Match Report Premier League

လီဗာပူးလ် ၄-၀ ဝုလ်ဗ်စ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ အချက် ၇ ချက်

ကြိုးကြာနီတို့ ပြန်လာပြီ – ၁၁ ပွဲကစား ၃ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်တွေက သူများအသင်းတွေအတွက်ဆိုရင်တော့ မဆိုးရွားဘူးလို့ ဆိုနိုင်ပေမယ့် ဝိုင်းဝန်းထိုးနှက်ဖို့ စောင့်နေတဲ့ ပြိုင်ဘက်တွေ တစ်ပုံတစ်ခေါင်းနဲ့ ချန်ပီယံကာကွယ်သူအတွက်တော့ မျက်ခုံးလှုပ်စရာပါ။ ဒါပေမယ့် အိမ်ကွင်း အန်းဖီးလ်မှာ လီဗာပူးလ်တို့ ဂိုးပြတ်နိုင်ပွဲ ရယူပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို အမှတ်တူ ဂိုးကွာခြားချက်နဲ့ ပြန်လည်ရယူထားခဲ့ပါပြီ။

ပရိသတ်တွေအတွက် နိုင်ပွဲနဲ့အတူ ကွင်းထဲ ပြန်ရောက်တဲ့ည – လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ကိုဗစ်လော့ခ်ဒေါင်းအပြီး ပထမဆုံး အကြိမ်အဖြစ် You’ll never walk alone လုပ်ခွင့်ဟာ သွင်းဂိုး ၄ ဂိုး၊ ပေးဂိုးမရှိဆိုတဲ့ ရလဒ်နဲ့အတူ လှပခဲ့တာတော့ အမှန်ပါပဲ။ ကွင်းထဲက ပရိသတ်တွေရဲ့ အော်ဟစ်အားပေးသံနဲ့ ကြုံးဝါးသံတွေမှာ ချန်ပီယံဆုအတွက်လည်း အင်အားတွေ ပြည့်နှက်နေခဲ့ပါတယ်။

ကယ်လေဟာရဲ့ တောက်ပလာဦးမယ့် အနာဂတ် – လီဗာပူးလ်အသင်းအတွက်တော့ အသက် ၂၈ နှစ်အရွယ် ဂိုးသမား အယ်လစ်ဆန် မရှိချိန်မှာ အက်ဒရီယန် ဆေးထိုးတာကို စိတ်ပျက်လက်ပျက် ခံရလေ့ရှိတဲ့ ပြဿနာက ပြီးဆုံးသွားခဲ့ပါပြီ။ ပရိသတ်တွေနဲ့ စောင့်ကြည့်သူတွေရဲ့ အမြင် အရတော့ အသင်းရဲ့ နံပါတ် ၂ နေရာကို ကယ်လေဟာက သိမ်းပိုက်ခဲ့တာပါ။ နှစ်ပွဲဆက်တိုက် Clean Sheet ရခဲ့တဲ့ အိုင်းရစ်လူငယ်ရဲ့ လေထဲက ဘောလုံးတွေကို ဆွဲယူတာကတော့ ထင်ရှားတဲ့ အရည်အချင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ပြိုင်ဘက်အသင်းခေါင်းဆောင်ရဲ့ ဆိုးရွားခဲ့တဲ့ အန်းဖီးလ်အပြန်ခရီး – ဆယ်လ်မွန်ငါးတို့အပြန်သီချင်းကို သတိရမိရင် ကွန်နာ ကိုဒီရဲ့ အပြန် ဆိုတဲ့ ပွဲကတော့ စိတ်ပျက်စရာတွေ ဖြစ်နေပါလိမ့်မယ်။ ရှင်းထုတ်ရမလား၊ ထိန်းရမလား သေချာမဆုံးဖြတ်နိုင်ခဲ့တဲ့ လီဗာပူးလ်လူငယ်ဟောင်းဟာ ဒီနေ့မှာ မိုဟာမက် ဆာလားကို လက်ဆောင်ပေးခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီရဖို့ ဟန်ဆောင်တာကလည်း VAR နဲ့ လူမိခဲ့တာပါ။

ထရင့်ရဲ့ ပါဝင်လုပ်ဆောင်နိုင်မှု – လီဗာပူးလ်အသင်းရဲ့ အားနည်းနေတဲ့ ညာခြမ်းကိုတော့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တစ်ယောက် ပြန်လည်ပါဝင် အားဖြည့်ခဲ့ပါပြီ။ ပေါင်နောက်ကြောဒဏ်ရာက ပြန်လာနိုင်ခဲ့တဲ့ အင်္ဂလန်သားဟာ ဒီနေ့ပွဲမှာ ၂၃ မိနစ် ပါဝင်ကစားနိုင်ခဲ့ပြီး လူစားဝင်ပြီး မကြာခင်မှာပဲ ဝုလ်ဗ်စ်ရဲ့ ဆီမီဒို ကိုယ့်ဂိုးကိုယ်သွင်းမိစေမယ့် သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသား ဖြတ်တင်ဘောတစ်လုံးကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။

ဂိုးပြန်သွင်းနိုင်တဲ့ ဂျီနီ – ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကတော့ သူ့ရဲ့ ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်ပြီလားလို့ ပရိသတ်တွေ မျှော်လင့်စရာဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာကို ထိုးနှက်ခဲ့တဲ့ ဒတ်ချ်ကွင်းလယ်လူဟာ ဒီရာသီမှာ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ပြန်လည်ရရှိခဲ့တာဖြစ်ပြီး လုပ်အားနှုန်းနဲ့ ကွင်းလယ်မှာ ကူညီနေပေမယ့် သူနဲ့ ထိုက်တန်တဲ့ သွင်းဂိုးကိုတော့ လှလှပပ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပြိုင်ဘက်တွေ လေးစားနိုင်ပြီဖြစ်တဲ့ ခံစစ်အတွဲ – အသင်းရဲ့ ဦးစားပေးနောက်ခံလူ မဟုတ်ခဲ့တဲ့ ဂျိုယယ်လ် မာတစ်ပ်နဲ့ ကွင်းလယ်ကနေ စီနီယာနောက်ခံလူ မကျန်တော့လို့ နောက်ဆင်းကစားရတဲ့ ဖာဘင်ညိုတို့ရဲ့ ခံစစ်က ဝုလ်ဗ်စ်ရဲ့ တိုက်စစ်ကိုလည်း Clean Sheet နဲ့ တားဆီးခဲ့ပါတယ်။ ဗန်ဒိုက် မရှိချိန် ၁၀ ပွဲမှာ ၆ ဂိုးပဲ ပေးထားခဲ့ရတာကတော့ ကျေနပ်စရာဖြစ်ပြီး ဒီထက် ခက်ခဲတဲ့ စမ်းသပ်မှုတွေကိုတော့ စောင့်ကြည့်ရဦးမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႀကိဳးၾကာနီတို႔ ျပန္လာၿပီ – ၁၁ ပြဲကစား ၃ ပြဲသေရ၊ ၁ ပြဲရႈံးဆိုတဲ့ ရလဒ္ေတြက သူမ်ားအသင္းေတြအတြက္ဆိုရင္ေတာ့ မဆိုး႐ြားဘူးလို႔ ဆိုႏိုင္ေပမယ့္ ဝိုင္းဝန္းထိုးႏွက္ဖို႔ ေစာင့္ေနတဲ့ ၿပိဳင္ဘက္ေတြ တစ္ပုံတစ္ေခါင္းနဲ႔ ခ်န္ပီယံကာကြယ္သူအတြက္ေတာ့ မ်က္ခုံးလႈပ္စရာပါ။ ဒါေပမယ့္ အိမ္ကြင္း အန္းဖီးလ္မွာ လီဗာပူးလ္တို႔ ဂိုးျပတ္ႏိုင္ပြဲ ရယူၿပီး အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ျပန္လည္ရယူထားခဲ့ပါၿပီ။

ပရိသတ္ေတြအတြက္ ႏိုင္ပြဲနဲ႔အတူ ကြင္းထဲ ျပန္ေရာက္တဲ့ည – လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ကိုဗစ္ေလာ့ခ္ေဒါင္းအၿပီး ပထမဆုံး အႀကိမ္အျဖစ္ You’ll never walk alone လုပ္ခြင့္ဟာ သြင္းဂိုး ၄ ဂိုး၊ ေပးဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔အတူ လွပခဲ့တာေတာ့ အမွန္ပါပဲ။ ကြင္းထဲက ပရိသတ္ေတြရဲ႕ ေအာ္ဟစ္အားေပးသံနဲ႔ ႀကဳံးဝါးသံေတြမွာ ခ်န္ပီယံဆုအတြက္လည္း အင္အားေတြ ျပည့္ႏွက္ေနခဲ့ပါတယ္။

ကယ္ေလဟာရဲ႕ ေတာက္ပလာဦးမယ့္ အနာဂတ္ – လီဗာပူးလ္အသင္းအတြက္ေတာ့ အသက္ ၂၈ ႏွစ္အ႐ြယ္ ဂိုးသမား အယ္လစ္ဆန္ မရွိခ်ိန္မွာ အက္ဒရီယန္ ေဆးထိုးတာကို စိတ္ပ်က္လက္ပ်က္ ခံရေလ့ရွိတဲ့ ျပႆနာက ၿပီးဆုံးသြားခဲ့ပါၿပီ။ ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္သူေတြရဲ႕ အျမင္ အရေတာ့ အသင္းရဲ႕ နံပါတ္ ၂ ေနရာကို ကယ္ေလဟာက သိမ္းပိုက္ခဲ့တာပါ။ ႏွစ္ပြဲဆက္တိုက္ Clean Sheet ရခဲ့တဲ့ အိုင္းရစ္လူငယ္ရဲ႕ ေလထဲက ေဘာလုံးေတြကို ဆြဲယူတာကေတာ့ ထင္ရွားတဲ့ အရည္အခ်င္းတစ္ခုလည္းျဖစ္ခဲ့ပါတယ္။

ၿပိဳင္ဘက္အသင္းေခါင္းေဆာင္ရဲ႕ ဆိုး႐ြားခဲ့တဲ့ အန္းဖီးလ္အျပန္ခရီး – ဆယ္လ္မြန္ငါးတို႔အျပန္သီခ်င္းကို သတိရမိရင္ ကြန္နာ ကိုဒီရဲ႕ အျပန္ ဆိုတဲ့ ပြဲကေတာ့ စိတ္ပ်က္စရာေတြ ျဖစ္ေနပါလိမ့္မယ္။ ရွင္းထုတ္ရမလား၊ ထိန္းရမလား ေသခ်ာမဆုံးျဖတ္ႏိုင္ခဲ့တဲ့ လီဗာပူးလ္လူငယ္ေဟာင္းဟာ ဒီေန႔မွာ မိုဟာမက္ ဆာလားကို လက္ေဆာင္ေပးခဲ့ၿပီး ပထမပိုင္းၿပီးခါနီးမွာ ပင္နယ္တီရဖို႔ ဟန္ေဆာင္တာကလည္း VAR နဲ႔ လူမိခဲ့တာပါ။

ထရင့္ရဲ႕ ပါဝင္လုပ္ေဆာင္ႏိုင္မႈ – လီဗာပူးလ္အသင္းရဲ႕ အားနည္းေနတဲ့ ညာျခမ္းကိုေတာ့ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တစ္ေယာက္ ျပန္လည္ပါဝင္ အားျဖည့္ခဲ့ပါၿပီ။ ေပါင္ေနာက္ေၾကာဒဏ္ရာက ျပန္လာႏိုင္ခဲ့တဲ့ အဂၤလန္သားဟာ ဒီေန႔ပြဲမွာ ၂၃ မိနစ္ ပါဝင္ကစားႏိုင္ခဲ့ၿပီး လူစားဝင္ၿပီး မၾကာခင္မွာပဲ ဝုလ္ဗ္စ္ရဲ႕ ဆီမီဒို ကိုယ့္ဂိုးကိုယ္သြင္းမိေစမယ့္ သူ႔ရဲ႕ ကိုယ္ပိုင္အမွတ္အသား ျဖတ္တင္ေဘာတစ္လုံးကိုလည္း ျပဳလုပ္ေပးခဲ့ပါတယ္။

ဂိုးျပန္သြင္းႏိုင္တဲ့ ဂ်ီနီ – ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကေတာ့ သူ႔ရဲ႕ ပုံစံေကာင္းကို ျပန္လည္ရွာေဖြႏိုင္ၿပီလားလို႔ ပရိသတ္ေတြ ေမွ်ာ္လင့္စရာျဖစ္ခဲ့ပါတယ္။ ဘာစီလိုနာကို ထိုးႏွက္ခဲ့တဲ့ ဒတ္ခ်္ကြင္းလယ္လူဟာ ဒီရာသီမွာ သူ႔ရဲ႕ ပထမဆုံးသြင္းဂိုးကို ျပန္လည္ရရွိခဲ့တာျဖစ္ၿပီး လုပ္အားႏႈန္းနဲ႔ ကြင္းလယ္မွာ ကူညီေနေပမယ့္ သူနဲ႔ ထိုက္တန္တဲ့ သြင္းဂိုးကိုေတာ့ လွလွပပ ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ၿပိဳင္ဘက္ေတြ ေလးစားႏိုင္ၿပီျဖစ္တဲ့ ခံစစ္အတြဲ – အသင္းရဲ႕ ဦးစားေပးေနာက္ခံလူ မဟုတ္ခဲ့တဲ့ ဂ်ိဳယယ္လ္ မာတစ္ပ္နဲ႔ ကြင္းလယ္ကေန စီနီယာေနာက္ခံလူ မက်န္ေတာ့လို႔ ေနာက္ဆင္းကစားရတဲ့ ဖာဘင္ညိဳတို႔ရဲ႕ ခံစစ္က ဝုလ္ဗ္စ္ရဲ႕ တိုက္စစ္ကိုလည္း Clean Sheet နဲ႔ တားဆီးခဲ့ပါတယ္။ ဗန္ဒိုက္ မရွိခ်ိန္ ၁၀ ပြဲမွာ ၆ ဂိုးပဲ ေပးထားခဲ့ရတာကေတာ့ ေက်နပ္စရာျဖစ္ၿပီး ဒီထက္ ခက္ခဲတဲ့ စမ္းသပ္မႈေတြကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.