Premier League

လိုက်ပ်ဇစ်နဲ့ပွဲမတိုင်ခင် ယူနိုက်တက်အသင်းသားတွေကို စိန်ခေါ်လိုက်တဲ့ ပေါ့ဂ်ဘာ

လာမယ့်တပတ်တာကာလအတွင်း RB လိုက်ပ်ဇစ်နဲ့ မြို့ခံရန်ဘက် မန်စီးတီးအသင်းတို့ကို ပွဲကျပ်တွေအနေနဲ့ ရင်ဆိုင်သွားရမယ့် ယူနိုက်တက်ကို ဘာတွေလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ပေါ့ဘာက သတိပေးသွားခဲ့ပြီး ဂုဏ်သိက္ခာအတွက် အသက်တမျှ အရေးကြီးတဲ့ ဒီပွဲစဥ်တွေကို အနိုင်ကန်သွားဖို့ ပြင်းထန်တဲ့ စိန်ခေါ်မှု ပြုလုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်နဲ့ပွဲတွေမှာ နောက်ကျအနိုင်ဂိုးတွေနဲ့ အသက်ရှုချောင်ခဲ့တဲ့ ယူနိုက်တက်ဟာ အဝေးကွင်းတွေမှာ ဆက်တိုက် အောင်ပွဲဆင်ခဲ့တာဖြစ်ပြီး လာမယ့် လိုက်ပ်ဇစ်နဲ့ပွဲမှာလည်း အဝေးကွင်းဖြစ်နေကလည်း လိုက်ပ်ဇစ်ဆီက အနည်းဆုံး တမှတ်ရယူပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကတက်ဖို့ ပေါ့ဂ်ဘာက ရည်ရွယ်ယုံကြည်ထားတဲ့ အကြောင်းအရင်းတချက် ဖြစ်နေပါတယ်။

ဒီပွဲအပြီးမှာ ရင်ဆိုင်ရမယ့် မန်စီးတီးကိုသာ အနိုင်ရခဲ့ရင် မြို့ခံပြိုင်ဘက်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လေးမှတ်ဖြတ်ထားနိုင်မှာဖြစ်လို့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ပွဲထွက်ကစားကာ ချေပဂိုးကို သွင်းယူပြီး ယူနိုက်တက်အသင်းကို အမှတ်ပေးဇယား အဆင့် ၅ အထိရောက်အောင်ဆွဲတင်ပေးနိုင်ခဲ့တာကြောင့် ဒီရာသီ ယူနိုက်တက် အရန်လူဖြစ်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ စိတ်အားထက်သန်မှုက အမြင့်ဆုံးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

” သေချာတာပေါ့။ ကျွန်တော်တို့ ပွဲကျပ်နှစ်ပွဲကို ရင်ဆိုင်ကစားရမှာပါ။ လိုက်ပ်ဇစ်၊ မန်စီးတီးနဲ့ နှစ်ပွဲလုံးက သူတင်ကိုယ်တင် ကစားရမယ့် အရေးကြီးပွဲစဥ်တွေဆိုတာ သိပါတယ်။ ဒီနှစ်ပွဲက အဆုံးးအဖြတ်ပွဲစဥ်တွေ ဖြစ်ပါတယ်။ အနိုင်ရလိုစိတ်ကို ခပ်ပြင်းပြင်းမြှင့်တင်ပြီး ကစားသွားရမှာပါ။ ဒါ ကျွန်တော်တို့ ယူနိုက်တက်အသင်းရဲ့ အစဥ်အလာပါပဲ”

” ရှုံးနိမ့်ဖို့ဆိုတာ တွေးကိုမတွေးမိပါဘူး။ သရေကျခဲ့ရင် သို့ ရှံးခဲ့ရင်တောင် ပိုကောင်းတဲ့ အသင်း ဖြစ်ကိုဖြစ်ရပါမယ်။ တဂိုးနဲ့ပဲ ကပ်နိုင်နိုင်၊ ၆ ဂိုး ၅ ဂိုးနဲ့ပဲ နိုင်နိုင်၊ ကျွန်တော်တို့အသင်း နိုင်ဖို့ အရေးကြီးပါတယ်။ အနိုင်ရလဒ်ဆိုတာ ကျွန်တော်တို့ရဲ့ ယူနိုက်တက်တသင်းလုံး လိုချင်တဲ့အရာ ဖြစ်ပါတယ်။” လို့ ပေါ့ဂ်ဘာက လိုက်ပ်ဇစ်၊ မန်စီးတီးတို့နဲ့ ပွဲကြိုမှာ ဟစ်​ကြွေးသွားခဲ့ပါတယ်။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာမယ့္တပတ္တာကာလအတြင္း RB လိုက္ပ္ဇစ္နဲ႕ ၿမိဳ႕ခံရန္ဘက္ မန္စီးတီးအသင္းတို႔ကို ပြဲက်ပ္ေတြအေနနဲ႕ ရင္ဆိုင္သြားရမယ့္ ယူနိုက္တက္ကို ဘာေတြလုပ္သင့္သလဲဆိုတာနဲ႕ ပတ္သက္လို႔ ေပါ့ဘာက သတိေပးသြားခဲ့ၿပီး ဂုဏ္သိကၡာအတြက္ အသက္တမွ် အေရးႀကီးတဲ့ ဒီပြဲစဥ္ေတြကို အနိုင္ကန္သြားဖို႔ ျပင္းထန္တဲ့ စိန္ေခၚမႈ ျပဳလုပ္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဝက္စ္ဟမ္း၊ ေဆာက္သမ္တန္နဲ႕ပြဲေတြမွာ ေနာက္က်အနိုင္ဂိုးေတြနဲ႕ အသက္ရႈေခ်ာင္ခဲ့တဲ့ ယူနိုက္တက္ဟာ အေဝးကြင္းေတြမွာ ဆက္တိုက္ ေအာင္ပြဲဆင္ခဲ့တာျဖစ္ၿပီး လာမယ့္ လိုက္ပ္ဇစ္နဲ႕ပြဲမွာလည္း အေဝးကြင္းျဖစ္ေနကလည္း လိုက္ပ္ဇစ္ဆီက အနည္းဆုံး တမွတ္ရယူၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကတက္ဖို႔ ေပါ့ဂ္ဘာက ရည္႐ြယ္ယုံၾကည္ထားတဲ့ အေၾကာင္းအရင္းတခ်က္ ျဖစ္ေနပါတယ္။

ဒီပြဲအၿပီးမွာ ရင္ဆိုင္ရမယ့္ မန္စီးတီးကိုသာ အနိုင္ရခဲ့ရင္ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းကို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ေလးမွတ္ျဖတ္ထားနိုင္မွာျဖစ္လို႔ ဝက္စ္ဟမ္းနဲ႕ပြဲမွာ ပြဲထြက္ကစားကာ ေခ်ပဂိုးကို သြင္းယူၿပီး ယူနိုက္တက္အသင္းကို အမွတ္ေပးဇယား အဆင့္ ၅ အထိေရာက္ေအာင္ဆြဲတင္ေပးနိုင္ခဲ့တာေၾကာင့္ ဒီရာသီ ယူနိုက္တက္ အရန္လူျဖစ္ခဲ့တဲ့ ေပါ့ဂ္ဘာရဲ႕ စိတ္အားထက္သန္မႈက အျမင့္ဆုံးကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။

” ေသခ်ာတာေပါ့။ ကြၽန္ေတာ္တို႔ ပြဲက်ပ္ႏွစ္ပြဲကို ရင္ဆိုင္ကစားရမွာပါ။ လိုက္ပ္ဇစ္၊ မန္စီးတီးနဲ႕ ႏွစ္ပြဲလုံးက သူတင္ကိုယ္တင္ ကစားရမယ့္ အေရးႀကီးပြဲစဥ္ေတြဆိုတာ သိပါတယ္။ ဒီႏွစ္ပြဲက အဆုံးးအျဖတ္ပြဲစဥ္ေတြ ျဖစ္ပါတယ္။ အနိုင္ရလိုစိတ္ကို ခပ္ျပင္းျပင္းျမႇင့္တင္ၿပီး ကစားသြားရမွာပါ။ ဒါ ကြၽန္ေတာ္တို႔ ယူနိုက္တက္အသင္းရဲ႕ အစဥ္အလာပါပဲ”

” ရႈံးနိမ့္ဖို႔ဆိုတာ ေတြးကိုမေတြးမိပါဘူး။ သေရက်ခဲ့ရင္ သို႔ ရွံးခဲ့ရင္ေတာင္ ပိုေကာင္းတဲ့ အသင္း ျဖစ္ကိုျဖစ္ရပါမယ္။ တဂိုးနဲ႕ပဲ ကပ္နိုင္နိုင္၊ ၆ ဂိုး ၅ ဂိုးနဲ႕ပဲ နိုင္နိုင္၊ ကြၽန္ေတာ္တို႔အသင္း နိုင္ဖို႔ အေရးႀကီးပါတယ္။ အနိုင္ရလဒ္ဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ ယူနိုက္တက္တသင္းလုံး လိုခ်င္တဲ့အရာ ျဖစ္ပါတယ္။” လို႔ ေပါ့ဂ္ဘာက လိုက္ပ္ဇစ္၊ မန္စီးတီးတို႔နဲ႕ ပြဲႀကိဳမွာ ဟစ္​ေႂကြးသြားခဲ့ပါတယ္။

REF: MEN
PHOTOS CREDIT TO OWNERS
SPORTS A2Z.