Match Report Premier League

အိမ်ကွင်းမှာ လွယ်လွယ်ကူကူပဲ အနိုင်ရခဲ့ပြီး စပါးစ်ကို ဖိအားပေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ လွယ်လွယ်ကူကူပဲ အနိုင်ယူခဲ့ပြီး ဖွဲ့စည်းပုံပျက်သွားတဲ့ ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ်အသင်းအပေါ် လေးဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့အပြင် ဒဏ်ရာတွေ များနေပေမယ့် တည်ငြိမ်မှုရှိတဲ့ ပုံစံကောင်းကိုလည်း ပြသသွားခဲ့ပါတယ်။

အိမ်ရှင်တို့ရဲ့ ဂိုးပေါက်ကို ဝုလ်ဗ်စ်တို့ စတင်ခြိမ်းခြောက်နိုင်ပေမယ့် ဂိုးသမား ကယ်လေဟာ အမှားမရှိခဲ့ဘဲ ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဧည့်သည်အသင်းခေါင်းဆောင် ကိုဒီက လူငယ်ဘဝအသင်းဟောင်းဆီ လက်ဆောင်ပေးခဲ့ပြီး သူ့အမှားကနေ ရရှိတဲ့ ဘောလုံးကို ဆာလားက နောက်ကနေ ပြေးပြီး ကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးလ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းပွဲပြီးခါနီးမှာ မာနေးရှင်းထုတ်ရာမှာ ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ Foul မဖြစ်ခဲ့လို့ ပြန်လည်ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ရပ်မှာ ဟန်ဆောင်ခဲ့တဲ့ ဝုလ်ဗ်စ်ကပ္ပတိန် ကိုဒီကတော့ အဝါကတ်ကို ရှောင်လွှဲသွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်တို့ ဒုတိယဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန် ကန်တင်ပေးတဲ့ ဘောလုံးကို ဗိုင်နယ်လ်ဒွမ်က မာနေးကို ဘောလုံးပေးမလိုလိုနဲ့ ဂိုးဧရိယာထိပ်ကနေ အဝေးတိုင်ထောင့်ကို လှမ်းကန်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ထောင့်ကန်ဘောကနေ ဟန်ဒါဆန် အတိုပေးတဲ့ ဘောလုံးကို ဆာလားက ဂိုးထဲကို ဖြတ်တင်ပေးခဲ့ရာမှာ ဝုလ်ဗ်စ် နောက်တန်းတွေ ရှင်းမထုတ်နိုင်ဘဲ လွတ်လာခဲ့တာကို နောက်ခံလူ မာတစ်ပ်က ဂိုးသမား ပက်ထရီစီယို မကာကွယ်နိုင်ခင် အနီးကပ် ခေါင်းတိုက်သွားခဲ့ပြီး လီဗာပူးလ်တို့ တတိယဂိုးရခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ ကံဆိုးတဲ့ နယ်လ်ဆန် ဆီမီဒိုက ကိုယ့်ဂိုးကိုယ် သွင်းခဲ့မိပြီး လူစားဝင်ကစားသမား အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ အနိမ့်ဘောဖြတ်တင်မှုကို ခြေချော်ပြီး ပိတ်မိတဲ့ မာနေးဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို တားဆီးဖို့ ကြိုးစားရင်း လျှောထိုးဖျက်ထုတ်ချိန်မှာ သူနဲ့ ငြိပြီး ဂိုးဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။

မိနစ် ၉၀ ပြည့်ချိန်မှာတော့ အိမ်ကွင်းမှာ ပြတ်သားတဲ့ ရလဒ်နဲ့အတူ ဦးဆောင်သူ စပါးစ်နဲ့ကြားက ဂိုးကွာခြားချက်ကို ၅ ဂိုးအထိ လျှော့ချနိုင်ခဲ့ပြီး ဆက်လက်ဖိအားပေးနိုင်ခဲ့သလို ဒဏ်ရာတွေ များနေချိန်မှာတောင်မှ ဒီလိုမျိုး ရလဒ်ကို ရယူနိုင်ခဲ့တာကတော့ ချန်ပီယံဆုကို ကာကွယ်မယ့် ခြေစွမ်းရော ကံပါ လီဗာပူးလ်တို့ဘက်မှာ ရှိနေဆဲလို့ သုံးသပ်ရမှာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ လြယ္လြယ္ကူကူပဲ အႏိုင္ယူခဲ့ၿပီး ဖြဲ႕စည္းပုံပ်က္သြားတဲ့ ဝုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္အသင္းအေပၚ ေလးဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့အျပင္ ဒဏ္ရာေတြ မ်ားေနေပမယ့္ တည္ၿငိမ္မႈရွိတဲ့ ပုံစံေကာင္းကိုလည္း ျပသသြားခဲ့ပါတယ္။

အိမ္ရွင္တို႔ရဲ႕ ဂိုးေပါက္ကို ဝုလ္ဗ္စ္တို႔ စတင္ၿခိမ္းေျခာက္ႏိုင္ေပမယ့္ ဂိုးသမား ကယ္ေလဟာ အမွားမရွိခဲ့ဘဲ ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ဧည့္သည္အသင္းေခါင္းေဆာင္ ကိုဒီက လူငယ္ဘဝအသင္းေဟာင္းဆီ လက္ေဆာင္ေပးခဲ့ၿပီး သူ႔အမွားကေန ရရွိတဲ့ ေဘာလုံးကို ဆာလားက ေနာက္ကေန ေျပးၿပီး ကန္သြင္းယူႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပထမပိုင္းပြဲၿပီးခါနီးမွာ မာေနးရွင္းထုတ္ရာမွာ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က ပင္နယ္တီ သတ္မွတ္ေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ Foul မျဖစ္ခဲ့လို႔ ျပန္လည္ပယ္ဖ်က္ေပးခဲ့ၿပီး ျဖစ္ရပ္မွာ ဟန္ေဆာင္ခဲ့တဲ့ ဝုလ္ဗ္စ္ကပၸတိန္ ကိုဒီကေတာ့ အဝါကတ္ကို ေရွာင္လႊဲသြားႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ တန္ျပန္တိုက္စစ္ကေန လီဗာပူးလ္တို႔ ဒုတိယဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၈ မိနစ္မွာ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ကန္တင္ေပးတဲ့ ေဘာလုံးကို ဗိုင္နယ္လ္ဒြမ္က မာေနးကို ေဘာလုံးေပးမလိုလိုနဲ႔ ဂိုးဧရိယာထိပ္ကေန အေဝးတိုင္ေထာင့္ကို လွမ္းကန္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ေထာင့္ကန္ေဘာကေန ဟန္ဒါဆန္ အတိုေပးတဲ့ ေဘာလုံးကို ဆာလားက ဂိုးထဲကို ျဖတ္တင္ေပးခဲ့ရာမွာ ဝုလ္ဗ္စ္ ေနာက္တန္းေတြ ရွင္းမထုတ္ႏိုင္ဘဲ လြတ္လာခဲ့တာကို ေနာက္ခံလူ မာတစ္ပ္က ဂိုးသမား ပက္ထရီစီယို မကာကြယ္ႏိုင္ခင္ အနီးကပ္ ေခါင္းတိုက္သြားခဲ့ၿပီး လီဗာပူးလ္တို႔ တတိယဂိုးရခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ကံဆိုးတဲ့ နယ္လ္ဆန္ ဆီမီဒိုက ကိုယ့္ဂိုးကိုယ္ သြင္းခဲ့မိၿပီး လူစားဝင္ကစားသမား အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ အနိမ့္ေဘာျဖတ္တင္မႈကို ေျခေခ်ာ္ၿပီး ပိတ္မိတဲ့ မာေနးဆီက ျပန္ထြက္လာတဲ့ ေဘာလုံးကို တားဆီးဖို႔ ႀကိဳးစားရင္း ေလွ်ာထိုးဖ်က္ထုတ္ခ်ိန္မွာ သူနဲ႔ ၿငိၿပီး ဂိုးဝင္သြားခဲ့တာလည္းျဖစ္ပါတယ္။

မိနစ္ ၉၀ ျပည့္ခ်ိန္မွာေတာ့ အိမ္ကြင္းမွာ ျပတ္သားတဲ့ ရလဒ္နဲ႔အတူ ဦးေဆာင္သူ စပါးစ္နဲ႔ၾကားက ဂိုးကြာျခားခ်က္ကို ၅ ဂိုးအထိ ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး ဆက္လက္ဖိအားေပးႏိုင္ခဲ့သလို ဒဏ္ရာေတြ မ်ားေနခ်ိန္မွာေတာင္မွ ဒီလိုမ်ိဳး ရလဒ္ကို ရယူႏိုင္ခဲ့တာကေတာ့ ခ်န္ပီယံဆုကို ကာကြယ္မယ့္ ေျခစြမ္းေရာ ကံပါ လီဗာပူးလ္တို႔ဘက္မွာ ရွိေနဆဲလို႔ သုံးသပ္ရမွာျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.