Premier League Transfer News

8 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– သူ့ရဲ့ ကစားသမား ပေါလ် ပေါ့ဘာဟာ အိုးလ်ထရက်ဖို့ဒ်မှာ မပျော်ဘဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောလိုက်တဲ့ အေးဂျင့် မီနို ရိုင်ယိုလာကို မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က ပြစ်တင်ပြောကြားလိုက်ပြီး ဘာဖြစ်လို့ ဒီလောက် ခလောက်ဆန်နေတာလဲဆိုတာ နားမလည်နိုင်ကြောင်းပြောကြား။

– ရိုင်ယိုလာကို ဂယ်ရီ နဗီးလ်ရဲ့ ဆန့်ကျင်ရှုတ်ချမှုကို သူ့ရဲ့ စကိုင်းစပို့စ်လုပ်ဖော်ကိုင်ဖက် ဂျေမီ ကာရေဂါကလည်း ထောက်ခံလိုက်ပြီး ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ဒီအေးဂျင့်ကို ဖြုတ်ရင်ဖြုတ်၊ မဟုတ်ရင် အသင်းအနေနဲ့ သူ့ကို ရောင်းချပြီး လမ်းခွဲသင့်ပြီလို့ဆို။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်ကို စာချုပ်သက်တမ်းတစ်နှစ်တိုးဖို့နဲ့ ဇန်နဝါရီမှာ အငှားချသွားဖို့ စီစဉ်နေပြီး အသက် ၂၇ နှစ်အရွယ် အင်္ဂလန်သားအနေနဲ့ ကစားခွင့်အတွက် အိုးလ်ထရက်ဖို့ဒ်က ထွက်ဖို့ရှိနေ။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ချန်ပီယံလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ RB လိုက်ပ်ဇစ်နဲ့ပွဲကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်ပြီး ခန့်မှန်းဖို့ မလွယ်တဲ့ ဂျာမန်နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းရဲ့ နည်းစနစ်တွေကြောင့် ရုန်းကန်ရနိုင်ကြောင်း ကျွမ်းကျင်သူတွေ သုံးသပ်။

– အသက် ၁၈ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် အေဒူယာဒို ကာမာဗင်ဂါအနေနဲ့ စပိန်နဲ့ အင်္ဂလန်မှာ ချိတ်ဆက်မှုတွေကောင်းတဲ့ အေးဂျင့် စတယ်လာအေဂျင်စီကို ပြောင်းလဲခဲ့တဲ့အပြင် လက်ရှိကလပ် ရင်းနေးကနေ ထွက်ခွာပြီး အသင်းသစ် ရှာဖွေချင်ပြီလို့ ဆိုထားခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ခေါ်ယူဖို့ အပြိုင်ဖြစ်လာ။

– ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး ပေါ်လို ဒီဘားလားကို အလိုက်ပေးပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်နေပြီး ပရိသတ်တွေ မုန်းတဲ့ အေးဂျင့် ရိုင်ယိုလာရဲ့ ပွဲတစ်ပွဲဖြစ်လာဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ပြုတ်မယ်ဆိုတာ လက်မခံနိုင်တဲ့ ကိစ္စမျိုးဖြစ်တယ်လို့ အသင်း ခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ပြောကြားလိုက်ပြီး ပြိုင်ဘက်သုံးသင်းက ဘယ်သူတွေပဲဖြစ်ဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ရမှာဖြစ်ကြောင်း လိုက်ပ်ဇစ်နဲ့ပွဲကြို ကြုံးဝါးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– သူ႔ရဲ႕ ကစားသမား ေပါလ္ ေပါ့ဘာဟာ အိုးလ္ထရက္ဖို႔ဒ္မွာ မေပ်ာ္ဘဲ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ေျပာလိုက္တဲ့ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကို မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က ျပစ္တင္ေျပာၾကားလိုက္ၿပီး ဘာျဖစ္လို႔ ဒီေလာက္ ခေလာက္ဆန္ေနတာလဲဆိုတာ နားမလည္ႏိုင္ေၾကာင္းေျပာၾကား။

– ႐ိုင္ယိုလာကို ဂယ္ရီ နဗီးလ္ရဲ႕ ဆန႔္က်င္ရႈတ္ခ်မႈကို သူ႔ရဲ႕ စကိုင္းစပို႔စ္လုပ္ေဖာ္ကိုင္ဖက္ ေဂ်မီ ကာေရဂါကလည္း ေထာက္ခံလိုက္ၿပီး ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ ဒီေအးဂ်င့္ကို ျဖဳတ္ရင္ျဖဳတ္၊ မဟုတ္ရင္ အသင္းအေနနဲ႔ သူ႔ကို ေရာင္းခ်ၿပီး လမ္းခြဲသင့္ၿပီလို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ကို စာခ်ဳပ္သက္တမ္းတစ္ႏွစ္တိုးဖို႔နဲ႔ ဇန္နဝါရီမွာ အငွားခ်သြားဖို႔ စီစဥ္ေနၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ အဂၤလန္သားအေနနဲ႔ ကစားခြင့္အတြက္ အိုးလ္ထရက္ဖို႔ဒ္က ထြက္ဖို႔ရွိေန။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ခ်န္ပီယံလိဂ္အုပ္စု ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ RB လိုက္ပ္ဇစ္နဲ႔ပြဲကို ခက္ခက္ခဲခဲ ရင္ဆိုင္ရမွာျဖစ္ၿပီး ခန႔္မွန္းဖို႔ မလြယ္တဲ့ ဂ်ာမန္နည္းျပ ဂ်ဴလီယန္ နာဂဲလ္စ္မန္းရဲ႕ နည္းစနစ္ေတြေၾကာင့္ ႐ုန္းကန္ရႏိုင္ေၾကာင္း ကြၽမ္းက်င္သူေတြ သုံးသပ္။

– အသက္ ၁၈ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ ေအဒူယာဒို ကာမာဗင္ဂါအေနနဲ႔ စပိန္နဲ႔ အဂၤလန္မွာ ခ်ိတ္ဆက္မႈေတြေကာင္းတဲ့ ေအးဂ်င့္ စတယ္လာေအဂ်င္စီကို ေျပာင္းလဲခဲ့တဲ့အျပင္ လက္ရွိကလပ္ ရင္းေနးကေန ထြက္ခြာၿပီး အသင္းသစ္ ရွာေဖြခ်င္ၿပီလို႔ ဆိုထားခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ေခၚယူဖို႔ အၿပိဳင္ျဖစ္လာ။

– ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး ေပၚလို ဒီဘားလားကို အလိုက္ေပးၿပီး မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ျပန္လည္ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ပရိသတ္ေတြ မုန္းတဲ့ ေအးဂ်င့္ ႐ိုင္ယိုလာရဲ႕ ပြဲတစ္ပြဲျဖစ္လာဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန ျပဳတ္မယ္ဆိုတာ လက္မခံႏိုင္တဲ့ ကိစၥမ်ိဳးျဖစ္တယ္လို႔ အသင္း ေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ေျပာၾကားလိုက္ၿပီး ၿပိဳင္ဘက္သုံးသင္းက ဘယ္သူေတြပဲျဖစ္ျဖစ္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ရမွာျဖစ္ေၾကာင္း လိုက္ပ္ဇစ္နဲ႔ပြဲႀကိဳ ႀကဳံးဝါးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.