Premier League Transfer News

7 Dec ညပိုင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်နဲ့ ဒါဘီပွဲမှာ မန်ချက်စတာစီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ဗဟိုခံစစ်အတွဲနေရာအတွက် ဘယ်သူ့ကို ရွေးချယ်ရမယ်ဆိုတာ ခေါင်းစားနေပြီး ပရိသတ်တွေကတော့ ဖန်တီးမှု ပိုမိုအားကောင်းတဲ့ အေးမရစ် လာပေါ့တ်ကို ရူဘင် ဒီယက်စ်နဲ့ တွဲပေးဖို့ အလိုရှိနေကြ။

– အဲရစ် ဂါစီယာကို ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ နည်းပြ ဂွါဒီယိုလာအနေနဲ့ ခွင့်ပြုသွားနိုင်ဖွယ်ရှိနေပြီး အသင်းရဲ့ အရန် နောက်ခံလူအဖြစ် မန်စီးတီးလူငယ်အသင်းက ထွက်ပေါ်လာတဲ့ တေလာ ဟားဝုဒ်-ဘဲလစ္စကို အသုံးပြုနိုင်ဖို့ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း မိုက်ကယ် သောမတ်စ်က လက်ရှိနည်းပြ မီခယ်လ် အာတီတာအနေနဲ့ မဖြစ်နိုင်တဲ့ အမြင့်ဘောတွေကို လျှောက်ကစားမနေဘဲ မန်ချက်စတာစီးတီးကို အတုယူမြဲအတိုင်း အတုယူပြီး သူတို့လိုပဲ ထိရောက်အောင်ကစားဖို့ တိုက်တွန်း။

– မန်ချက်စတာစီးတီးအသင်းရဲ့ လူငယ်တိုက်စစ်မှူး လီယမ် ဒီလက်ပ်အနေနဲ့ အရန်အသင်းတွေ ယှဉ်ပြိုင်ကစားကြတဲ့ ပရီးမီးယားလိဂ်တူးရဲ့ နိုဝင်ဘာလတစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိဖို့အတွက် ပဏာမစာရင်းမှာ ပါဝင်နေပြီး အသင်းဖော် ကိုးလ် ပါးလ်မားရဲ့ အောက်တိုဘာဆုကို ဆက်ခံနိုင်မလား စောင့်ကြည့်ရဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုအတွက် ရီယက် မာရက်ဇ်၊ အေးမရစ် လာပေါ့တ်၊ ရာဟင်းမ် စတာလင်တို့နဲ့အတူ ပဏာမ အဆိုပြုခံထားရတဲ့ ကီဗင် ဒီဘရိုင်းနားအနေနဲ့ ဒီရာသီမှာ ကျဆင်းနေတဲ့ ခြေစွမ်းကြောင့် ဒီဆုကို လက်လွှတ်ရဖွယ်ရှိနေ။

– ဂျီရိုနာအသင်းကနေ ခေါ်ယူထားပြီး စပို့တင်းလစ္စဘွန်းအသင်းမှာ နှစ်ရာသီ အငှားချထားခဲ့တဲ့ စပိန်သား ညာနောက်ခံလူ ပက်ဒရို ပေါ်ရိုရဲ့ ခြေစွမ်းပြနေတဲ့ အနေအထားကို မန်စီးတီး စောင့်ကြည့်နေပြီး တည်ကန်ဘောတွေ အားသာချက်ရှိတဲ့ အသက် ၂၁ နှစ်သားကို လာမယ့်ရာသီမှာ နေရာပြန်ပေးနိုင်ဖို့ စဉ်းစားနေ။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာရဲ့ လက်တွေ့မကျတဲ့ စိတ်ကူးတစ်ခုဖြစ်တဲ့ ခံစစ်ကို အားဖြည့်ဖို့ နောက်ခံလူ ဂျွန်စတုန်းစ်ကို ခေါ်ယူချင်နေတဲ့ကိစ္စကတော့ အထမြောက်လာနိုင်ခြေ နည်းနေပြီး တိုက်စစ်သမားတွေကို မဖြစ်မနေ ခေါ်ယူရမှာဖြစ်သလို ဒီမတိုင်ခင်မှာလည်း ရာထူးဆုံးရှုံးသွားနိုင်ခြေကို ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဒါဘီပြဲမွာ မန္ခ်က္စတာစီးတီးနည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ဗဟိုခံစစ္အတြဲေနရာအတြက္ ဘယ္သူ႔ကို ေ႐ြးခ်ယ္ရမယ္ဆိုတာ ေခါင္းစားေနၿပီး ပရိသတ္ေတြကေတာ့ ဖန္တီးမႈ ပိုမိုအားေကာင္းတဲ့ ေအးမရစ္ လာေပါ့တ္ကို ႐ူဘင္ ဒီယက္စ္နဲ႔ တြဲေပးဖို႔ အလိုရွိေနၾက။

– အဲရစ္ ဂါစီယာကို ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာခြင့္ျပဳဖို႔ နည္းျပ ဂြါဒီယိုလာအေနနဲ႔ ခြင့္ျပဳသြားႏိုင္ဖြယ္ရွိေနၿပီး အသင္းရဲ႕ အရန္ ေနာက္ခံလူအျဖစ္ မန္စီးတီးလူငယ္အသင္းက ထြက္ေပၚလာတဲ့ ေတလာ ဟားဝုဒ္-ဘဲလစၥကို အသုံးျပဳႏိုင္ဖို႔ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္း မိုက္ကယ္ ေသာမတ္စ္က လက္ရွိနည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ မျဖစ္ႏိုင္တဲ့ အျမင့္ေဘာေတြကို ေလွ်ာက္ကစားမေနဘဲ မန္ခ်က္စတာစီးတီးကို အတုယူၿမဲအတိုင္း အတုယူၿပီး သူတို႔လိုပဲ ထိေရာက္ေအာင္ကစားဖို႔ တိုက္တြန္း။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ လူငယ္တိုက္စစ္မႉး လီယမ္ ဒီလက္ပ္အေနနဲ႔ အရန္အသင္းေတြ ယွဥ္ၿပိဳင္ကစားၾကတဲ့ ပရီးမီးယားလိဂ္တူးရဲ႕ ႏိုဝင္ဘာလတစ္လတာ အေကာင္းဆုံးကစားသမားဆုကို ရရွိဖို႔အတြက္ ပဏာမစာရင္းမွာ ပါဝင္ေနၿပီး အသင္းေဖာ္ ကိုးလ္ ပါးလ္မားရဲ႕ ေအာက္တိုဘာဆုကို ဆက္ခံႏိုင္မလား ေစာင့္ၾကည့္ရဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၂၀၂၀ ခုႏွစ္အတြက္ အေကာင္းဆုံး ကစားသမားဆုအတြက္ ရီယက္ မာရက္ဇ္၊ ေအးမရစ္ လာေပါ့တ္၊ ရာဟင္းမ္ စတာလင္တို႔နဲ႔အတူ ပဏာမ အဆိုျပဳခံထားရတဲ့ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ဒီရာသီမွာ က်ဆင္းေနတဲ့ ေျခစြမ္းေၾကာင့္ ဒီဆုကို လက္လႊတ္ရဖြယ္ရွိေန။

– ဂ်ီ႐ိုနာအသင္းကေန ေခၚယူထားၿပီး စပို႔တင္းလစၥဘြန္းအသင္းမွာ ႏွစ္ရာသီ အငွားခ်ထားခဲ့တဲ့ စပိန္သား ညာေနာက္ခံလူ ပက္ဒ႐ို ေပၚ႐ိုရဲ႕ ေျခစြမ္းျပေနတဲ့ အေနအထားကို မန္စီးတီး ေစာင့္ၾကည့္ေနၿပီး တည္ကန္ေဘာေတြ အားသာခ်က္ရွိတဲ့ အသက္ ၂၁ ႏွစ္သားကို လာမယ့္ရာသီမွာ ေနရာျပန္ေပးႏိုင္ဖို႔ စဥ္းစားေန။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာရဲ႕ လက္ေတြ႕မက်တဲ့ စိတ္ကူးတစ္ခုျဖစ္တဲ့ ခံစစ္ကို အားျဖည့္ဖို႔ ေနာက္ခံလူ ဂြၽန္စတုန္းစ္ကို ေခၚယူခ်င္ေနတဲ့ကိစၥကေတာ့ အထေျမာက္လာႏိုင္ေျခ နည္းေနၿပီး တိုက္စစ္သမားေတြကို မျဖစ္မေန ေခၚယူရမွာျဖစ္သလို ဒီမတိုင္ခင္မွာလည္း ရာထူးဆုံးရႈံးသြားႏိုင္ေျခကို ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.