Premier League Transfer News

7 Dec ညနေပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်ဘက်ကို ပင်နယ်တီပေးခဲ့တာကို VAR နဲ့ ပြန်လည်ပြင်ဆင်ပေးခဲ့တဲ့ ခရိတ် ပေါ်ဆန်ရဲ့ ဆုံးဖြတ်ချက်ကို ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘတ်က ကြိုဆိုလိုက်ပေမယ့် ဟန်ဆောင်လှဲချခဲ့တဲ့ ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကိုဒီကို အဝါကတ်မပြတာကိုတော့ လိုအပ်ချက်အဖြစ် ထောက်ပြသွားခဲ့။

– ဘောလုံးကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်က လီဗာပူးလ် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ နိုင်ပွဲတွေအတွက် ချီးကျူးရတာ စိတ်ပျက်လှပြီဖြစ်ကြောင်း ဟာသလုပ်သွားခဲ့။

– လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်ခံစစ်ကနေ ဆင်းပြီး ခံစစ်ဗဟိုမှာ ခြေစွမ်းပြသနေတဲ့ ဘရာဇီးလ်သား ဖာဘင်ညိုကို စာချုပ်သစ် သက်တမ်းတိုးဖို့ စီစဉ်နေပြီဖြစ်ပြီး သူ့ကို သက်တမ်းတိုးပြီးရင်တော့ နယ်သာလန်သား ဗိုင်နယ်လ်ဒွမ်ကိုပါ ကြိုးစားသွားဖွယ်ရှိ။

– လီဗာပူးလ်လူငယ်ကစားသမားဟောင်းဘဝကနေ ပြိုင်ဘက်အသင်းခေါင်းဆောင်အဖြစ် အန်းဖီးလ်ကို ပြန်ရောက်လာခဲ့တဲ့ ဝုလ်ဗ်နောက်ခံလူ ကွန်နာ ကိုဒီရဲ့ ပင်နယ်တီဧရိယာထဲမှာ ဟန်ဆောင်ခဲ့တဲ့ပုံစံကို လှောင်ပြောင်ရယ်မောခဲ့တဲ့ ဖာဘင်ညိုရဲ့ ဓာတ်ပုံ မှတ်တမ်းကို ထောက်ခံချီးကျူးမှုက ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေ။

– အန်းဖီးလ်ကွင်းထဲကို ပရိသတ်တွေ ပြန်ရောက်လာပြီး သီချင်းဆိုသံနဲ့ အော်ဟစ်အားပေးသံတွေကို ကြားနေရတာဟာ မိမိကို ကြက်သီး မွေးညင်းထစေကြောင်း လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဝမ်းမြောက်ဝမ်းသာနဲ့ ဝန်ခံစကားဆိုသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ကွင်းထဲကို ပရိသတ်တွေ ပြန်ရောက်လာတဲ့အတွက် ဝမ်းသာမိပြီး ကွင်းထဲမှာ ဗန်ဒိုက်၊ မင်းပဲ လိုတော့တယ်လို့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဒုတိယသွင်းဂိုးရှင် ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ရဲ့ ပို့စ်ကို အသင်းဖော် သီယာဂိုနဲ့ ပရိသတ်တွေ ထောက်ခံရေးသားခဲ့ကြ။

– အသင်းရဲ့ အသက်အရွယ်ထောက်လာစပြုနေတဲ့ ကစားသမားတွေနဲ့ ကြံ့ခိုင်မှု မကောင်းတဲ့ ကီတာ၊ ချိမ်ဘာလိန်တို့လို ကစားသမားတွေ နေရာမှာ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၂၃ သန်းနဲ့ ခေါ်ယူဖို့ ကျွမ်းကျင်သူတွေ တိုက်တွန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္ဘက္ကို ပင္နယ္တီေပးခဲ့တာကို VAR နဲ႔ ျပန္လည္ျပင္ဆင္ေပးခဲ့တဲ့ ခရိတ္ ေပၚဆန္ရဲ႕ ဆုံးျဖတ္ခ်က္ကို ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလက္တန္ဘတ္က ႀကိဳဆိုလိုက္ေပမယ့္ ဟန္ေဆာင္လွဲခ်ခဲ့တဲ့ ဝုလ္ဗ္စ္အသင္းေခါင္းေဆာင္ ကိုဒီကို အဝါကတ္မျပတာကိုေတာ့ လိုအပ္ခ်က္အျဖစ္ ေထာက္ျပသြားခဲ့။

– ေဘာလုံးကြၽမ္းက်င္သူအျဖစ္ ေဆာင္႐ြက္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းလယ္လူေဟာင္း ေပါလ္ စခိုးလ္က လီဗာပူးလ္ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ႏိုင္ပြဲေတြအတြက္ ခ်ီးက်ဴးရတာ စိတ္ပ်က္လွၿပီျဖစ္ေၾကာင္း ဟာသလုပ္သြားခဲ့။

– လီဗာပူးလ္အသင္းအေနနဲ႔ ကြင္းလယ္ခံစစ္ကေန ဆင္းၿပီး ခံစစ္ဗဟိုမွာ ေျခစြမ္းျပသေနတဲ့ ဘရာဇီးလ္သား ဖာဘင္ညိဳကို စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ စီစဥ္ေနၿပီျဖစ္ၿပီး သူ႔ကို သက္တမ္းတိုးၿပီးရင္ေတာ့ နယ္သာလန္သား ဗိုင္နယ္လ္ဒြမ္ကိုပါ ႀကိဳးစားသြားဖြယ္ရွိ။

– လီဗာပူးလ္လူငယ္ကစားသမားေဟာင္းဘဝကေန ၿပိဳင္ဘက္အသင္းေခါင္းေဆာင္အျဖစ္ အန္းဖီးလ္ကို ျပန္ေရာက္လာခဲ့တဲ့ ဝုလ္ဗ္ေနာက္ခံလူ ကြန္နာ ကိုဒီရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဟန္ေဆာင္ခဲ့တဲ့ပုံစံကို ေလွာင္ေျပာင္ရယ္ေမာခဲ့တဲ့ ဖာဘင္ညိဳရဲ႕ ဓာတ္ပုံ မွတ္တမ္းကို ေထာက္ခံခ်ီးက်ဴးမႈက ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားေန။

– အန္းဖီးလ္ကြင္းထဲကို ပရိသတ္ေတြ ျပန္ေရာက္လာၿပီး သီခ်င္းဆိုသံနဲ႔ ေအာ္ဟစ္အားေပးသံေတြကို ၾကားေနရတာဟာ မိမိကို ၾကက္သီး ေမြးညင္းထေစေၾကာင္း လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဝမ္းေျမာက္ဝမ္းသာနဲ႔ ဝန္ခံစကားဆိုသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ကြင္းထဲကို ပရိသတ္ေတြ ျပန္ေရာက္လာတဲ့အတြက္ ဝမ္းသာမိၿပီး ကြင္းထဲမွာ ဗန္ဒိုက္၊ မင္းပဲ လိုေတာ့တယ္လို႔ အင္စတာဂရမ္မွာ တင္ခဲ့တဲ့ ဒုတိယသြင္းဂိုးရွင္ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ရဲ႕ ပို႔စ္ကို အသင္းေဖာ္ သီယာဂိုနဲ႔ ပရိသတ္ေတြ ေထာက္ခံေရးသားခဲ့ၾက။

– အသင္းရဲ႕ အသက္အ႐ြယ္ေထာက္လာစျပဳေနတဲ့ ကစားသမားေတြနဲ႔ ႀကံ့ခိုင္မႈ မေကာင္းတဲ့ ကီတာ၊ ခ်ိမ္ဘာလိန္တို႔လို ကစားသမားေတြ ေနရာမွာ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၂၃ သန္းနဲ႔ ေခၚယူဖို႔ ကြၽမ္းက်င္သူေတြ တိုက္တြန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.