿပီးေနာက္ ပထမဆံုးအႀကိမ္အျဖစ္ မန္စီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ယူ-၂၃ ပြဲစဥ္မွာ ၅၇ မိနစ္အထိ ပါဝင္ကစားခဲ့ႏိုင္ခဲ့ၿပီ ျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: BBC & DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ရီးရဲလ်မက်ဒရစ်နဲ့ပွဲက ပွဲချိန် ၃၄ မိနစ်မှာ လူစားလဲခဲ့ရတဲ့ မန်ချက်စတာစီးတီးနောက်ခံလူ အေးမရစ်လာပေါ့ဟာ ဒဏ်ရာအနည်းငယ်ပြင်းထန်ခဲ့တာကြောင့် တစ်လကျော်လောက် ထပ်မံအနားယူရနိုင်တယ်လို့ နည်းပြ ပက် ဂွါဒီယိုလာက အတည်ပြုပြောလိုက်ပါတယ်။

မန်စီးတီးအသင်းရဲ့ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အပေါ် အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ လာပေါ့ဟာ ဟာဒဏ်ရာကြောင့် ဖာနန်ဒင်ညိုနဲ့ လူစားလဲခဲ့ရတာလည်းဖြစ်ပါတယ်။ အစောပိုင်းက သူ့ဒဏ်ရာအတိမ်အနက်ကို မန်စီးတီးအသင်းက ထုတ်ပြန်ခြင်းမရှိခဲ့ပေမယ့် သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ ဂွါဒီယိုလာက တစ်လလောက်နားရမယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“သူ့မှာ တံကောက်ကြောဒဏ်ရာ ရှိနေပါတယ်။ ဒီအတွက် ၃ ပတ် ဒါမှမဟုတ် အဲဒီထက် ပိုများနိုင်သလို အဲဒီထက်ပိုနည်းရင်လည်း သိပ်မကွာပါဘူး။ တစ်လဝန်းကျင်ပေါ့လေ။ ၄ လ ၅ လလောက် နားခဲ့ရပြီးမှ အခုလို ထပ်နားရတာကတော့ ကံမကောင်းဘူးလို့ပဲ ပြောရပါမယ်”လို့ စပိန်သားနည်းပြက ပြောပါတယ်။

လာပေါ့ဟာ ဒူးအရွတ်ဒဏ်ရာကို သြဂုတ်လက ခွဲစိတ်ကုသခဲ့ပြီးနောက်ပိုင်း တောက်လျှောက်အနားယူခဲ့ရရာကနေ ဇန်နဝါရီလက ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို မန်စီးတီးက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပါတယ်။ ဒဏ်ရာသက်သာလာပြီးနောက် ၄ ပွဲလောက် ပြန်ကစားခဲ့အပြီးမှာ ဒူးအရွတ်ပြီးရင် တံကောက်ကြောနာနေကျ ရှေ့က ဥပမာတွေအတိုင်းပဲ ဒဏ်ရာထပ်ရသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအတွက် သတင်းကောင်းတစ်ရပ်ကတော့ ရာသီအစ ကွန်မြူနီတီဒိုင်းပွဲမှာ ဒူးအရွတ် ACL စုတ်ပြဲတဲ့ ဒဏ်ရာရရှိခဲ့တဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးဟာ ဒဏ်ရာသက်သာလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ယူ-၂၃ ပွဲစဉ်မှာ ၅၇ မိနစ်အထိ ပါဝင်ကစားခဲ့နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: BBC & DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.