Premier League Transfer News

8 Dec နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာတစ်ယောက် ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး သူ့ကို ထောက်ခံမှု ကျဆင်းလာချိန်မှာ ပရိသတ်တွေက မိမိဘက်မှာ ရှိနေဆဲလို့ အဓိပ္ပါယ်ဆောင်တဲ့ ပုံနဲ့ စာကို တွစ်တာမှာတင်ပြီး အိုဇေးလ် ခနဲ့သွားခဲ့။

– အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ ပုံစံသစ်တစ်ခုကို တည်ဆောက်ဖို့ ရုန်းကန်ရတော့မှာဖြစ်ပြီး နည်းပြ အာတီတာအနေနဲ့ ကစားသမားတွေဆီက အကောင်းဆုံးအရည်အသွေးတွေကို ဘယ်လိုထုတ်ယူရမယ်ဆိုတာ သိခဲ့ရင်တောင် အဆင့် ၄ အတွင်း ဝင်ဖို့ မမီနိုင်တော့ဘူးလို့ တိုက်စစ်မှူးဟောင်း ကလင်တန် မော်ရစ်ဆန် ခန့်မှန်း။

– ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို ခေါ်ယူဖို့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေ ဘက်က မီးစိမ်းပြထားပြီး စာချုပ်လျော်ကြေး ပေါင် ၂၂.၅ သန်းကို ပေးချေသွားမယ်လို့ဆိုနေကြ။

– ပွဲစပြီး စက္ကန့်ပိုင်းအတွင်း အမှားကျူးလွန်ခဲ့တဲ့ လာကာဇက်ကတော့ ပြီးဆုံးသွားခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်နေပြီး သူ့ကို ထည့်သွင်းကစားလို့ ရလဒ်ကောင်းတွေ ရယူနိုင်တော့မှာ မဟုတ်ကြောင်း အာဆင်နယ်ပရိသတ်တွေ တစ်ညီတစ်ညွတ်တည်း ပေါက်ကွဲနေကြ။

– တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရဲ ဖီနာဘာချီ မဲဆန္ဒနယ်အမတ် မူရတ် ဇော်လုက အာဆင်နယ်ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အနေနဲ့ မိမိတို့ရဲ့ ဖီနာဘာချီအသင်းဆီကို လာမယ့်အပြောင်းအရွှေ့ကာလတွေမှာ ရောက်ရှိလာဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောကြားသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ခံစစ်သမားတွေကြားထဲမှာ စကားရော ပြောရဲ့လားလို့ မာတင် ကီးယွန်းက မေးခွန်းထုတ်လိုက်ပြီး ဆွန်ဟောင်မင်ကို ဘယ်သူမှ ဖျက်ထုတ်ခြင်း မပြုခဲ့တာကို အံ့သြမိသလို ဘယ်လာရင်နဲ့ တီယာနီတို့ဟာလည်း ၄ ယောက်တန်း နောက်ခံလူတွေနဲ့ မတူဘဲ တိုက်စစ်ကို အလွန်အကျွံကစားပြီး နောက်တန်းကို ဝန်ပိစေတာကို ပြင်သင့်ပြီလို့ ဝေဖန်။

– စကိုင်းပို့စ်ရဲ့ ဘောလုံးတင်ဆက်သူ ဂျေမီ ကာရေဂါက အာဆင်နယ်အသင်းရဲ့ ကစားသမား ခေါ်ယူမှုတချို့ဟာ ဟာသာတွေသာ ဖြစ်ကြောင်း သုံးသပ်လိုက်ပြီး အေးဂျင့် ဂျော်ရက်ဘ်ချီယန် ခိုင်းတိုင်း သူ့ရဲ့ ကစားသမားတွေကို ခေါ်ယူပေးနေတာလားလို့ လှောင်ပြောင်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ နည္းျပ မီခယ္လ္ အာတီတာတစ္ေယာက္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရၿပီး သူ႔ကို ေထာက္ခံမႈ က်ဆင္းလာခ်ိန္မွာ ပရိသတ္ေတြက မိမိဘက္မွာ ရွိေနဆဲလို႔ အဓိပၸါယ္ေဆာင္တဲ့ ပုံနဲ႔ စာကို တြစ္တာမွာတင္ၿပီး အိုေဇးလ္ ခနဲ႔သြားခဲ့။

– အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ ပုံစံသစ္တစ္ခုကို တည္ေဆာက္ဖို႔ ႐ုန္းကန္ရေတာ့မွာျဖစ္ၿပီး နည္းျပ အာတီတာအေနနဲ႔ ကစားသမားေတြဆီက အေကာင္းဆုံးအရည္အေသြးေတြကို ဘယ္လိုထုတ္ယူရမယ္ဆိုတာ သိခဲ့ရင္ေတာင္ အဆင့္ ၄ အတြင္း ဝင္ဖို႔ မမီႏိုင္ေတာ့ဘူးလို႔ တိုက္စစ္မႉးေဟာင္း ကလင္တန္ ေမာ္ရစ္ဆန္ ခန႔္မွန္း။

– ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းရဲ႕ လူငယ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကို ေခၚယူဖို႔ အာဆင္နယ္အသင္းတာဝန္ရွိသူေတြ ဘက္က မီးစိမ္းျပထားၿပီး စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၂၂.၅ သန္းကို ေပးေခ်သြားမယ္လို႔ဆိုေနၾက။

– ပြဲစၿပီး စကၠန႔္ပိုင္းအတြင္း အမွားက်ဴးလြန္ခဲ့တဲ့ လာကာဇက္ကေတာ့ ၿပီးဆုံးသြားခဲ့တဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနၿပီး သူ႔ကို ထည့္သြင္းကစားလို႔ ရလဒ္ေကာင္းေတြ ရယူႏိုင္ေတာ့မွာ မဟုတ္ေၾကာင္း အာဆင္နယ္ပရိသတ္ေတြ တစ္ညီတစ္ၫြတ္တည္း ေပါက္ကြဲေနၾက။

– တူရကီႏိုင္ငံ၊ အစၥတန္ဘူလ္ၿမိဳ႕ရဲ ဖီနာဘာခ်ီ မဲဆႏၵနယ္အမတ္ မူရတ္ ေဇာ္လုက အာဆင္နယ္ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အေနနဲ႔ မိမိတို႔ရဲ႕ ဖီနာဘာခ်ီအသင္းဆီကို လာမယ့္အေျပာင္းအေ႐ႊ႕ကာလေတြမွာ ေရာက္ရွိလာဖို႔ ၉၀ ရာခိုင္ႏႈန္း ေသခ်ာတယ္လို႔ ေျပာၾကားသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ခံစစ္သမားေတြၾကားထဲမွာ စကားေရာ ေျပာရဲ႕လားလို႔ မာတင္ ကီးယြန္းက ေမးခြန္းထုတ္လိုက္ၿပီး ဆြန္ေဟာင္မင္ကို ဘယ္သူမွ ဖ်က္ထုတ္ျခင္း မျပဳခဲ့တာကို အံ့ၾသမိသလို ဘယ္လာရင္နဲ႔ တီယာနီတို႔ဟာလည္း ၄ ေယာက္တန္း ေနာက္ခံလူေတြနဲ႔ မတူဘဲ တိုက္စစ္ကို အလြန္အကြၽံကစားၿပီး ေနာက္တန္းကို ဝန္ပိေစတာကို ျပင္သင့္ၿပီလို႔ ေဝဖန္။

– စကိုင္းပို႔စ္ရဲ႕ ေဘာလုံးတင္ဆက္သူ ေဂ်မီ ကာေရဂါက အာဆင္နယ္အသင္းရဲ႕ ကစားသမား ေခၚယူမႈတခ်ိဳ႕ဟာ ဟာသာေတြသာ ျဖစ္ေၾကာင္း သုံးသပ္လိုက္ၿပီး ေအးဂ်င့္ ေဂ်ာ္ရက္ဘ္ခ်ီယန္ ခိုင္းတိုင္း သူ႔ရဲ႕ ကစားသမားေတြကို ေခၚယူေပးေနတာလားလို႔ ေလွာင္ေျပာင္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.