Match Report Premier League

လန်ဒန်ဒါဘီက မော်ရင်ညိုအတွက်ပဲဖြစ်ခဲ့ပြီး အာတီတာရဲ့ ထူးမခြားနား ရှုံးပွဲ

ဒီတစ်ပတ်ရဲ့ လူတွေအားလုံး စိတ်အဝင်စားဆုံးဖြစ်ခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ နည်းပြ မော်ရင်ညိုရဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကပဲ အောင်ပွဲခံခဲ့ပြီး အာတီတာရဲ့ ခါးပြတ်နေတဲ့ အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ အလဲထိုးနှက်ခြင်းကို ခံခဲ့ရပြီး သူတို့တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ နည်းဗျူဟာနဲ့ နည်းစနစ်ပိုင်နိုင်မှုတွေကို လိုအပ်နေခဲ့တာ သိသာလွန်းခဲ့ပါတယ်။

လာကာဇက်ကို နောက်ချန်နေရာမှာ စပါးစ်ရဲ့ ဟာရီကိန်းလို နံပါတ် ၁၀ နေရာက ကစားစေလိမ့်မယ်လို့ ထင်ခဲ့ကြသလို အာတီတာကလည်း ဒီပုံစံအတိုင်း ဝီလီယန်၊ အူဘာမီယန်း၊ ဆာကာတို့ကို သုံးယောက်တန်း နေရာချလာပေမယ့် တကယ့်ကွင်းထဲမှာတော့ ပုံပျက်သွားခဲ့ပြီး ၄-၂-၄ ကစားကွက်က အာဆင်နယ်ကို အထိနာစေခဲ့ပါတယ်။

သောမတ်စ် ပါတေးနဲ့ ဂရာနစ် ချာကာတို့ကတော့ အာဆင်နယ်မှာ နာမည်ပျက်ခံဖို့သက်သက် ပြောင်းရွှေ့လာခဲ့တာလားလို့ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး ခေါ်ကစားတဲ့ စပါးစ်တို့ စိတ်ကြိုက်ဖြစ်တဲ့ ဘောလုံးကိုင်ပြီး တက်ဖိတဲ့ ပုံစံမှာ ဟန်ချက်ညီအောင် လုပ်မပေးနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေကနေ အလဲထိုးခံခဲ့ရပြီး သူတို့ရဲ့ အိမ်ရှင်ကွင်းလယ်လူ ဟွိုင်ဘယာ့ဂ်ရဲ့ နည်းစနစ်ပိုင်းတန်ဖိုး ကွာခြားမှုကလည်း သိသာခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်အထိ ဆင်းနေခဲ့တဲ့ ဟာရီကိန်းက စပါးစ်ရဲ့ လုပ်နေကျ ဖန်တစ်ရာနေတဲ့ ပုံစံအတိုင်းပဲ ဘယ်ခြမ်းက ပြေးတက်သွားတဲ့ ဆွန်ဟောင်မင်ရဲ့ လမ်းကြောင်းထဲကို သိပ်စဉ်းစားမနေဘဲ ထည့်ပေးခဲ့တာမှာ အာဆင်နယ်နောက်တန်း ၅ ယောက်လောက်က ပေးထားတဲ့ ကွက်လပ်ကြီးထဲမှာ ကိုရီးယားသားရဲ့ လှပတဲ့ စိတ်ကြိုက်သွင်းဂိုးတစ်ဂိုးကို တွေ့မြင်ခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာ အာဆင်နယ်တို့ရဲ့ ဖိကစားခဲ့ပေမယ့် တောင်ပံက ဖြတ်တင်ဘောဆိုတဲ့ အိမ်စာကို မကျေတဲ့ ကစားသမားတွေအနေနဲ့ စပါးစ်ခံစစ်ရဲ့ အလွယ်တကူ ရှင်းထုတ်ခြင်းတွေနဲ့ပဲ ကြုံခဲ့ရသလို ပွဲချိန် ၄၆ မိနစ်မှာတော့ ဟာရီကိန်းနဲ့ ဆွန်တို့ရဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်မှုကနေပဲ ဆွန်က ထိုးပေးတာကို ကိန်းက ဘယ်ခြေနဲ့ အပြင်းကန်ပြီး ဂိုးပိုက်အမိုးနဲ့ ဘောလုံးကို မိတ်ဆက်စေခဲ့လို့ ပထမပိုင်းအပြီးမှာ အိမ်ရှင်တွေက နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပါတေးအစား စီဘာယော့စ်ကို လဲကစားပြီး ဘောလုံးပိုင်ဆိုင်မှု ပိုယူလာတဲ့ အာဆင်နယ်တို့ကို စပါးစ်အသင်းအနေနဲ့ အသာတကြည်ပဲ ဘောလုံးပေးကိုင်ခဲ့ပြီး ခံစစ်ပဲ ကစားခဲ့သလို လာကာဇက်၊ အူဘာမီယန်းတို့ကလည်း ခေါင်းတိုက်ချက်တွေကို အသုံးမချနိုင်ခဲ့လို့ အိမ်ရှင်တို့ကို ထိထိရောက်ရောက် အန္တရာယ်မပေးနိုင်ဘဲ ရှိခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ရဲ့ ထိုးဖောက်မှုတွေကို စပါးစ်တို့ စနစ်တကျ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့သလို မော်ရင်ညိုရဲ့ လုပ်နေကျ ပုံစံအတိုင်းပဲ ပိတ်ဆို့ပြီး ကောင်တာချောင်းသွားခဲ့တာမို့ လုံလောက်တဲ့ ရလဒ်မှာ အိမ်ရှင်တွေ ထပ်မံမစွန့်စားတော့ဘဲ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ အမှတ်ပေးဇယားမှာ စနေနေ့ည ဦးဆောင်သူအဖြစ် ရပ်တည်နေခဲ့တဲ့ ချဲလ်ဆီးအသင်းကို ၂ မှတ်အသာနဲ့ ပြန်လည်ကျော်တက်နိုင်ခဲ့ပြီး မြောက်လန်ဒန်ဒါဘီမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးသွင်းဘုရင်ဖြစ်လာခဲ့တဲ့ ဟာရီကိန်းနဲ့အတူ မော်ရင်ညိုအနေနဲ့ အသင်းရဲ့ လက်ရှိ ချန်ပီယံခြေစွမ်းကို ဆက်လက်ထိန်းသိမ်းပြီး လန်ဒန်သမိုင်းသစ်ကို ရေးထိုးသွားနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ္ပတ္ရဲ႕ လူေတြအားလုံး စိတ္အဝင္စားဆုံးျဖစ္ခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီမွာ နည္းျပ ေမာ္ရင္ညိဳရဲ႕ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကပဲ ေအာင္ပြဲခံခဲ့ၿပီး အာတီတာရဲ႕ ခါးျပတ္ေနတဲ့ အာဆင္နယ္အသင္းကေတာ့ အေဝးကြင္းမွာ အလဲထိုးႏွက္ျခင္းကို ခံခဲ့ရၿပီး သူတို႔ေတြအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့ နည္းဗ်ဴဟာနဲ႔ နည္းစနစ္ပိုင္ႏိုင္မႈေတြကို လိုအပ္ေနခဲ့တာ သိသာလြန္းခဲ့ပါတယ္။

လာကာဇက္ကို ေနာက္ခ်န္ေနရာမွာ စပါးစ္ရဲ႕ ဟာရီကိန္းလို နံပါတ္ ၁၀ ေနရာက ကစားေစလိမ့္မယ္လို႔ ထင္ခဲ့ၾကသလို အာတီတာကလည္း ဒီပုံစံအတိုင္း ဝီလီယန္၊ အူဘာမီယန္း၊ ဆာကာတို႔ကို သုံးေယာက္တန္း ေနရာခ်လာေပမယ့္ တကယ့္ကြင္းထဲမွာေတာ့ ပုံပ်က္သြားခဲ့ၿပီး ၄-၂-၄ ကစားကြက္က အာဆင္နယ္ကို အထိနာေစခဲ့ပါတယ္။

ေသာမတ္စ္ ပါေတးနဲ႔ ဂရာနစ္ ခ်ာကာတို႔ကေတာ့ အာဆင္နယ္မွာ နာမည္ပ်က္ခံဖို႔သက္သက္ ေျပာင္းေ႐ႊ႕လာခဲ့တာလားလို႔ ေမးခြန္းထုတ္စရာျဖစ္ေနခဲ့ၿပီး ေခၚကစားတဲ့ စပါးစ္တို႔ စိတ္ႀကိဳက္ျဖစ္တဲ့ ေဘာလုံးကိုင္ၿပီး တက္ဖိတဲ့ ပုံစံမွာ ဟန္ခ်က္ညီေအာင္ လုပ္မေပးႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ေတြကေန အလဲထိုးခံခဲ့ရၿပီး သူတို႔ရဲ႕ အိမ္ရွင္ကြင္းလယ္လူ ဟြိဳင္ဘယာ့ဂ္ရဲ႕ နည္းစနစ္ပိုင္းတန္ဖိုး ကြာျခားမႈကလည္း သိသာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္အထိ ဆင္းေနခဲ့တဲ့ ဟာရီကိန္းက စပါးစ္ရဲ႕ လုပ္ေနက် ဖန္တစ္ရာေနတဲ့ ပုံစံအတိုင္းပဲ ဘယ္ျခမ္းက ေျပးတက္သြားတဲ့ ဆြန္ေဟာင္မင္ရဲ႕ လမ္းေၾကာင္းထဲကို သိပ္စဥ္းစားမေနဘဲ ထည့္ေပးခဲ့တာမွာ အာဆင္နယ္ေနာက္တန္း ၅ ေယာက္ေလာက္က ေပးထားတဲ့ ကြက္လပ္ႀကီးထဲမွာ ကိုရီးယားသားရဲ႕ လွပတဲ့ စိတ္ႀကိဳက္သြင္းဂိုးတစ္ဂိုးကို ေတြ႕ျမင္ခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာ အာဆင္နယ္တို႔ရဲ႕ ဖိကစားခဲ့ေပမယ့္ ေတာင္ပံက ျဖတ္တင္ေဘာဆိုတဲ့ အိမ္စာကို မေက်တဲ့ ကစားသမားေတြအေနနဲ႔ စပါးစ္ခံစစ္ရဲ႕ အလြယ္တကူ ရွင္းထုတ္ျခင္းေတြနဲ႔ပဲ ႀကဳံခဲ့ရသလို ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ ဟာရီကိန္းနဲ႔ ဆြန္တို႔ရဲ႕ တန္ျပန္တိုက္စစ္ ထိုးေဖာက္မႈကေနပဲ ဆြန္က ထိုးေပးတာကို ကိန္းက ဘယ္ေျခနဲ႔ အျပင္းကန္ၿပီး ဂိုးပိုက္အမိုးနဲ႔ ေဘာလုံးကို မိတ္ဆက္ေစခဲ့လို႔ ပထမပိုင္းအၿပီးမွာ အိမ္ရွင္ေတြက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပါေတးအစား စီဘာေယာ့စ္ကို လဲကစားၿပီး ေဘာလုံးပိုင္ဆိုင္မႈ ပိုယူလာတဲ့ အာဆင္နယ္တို႔ကို စပါးစ္အသင္းအေနနဲ႔ အသာတၾကည္ပဲ ေဘာလုံးေပးကိုင္ခဲ့ၿပီး ခံစစ္ပဲ ကစားခဲ့သလို လာကာဇက္၊ အူဘာမီယန္းတို႔ကလည္း ေခါင္းတိုက္ခ်က္ေတြကို အသုံးမခ်ႏိုင္ခဲ့လို႔ အိမ္ရွင္တို႔ကို ထိထိေရာက္ေရာက္ အႏၲရာယ္မေပးႏိုင္ဘဲ ရွိခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ရဲ႕ ထိုးေဖာက္မႈေတြကို စပါးစ္တို႔ စနစ္တက် ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့သလို ေမာ္ရင္ညိဳရဲ႕ လုပ္ေနက် ပုံစံအတိုင္းပဲ ပိတ္ဆို႔ၿပီး ေကာင္တာေခ်ာင္းသြားခဲ့တာမို႔ လုံေလာက္တဲ့ ရလဒ္မွာ အိမ္ရွင္ေတြ ထပ္မံမစြန႔္စားေတာ့ဘဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏိုင္ရရွိခဲ့တဲ့ စပါးစ္အသင္းအေနနဲ႔ အမွတ္ေပးဇယားမွာ စေနေန႔ည ဦးေဆာင္သူအျဖစ္ ရပ္တည္ေနခဲ့တဲ့ ခ်ဲလ္ဆီးအသင္းကို ၂ မွတ္အသာနဲ႔ ျပန္လည္ေက်ာ္တက္ႏိုင္ခဲ့ၿပီး ေျမာက္လန္ဒန္ဒါဘီမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးသြင္းဘုရင္ျဖစ္လာခဲ့တဲ့ ဟာရီကိန္းနဲ႔အတူ ေမာ္ရင္ညိဳအေနနဲ႔ အသင္းရဲ႕ လက္ရွိ ခ်န္ပီယံေျခစြမ္းကို ဆက္လက္ထိန္းသိမ္းၿပီး လန္ဒန္သမိုင္းသစ္ကို ေရးထိုးသြားႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.