Premier League

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဆက္သြယ္ေနမွဳကို ဂရီးလစ္ရွ္ရဲ႕နည္းျပ ဒင္းန္စမစ္ အတည္ျပဳ

အက္စတန္ဗီလာအသင္းရဲ႕နည္းျပ ဒင္းန္စမစ္က သူတုိ႔ရဲ႕ အေတာက္ပဆုံးကစားသမားသမားျဖစ္တဲ့ အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္အေပၚ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဆက္သြယ္ေနမွဳေတြက တကယ္ပဲျဖစ္ေၾကာင္း၊ တားဆီးႏုိင္ဖို႔ မလြယ္ကူေၾကာင္းနဲ႔ ကစားသမားအေနနဲ႔ လက္က်န္ပြဲစဥ္ေတြမွာ အာ႐ုံမ်ားမွာကိုေတာ့ စိုးရိမ္မိေၾကာင္း ဆိုခဲ့ပါတယ္။

လြန္ခဲ့တဲ့ ငါးႏွစ္ေျခာက္ႏွစ္ကလိုမ်ဳိး ငါဆရာဆုိၿပီး လုပ္ျပခ်င္တဲ့ လူငယ္ေတာင္ပံသမားတစ္ေယာက္ရဲ႕ စိတ္ဓာတ္မ်ဳိး မရွိေတာ့ဘဲ ရင့္က်က္တည္ၿငိမ္စြာနဲ႔ ကြင္းလယ္မွာ ဦးေဆာင္ေနခဲ့တဲ့ အသက္ ၂၄ ႏွစ္သားဟာ ဒီႏွစ္ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ပစ္မွတ္လည္းျဖစ္လာခဲ့ၿပီး ဗီလာတုိ႔အတြက္ ၿပဳိင္ပြဲစုံမွာ ၉ ဂိုးသြင္းၿပီး ၈ ဂိုး ဖန္တီးေပးထားႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ကာရာေဘာင္းဖလားဖုိင္နယ္အျဖစ္ကစားရမယ့္ အသင္းကို ဦးေဆာင္ရမယ့္ ဂရီးလစ္ရွ္အေနနဲ႔ သူ႕ရဲ႕ေျခစြမ္းကို စမ္းသပ္ခံဖို႔ အခြင့္အေရးလည္းျဖစ္ၿပီး နည္းျပ ဒင္းန္စမစ္ကေတာ့ တစ္ဖက္က အသင္းႀကီးနဲ႔ျဖစ္လို႔ အရမ္းမေမွ်ာ္လင့္ထားဘူးလို႔ ဆုိပါတယ္။

“သူ႕အေနနဲ႔ အျမင့္ဆုံးအဆင့္မွာ ကစားၿပီး ဆုဖလားေတြ ရယူခ်င္မွာကို ကၽြန္ေတာ္သိပါတယ္။ တနဂၤေႏြေန႔မွာေတာ့ ဒီလိုအခြင့္အေရးတစ္ခု ရွိေနပါတယ္။ ဒါေပမယ့္ ဒီအသင္းမွာ သူ႕ကို ဆက္ရွိေနေစဖို႔ကေတာ့ ပရီးမီးယားလိဂ္မွာ ရလဒ္ေတြ ေကာင္းမွပဲ ျဖစ္ႏုိင္မွာပါ။ ဂ်က္ခ္ရဲ႕ အနာဂတ္က လာမယ့္ သုံးလအေပၚ မူတည္ေနၿပီး ကၽြန္ေတာ္တုိ႔ကေတာ့ သူ႕ကို ဆက္ရွိေနေစခ်င္ေပမယ့္ လြယ္ေတာ့ မလြယ္ပါဘူး”လို႔ ဒင္းန္စမစ္က ဆုိပါတယ္။

ဂရီးလစ္ရွ္ကေတာ့ သူ႕ရဲ႕ လူငယ္ဘဝကတည္းက ကစားခဲ့တဲ့ ဗီလာနဲ႔ ဝင္ဘလီကို ဦးေဆာင္သြားခြင့္ရတာ ေပ်ာ္ရႊင္မိေၾကာင္းဆုိခဲ့ၿပီး ဒီဖလားကို အမွတ္တရအျဖစ္ ရယူလိုေၾကာင္းဆိုထားခဲ့ၿပီး ေႏြရာသီမွာေတာ့ ဘာေတြျဖစ္လာမလဲဆုိတာ ေစာင့္ၾကည့္သြားရမွာလည္းျဖစ္ပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အက်စတန်ဗီလာအသင်းရဲ့နည်းပြ ဒင်းန်စမစ်က သူတို့ရဲ့ အတောက်ပဆုံးကစားသမားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်အပေါ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆက်သွယ်နေမှုတွေက တကယ်ပဲဖြစ်ကြောင်း၊ တားဆီးနိုင်ဖို့ မလွယ်ကူကြောင်းနဲ့ ကစားသမားအနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အာရုံများမှာကိုတော့ စိုးရိမ်မိကြောင်း ဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ခြောက်နှစ်ကလိုမျိုး ငါဆရာဆိုပြီး လုပ်ပြချင်တဲ့ လူငယ်တောင်ပံသမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး မရှိတော့ဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ ကွင်းလယ်မှာ ဦးဆောင်နေခဲ့တဲ့ အသက် ၂၄ နှစ်သားဟာ ဒီနှစ် ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ပစ်မှတ်လည်းဖြစ်လာခဲ့ပြီး ဗီလာတို့အတွက် ပြိုင်ပွဲစုံမှာ ၉ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးအသင်းနဲ့ ကာရာဘောင်းဖလားဖိုင်နယ်အဖြစ်ကစားရမယ့် အသင်းကို ဦးဆောင်ရမယ့် ဂရီးလစ်ရှ်အနေနဲ့ သူ့ရဲ့ခြေစွမ်းကို စမ်းသပ်ခံဖို့ အခွင့်အရေးလည်းဖြစ်ပြီး နည်းပြ ဒင်းန်စမစ်ကတော့ တစ်ဖက်က အသင်းကြီးနဲ့ဖြစ်လို့ အရမ်းမမျှော်လင့်ထားဘူးလို့ ဆိုပါတယ်။

“သူ့အနေနဲ့ အမြင့်ဆုံးအဆင့်မှာ ကစားပြီး ဆုဖလားတွေ ရယူချင်မှာကို ကျွန်တော်သိပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဒီလိုအခွင့်အရေးတစ်ခု ရှိနေပါတယ်။ ဒါပေမယ့် ဒီအသင်းမှာ သူ့ကို ဆက်ရှိနေစေဖို့ကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ကောင်းမှပဲ ဖြစ်နိုင်မှာပါ။ ဂျက်ခ်ရဲ့ အနာဂတ်က လာမယ့် သုံးလအပေါ် မူတည်နေပြီး ကျွန်တော်တို့ကတော့ သူ့ကို ဆက်ရှိနေစေချင်ပေမယ့် လွယ်တော့ မလွယ်ပါဘူး”လို့ ဒင်းန်စမစ်က ဆိုပါတယ်။

ဂရီးလစ်ရှ်ကတော့ သူ့ရဲ့ လူငယ်ဘဝကတည်းက ကစားခဲ့တဲ့ ဗီလာနဲ့ ဝင်ဘလီကို ဦးဆောင်သွားခွင့်ရတာ ပျော်ရွှင်မိကြောင်းဆိုခဲ့ပြီး ဒီဖလားကို အမှတ်တရအဖြစ် ရယူလိုကြောင်းဆိုထားခဲ့ပြီး နွေရာသီမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.