Match Report Premier League

တော့တင်ဟမ်ဟော့စပါးစ် ၂-၀ အာဆင်နယ် ပွဲပြီး မှတ်မှတ်ရရ အချက် ၇ ချက်

မော်ရင်ညိုကတော့ မော်ရင်ညိုပါပဲ – တစ်ဂိုးနဲ့ ရှုံးနေလို့ နောက်ကလိုက်ပြီး ဂိုးသွင်းဖို့ လွယ်တဲ့အသင်းမျိုး မဟုတ်ဘူးလို့ မော်ရင်ညိုကိုင်တဲ့ အသင်းကို ဂယ်ရီ နဗီးလ်က ပြောဖူးပါတယ်။ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းရတယ်။ ပေးထားရတဲ့ နှစ်ဂိုးကိုတော့ ပြန်မချေနိုင်ခဲ့ဘူး။ မော်ရင်ညို ကစားကွက်မကောင်းဘူး။ သူ့အလုပ်သူလုပ်တယ်။ အခုတော့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာပေါ့။

အာဆင်နယ်တိုက်စစ်က လက်ညှိုးထိုးစရာ – အာဆင်နယ်တို့ ဘယ်လို ဂိုးသွင်းရမယ်ဆိုတာကို နားမလည်ခဲ့ဘူး။ အူဘာမီယန်းအတွက်လည်း ဖန်တီးမှုတွေက ရောက်မလာခဲ့ဘူး။ လာကာဇက်က အခွင့်အရေးတွေကို မပြောင်းလဲနိုင်ဘူး။ နောက်ဆုံးတောင်ပံတွေကလည်း ကိုယ့်လူဆီ ပို့မပေးနိုင်ဘူး။ မီခယ်လ် အာတီတာဟာ သူ့ရဲ့ အသင်းကို တိုးတက်အောင်လုပ်ကောင်းလုပ်နိုင်မှာပါ။ ဒါပေမယ့် အဆုံးသတ်ပိုင်းမှာတော့ မဟုတ်ခဲ့ပါ။

လိုက်ဖက်လွန်းတဲ့ ကိန်းနဲ့ဆွန် – ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်အတွဲအဖက်နှစ်ဦးအနေနဲ့ အများဆုံးစံချိန်ဖြစ်တဲ့ ၃၆ ကြိမ်ကို ရယူဖို့ သူတို့နှစ်ဦး တစ်လှမ်းတိုးနိုင်ခဲ့ပါတယ်။ မရိုးနိုင်တဲ့ အတွဲအဖက်က အာဆင်နယ်အသင်းကိုလည်း တစ်ယောက်တစ်ဂိုးစီသွင်း၊ အပြန်အလှန်ဖန်တီးပြီး နှစ်ဦးကြားမှာ ၃၁ ကြိမ်အထိ ရှိသွားခဲ့ပါပြီ။ မော်ရင်ညိုရဲ့ တစ်သင်းလုံး ခံစစ်ကစားပုံမှာ သူတို့နှစ်ဦးပဲ တိုက်စစ်ကစားတာက အလုပ်ဖြစ်တာပါပဲလေ။

ပရိသတ် ၂၀၀၀ အတွက် ပထမဆုံးပွဲက လှလှပပ – ပရီးမီးယားလိဂ်ဆိုရင် တော့တင်ဟမ်ကွင်းမှာ အာဆင်နယ်တို့ ၂၀၁၄ က ရိုဆစ်စကီးရဲ့ သွင်းဂိုးနဲ့ နိုင်တဲ့ပွဲနောက်ပိုင်းမှာ လုံးဝမနိုင်တော့တာပါ။ အိမ်ကွင်းနောက်ဆုံး ၇ ပွဲကို မရှုံးအောင် ကစားထားနိုင်ပြီး ဒီနေ့မှာ အနိုင်ယူခဲ့တာကတော့ ဖြေလျှော့မှုအလွန်မှာ အချိန်ကိုက်ရောက်လာခဲ့တဲ့ ပရိသတ် ၂၀၀၀ အတွက်တော့ ချိုမြိန်လွန်းနေပါလိမ့်မယ်။

ကမ္ဘာ့အဆင့် ဆွန်ဟောင်မင်ဆိုတာ လက်ခံကြပြီလား – စပါးစ်အသင်းမှာ ကိုရီးယားသားရဲ့ အဆင့်အတန်းကို ဟာရီကိန်းနဲ့ အမြဲတမ်း ချိန်ထိုးနှိုင်းယှဉ်ပြီး အရေးမပေးဘဲ နေခဲ့ကြတာပါ။ ဒီနေ့မှာ၊ ဒီရာသီမှာတော့ သူ့အနေနဲ့ ဟာရီကိန်းလိုပဲ တကယ့်အဆင့်အတန်းနဲ့ ပွဲတွေအပေါ် သက်ရောက်မှု ကြီးမားသူဖြစ်ခဲ့ပါပြီ။ ဟာရီကိန်းက ကမ္ဘာ့အဆင့်ဆိုရင် ဆွန်ကလည်း တူတူပါပဲ။ ကမ္ဘာ့အဆင့်တိုက်စစ်မှူးနှစ်ဦးကို ပိုင်ဆိုင်ထားပြီလို့ ရေတွက်ကြရအောင်ပါ။

အာတီတာရဲ့ အချိန်တွေ လက်ချိုးရေရတော့မှာလား – အာဆင်နယ်အသင်းရဲ့ ရာဇဝင်မှာတော့ မီခယ်လ် အာတီတာဟာ သူ့ရဲ့ ပထမဆုံး လန်ဒန်ဒါဘီနှစ်ပွဲစလုံးကို ရှုံးနိမ့်သူဖြစ်လာခဲ့ပါတယ်။ ဒီနေ့ပွဲမှာ တစ်ပွဲတည်း ၄၄ ကြိမ် ဖြတ်တင်ခဲ့တာက စပါးစ်အတွက် ခြိမ်းခြောက်မှုဖြစ်ခဲ့ပေမယ့် ကြောက်စရာတော့ မဖြစ်ခဲ့ပါဘူး။ ၁၁ ပွဲကစားပြီး ၁၃ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ အာဆင်နယ်အတွက် စပိန်သားကို စိတ်ဘယ်လောက် ရှည်နိုင်မလဲ စောင့်ကြည့်ရမှာပါ။

လားရာမတူတဲ့ ဒါဘီပြိုင်ဘက်တွေ – စပါးစ်တို့က အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ထိပ်ဆုံးကို ချီတက်နေချိန်မှာ အာဆင်နယ်ရဲ့ တစ်ပတ်ပြီးတစ်ပတ် ရပ်တည်မှုကတော့ အောက်ကို ကျဆင်းလာခဲ့ပါတယ်။ ဒီဇင်ဘာပွဲတွေက နှစ်သင်းစလုံးအတွက် ခက်ခဲနိုင်ပေမယ့် ပုံစံကောင်းနဲ့ မော်ရင်ညိုအတွက် ဒီလောက် မဟုတ်ပေမယ့် အာတီတာ ဖြတ်သန်းရမယ့် ခရီးကြမ်းကတော့ မလွယ်ကူလှတဲ့ အနေအထားပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေမာ္ရင္ညိဳကေတာ့ ေမာ္ရင္ညိဳပါပဲ – တစ္ဂိုးနဲ႔ ရႈံးေနလို႔ ေနာက္ကလိုက္ၿပီး ဂိုးသြင္းဖို႔ လြယ္တဲ့အသင္းမ်ိဳး မဟုတ္ဘူးလို႔ ေမာ္ရင္ညိဳကိုင္တဲ့ အသင္းကို ဂယ္ရီ နဗီးလ္က ေျပာဖူးပါတယ္။ အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းရတယ္။ ေပးထားရတဲ့ ႏွစ္ဂိုးကိုေတာ့ ျပန္မေခ်ႏိုင္ခဲ့ဘူး။ ေမာ္ရင္ညိဳ ကစားကြက္မေကာင္းဘူး။ သူ႔အလုပ္သူလုပ္တယ္။ အခုေတာ့ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးမွာေပါ့။

အာဆင္နယ္တိုက္စစ္က လက္ညႇိဳးထိုးစရာ – အာဆင္နယ္တို႔ ဘယ္လို ဂိုးသြင္းရမယ္ဆိုတာကို နားမလည္ခဲ့ဘူး။ အူဘာမီယန္းအတြက္လည္း ဖန္တီးမႈေတြက ေရာက္မလာခဲ့ဘူး။ လာကာဇက္က အခြင့္အေရးေတြကို မေျပာင္းလဲႏိုင္ဘူး။ ေနာက္ဆုံးေတာင္ပံေတြကလည္း ကိုယ့္လူဆီ ပို႔မေပးႏိုင္ဘူး။ မီခယ္လ္ အာတီတာဟာ သူ႔ရဲ႕ အသင္းကို တိုးတက္ေအာင္လုပ္ေကာင္းလုပ္ႏိုင္မွာပါ။ ဒါေပမယ့္ အဆုံးသတ္ပိုင္းမွာေတာ့ မဟုတ္ခဲ့ပါ။

လိုက္ဖက္လြန္းတဲ့ ကိန္းနဲ႔ဆြန္ – ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္အတြဲအဖက္ႏွစ္ဦးအေနနဲ႔ အမ်ားဆုံးစံခ်ိန္ျဖစ္တဲ့ ၃၆ ႀကိမ္ကို ရယူဖို႔ သူတို႔ႏွစ္ဦး တစ္လွမ္းတိုးႏိုင္ခဲ့ပါတယ္။ မ႐ိုးႏိုင္တဲ့ အတြဲအဖက္က အာဆင္နယ္အသင္းကိုလည္း တစ္ေယာက္တစ္ဂိုးစီသြင္း၊ အျပန္အလွန္ဖန္တီးၿပီး ႏွစ္ဦးၾကားမွာ ၃၁ ႀကိမ္အထိ ရွိသြားခဲ့ပါၿပီ။ ေမာ္ရင္ညိဳရဲ႕ တစ္သင္းလုံး ခံစစ္ကစားပုံမွာ သူတို႔ႏွစ္ဦးပဲ တိုက္စစ္ကစားတာက အလုပ္ျဖစ္တာပါပဲေလ။

ပရိသတ္ ၂၀၀၀ အတြက္ ပထမဆုံးပြဲက လွလွပပ – ပရီးမီးယားလိဂ္ဆိုရင္ ေတာ့တင္ဟမ္ကြင္းမွာ အာဆင္နယ္တို႔ ၂၀၁၄ က ႐ိုဆစ္စကီးရဲ႕ သြင္းဂိုးနဲ႔ ႏိုင္တဲ့ပြဲေနာက္ပိုင္းမွာ လုံးဝမႏိုင္ေတာ့တာပါ။ အိမ္ကြင္းေနာက္ဆုံး ၇ ပြဲကို မရႈံးေအာင္ ကစားထားႏိုင္ၿပီး ဒီေန႔မွာ အႏိုင္ယူခဲ့တာကေတာ့ ေျဖေလွ်ာ့မႈအလြန္မွာ အခ်ိန္ကိုက္ေရာက္လာခဲ့တဲ့ ပရိသတ္ ၂၀၀၀ အတြက္ေတာ့ ခ်ိဳၿမိန္လြန္းေနပါလိမ့္မယ္။

ကမာၻ႔အဆင့္ ဆြန္ေဟာင္မင္ဆိုတာ လက္ခံၾကၿပီလား – စပါးစ္အသင္းမွာ ကိုရီးယားသားရဲ႕ အဆင့္အတန္းကို ဟာရီကိန္းနဲ႔ အၿမဲတမ္း ခ်ိန္ထိုးႏႈိင္းယွဥ္ၿပီး အေရးမေပးဘဲ ေနခဲ့ၾကတာပါ။ ဒီေန႔မွာ၊ ဒီရာသီမွာေတာ့ သူ႔အေနနဲ႔ ဟာရီကိန္းလိုပဲ တကယ့္အဆင့္အတန္းနဲ႔ ပြဲေတြအေပၚ သက္ေရာက္မႈ ႀကီးမားသူျဖစ္ခဲ့ပါၿပီ။ ဟာရီကိန္းက ကမာၻ႔အဆင့္ဆိုရင္ ဆြန္ကလည္း တူတူပါပဲ။ ကမာၻ႔အဆင့္တိုက္စစ္မႉးႏွစ္ဦးကို ပိုင္ဆိုင္ထားၿပီလို႔ ေရတြက္ၾကရေအာင္ပါ။

အာတီတာရဲ႕ အခ်ိန္ေတြ လက္ခ်ိဳးေရရေတာ့မွာလား – အာဆင္နယ္အသင္းရဲ႕ ရာဇဝင္မွာေတာ့ မီခယ္လ္ အာတီတာဟာ သူ႔ရဲ႕ ပထမဆုံး လန္ဒန္ဒါဘီႏွစ္ပြဲစလုံးကို ရႈံးနိမ့္သူျဖစ္လာခဲ့ပါတယ္။ ဒီေန႔ပြဲမွာ တစ္ပြဲတည္း ၄၄ ႀကိမ္ ျဖတ္တင္ခဲ့တာက စပါးစ္အတြက္ ၿခိမ္းေျခာက္မႈျဖစ္ခဲ့ေပမယ့္ ေၾကာက္စရာေတာ့ မျဖစ္ခဲ့ပါဘူး။ ၁၁ ပြဲကစားၿပီး ၁၃ မွတ္နဲ႔ အဆင့္ ၁၅ မွာ ရပ္တည္ေနတဲ့ အာဆင္နယ္အတြက္ စပိန္သားကို စိတ္ဘယ္ေလာက္ ရွည္ႏိုင္မလဲ ေစာင့္ၾကည့္ရမွာပါ။

လားရာမတူတဲ့ ဒါဘီၿပိဳင္ဘက္ေတြ – စပါးစ္တို႔က အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ထိပ္ဆုံးကို ခ်ီတက္ေနခ်ိန္မွာ အာဆင္နယ္ရဲ႕ တစ္ပတ္ၿပီးတစ္ပတ္ ရပ္တည္မႈကေတာ့ ေအာက္ကို က်ဆင္းလာခဲ့ပါတယ္။ ဒီဇင္ဘာပြဲေတြက ႏွစ္သင္းစလုံးအတြက္ ခက္ခဲႏိုင္ေပမယ့္ ပုံစံေကာင္းနဲ႔ ေမာ္ရင္ညိဳအတြက္ ဒီေလာက္ မဟုတ္ေပမယ့္ အာတီတာ ျဖတ္သန္းရမယ့္ ခရီးၾကမ္းကေတာ့ မလြယ္ကူလွတဲ့ အေနအထားပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.