Premier League

အီဂါလိုအေနနဲ႔ ႀကံ့ခိုင္ဦးမယ္လုိ႔ ေမွ်ာ္လင့္မထားဖို႔ မန္ခ်က္စတာယူႏုိက္တက္ကို နည္းျပေဟာင္း သတိေပး

မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ အေရးေပၚ ေျခာက္လအငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့တဲ့ တုိက္စစ္မွဴး အုိဒီယြန္ အီဂါလိုအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ပုံစံအတုိင္း ႀကံ့ခိုင္မွဳကို ရရွိဦးမွာ မဟုတ္ေၾကာင္း သူ႕ရဲ႕ နည္းျပေဟာင္းျဖစ္သူ ကီေကး ဆန္းခ်က္က သတိေပးလုိက္ပါတယ္။

ဒီဇင္ဘာလ ၆ ရက္ေန႔က ရွန္ဟိုင္းရွင္ဟြာအသင္းအတြက္ ရွန္တုံးလူနင့္ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏုိင္ရခဲ့တဲ့ တ႐ုတ္ဖလားပြဲစဥ္မွာ ၂၃ မိနစ္ ေနာက္ဆုံးပါဝင္ကစားထားခဲ့တဲ့ ႏုိင္ဂ်ီးရီးယားတုိက္စစ္မွဴးအေနနဲ႔ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ ကစားရမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ပါဝင္ဖို႔ မျဖစ္ႏုိင္ေၾကာင္း ဘတ္စ္ေကးသားနည္းျပက ယူဆေနတာလည္းျဖစ္ပါတယ္။

“အဓိက ျပႆနာကေတာ့ တ႐ုတ္နဲ႔ အဂၤလန္ ေလ့က်င့္မွဳပုံစံေတြ ကြာျခားေနတာပါပဲ။ အဲ့ဒါက နည္းနည္းျပႆနာရွိမယ္ ထင္ပါတယ္”လို႔ ကီေကး ဆန္ခ်က္ဇ္က ဆုိခဲ့ၿပီး အီဂါလိုအေနနဲ႔ ကြာျခားလွတဲ့ ကာယအား အသုံးျပဳမွဳ ပုံစံမွာ အင္ျပည့္အားျပည့္ ၿပဳိင္ဆုိင္ႏိုင္ဖို႔ အဆင္သင့္မျဖစ္ေသးဘူး လုိ႔လည္း သုံးသပ္သြားခဲ့ပါတယ္။

ဒါေပမယ့္ အီဂါလိုဟာ ကစားသမားေကာင္းတစ္ဦးျဖစ္ေၾကာင္းနဲ႔ ႀက့ံခိုင္မွဳကို ဘယ္လုိအသုံးျပဳရမယ္ဆုိတာ နားလည္သူျဖစ္ေၾကာင္း၊ သူ႕ရဲ႕ အေနအထားကို ပုိမိုမဆုိးရြားေအာင္နဲ႔ ဒဏ္ရာမရေအာင္လည္း ေရွာင္ရွားတတ္သူျဖစ္ေၾကာင္း ဆန္းခ်က္ဇ္က ခ်ီးက်ဴးသြားခဲ့ၿပီး သူ႕အေနနဲ႔ တစ္လေလာက္ေတာ့ အခ်ိန္ယူရႏုိင္တယ္လုိ႔ မန္ယူအသင္းကို သတိေပးသြားခဲ့ပါတယ္။

ဝတ္ဖို႔ဒ္နဲ႔အတူ တစ္ရာသီအတြင္း ၁၅ ဂိုးသြင္းၿပီး ေျခစြမ္းျပႏုိင္ခဲ့ခ်ိန္မွာ အီဂါလိုနဲ႔ လက္တြဲခဲ့ၿပီး ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုကို အတူရယူခဲ့ဖူးတဲ့ ကီေကး ဆန္းခ်က္ဇ္က တ႐ုတ္ျပည္ကေန ျပန္လာတဲ့ ကစားသမားတုိင္း ရင္ဆုိင္ရမယ့္ အရာဟာ ဥေရာပအသင္းေတြရဲ႕ ႀကံ့ခိုင္မွဳအဆင့္အတန္းကို ျပန္ရေအာင္လုပ္ဖို႔ပဲ ျဖစ္တယ္လုိ႔လည္း သုံးသပ္ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO & WIKI
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆောင်းရာသီအပြောင်းအရွှေ့မှာ အရေးပေါ် ခြောက်လအငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး အိုဒီယွန် အီဂါလိုအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ပုံစံအတိုင်း ကြံ့ခိုင်မှုကို ရရှိဦးမှာ မဟုတ်ကြောင်း သူ့ရဲ့ နည်းပြဟောင်းဖြစ်သူ ကီကေး ဆန်းချက်က သတိပေးလိုက်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့က ရှန်ဟိုင်းရှင်ဟွာအသင်းအတွက် ရှန်တုံးလူနင့်ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တရုတ်ဖလားပွဲစဉ်မှာ ၂၃ မိနစ် နောက်ဆုံးပါဝင်ကစားထားခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးအနေနဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်ကြောင်း ဘတ်စ်ကေးသားနည်းပြက ယူဆနေတာလည်းဖြစ်ပါတယ်။

“အဓိက ပြဿနာကတော့ တရုတ်နဲ့ အင်္ဂလန် လေ့ကျင့်မှုပုံစံတွေ ကွာခြားနေတာပါပဲ။ အဲ့ဒါက နည်းနည်းပြဿနာရှိမယ် ထင်ပါတယ်”လို့ ကီကေး ဆန်ချက်ဇ်က ဆိုခဲ့ပြီး အီဂါလိုအနေနဲ့ ကွာခြားလှတဲ့ ကာယအား အသုံးပြုမှု ပုံစံမှာ အင်ပြည့်အားပြည့် ပြိုင်ဆိုင်နိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

ဒါပေမယ့် အီဂါလိုဟာ ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်းနဲ့ ကြံ့ခိုင်မှုကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ နားလည်သူဖြစ်ကြောင်း၊ သူ့ရဲ့ အနေအထားကို ပိုမိုမဆိုးရွားအောင်နဲ့ ဒဏ်ရာမရအောင်လည်း ရှောင်ရှားတတ်သူဖြစ်ကြောင်း ဆန်းချက်ဇ်က ချီးကျူးသွားခဲ့ပြီး သူ့အနေနဲ့ တစ်လလောက်တော့ အချိန်ယူရနိုင်တယ်လို့ မန်ယူအသင်းကို သတိပေးသွားခဲ့ပါတယ်။

ဝတ်ဖို့ဒ်နဲ့အတူ တစ်ရာသီအတွင်း ၁၅ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့ချိန်မှာ အီဂါလိုနဲ့ လက်တွဲခဲ့ပြီး ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို အတူရယူခဲ့ဖူးတဲ့ ကီကေး ဆန်းချက်ဇ်က တရုတ်ပြည်ကနေ ပြန်လာတဲ့ ကစားသမားတိုင်း ရင်ဆိုင်ရမယ့် အရာဟာ ဥရောပအသင်းတွေရဲ့ ကြံ့ခိုင်မှုအဆင့်အတန်းကို ပြန်ရအောင်လုပ်ဖို့ပဲ ဖြစ်တယ်လို့လည်း သုံးသပ် ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO & WIKI
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.