Premier League

၂၀၀၂ ခုႏွစ္ေနာက္ပိုင္း ဘ႑ာေရးရွင္းတမ္းမွာ အာဆင္နယ္အသင္း ပထမဆံုးအႀကိမ္ အ႐ွဳံးေပၚ

၂၀၁၉ ခုႏွစ္ ေမလအထိ ေနာက္ဆံုးထား တြက္ခ်က္ထားတဲ့ အာဆင္နယ္အသင္းရဲ႕ ဘ႑ာေရးအစီရင္ခံစာမွာ ေပါင္ ၂၇.၁ သန္းအထိ အရႈံးေပၚခဲ့ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္ မရတာက အ႐ွဳံးေပၚေစတဲ့ အဓိကအေၾကာင္းအရင္းတစ္ရပ္ျဖစ္တယ္လို႔လည္း အာဆင္နယ္အသင္းဥကၠဌက ၀န္ခံခဲ့ပါတယ္။

ေနာက္ဆံုးဘ႑ာေငြရွင္းတမ္းမွာ အရွဳံးပၚခဲ့တဲ့ၾကားက ၾကာသပေတးေန႔က ယူရိုပါလိဂ္ပြဲမွာ အိုလံပီယာေကာ့စ္ကို ရွဳံးခဲ့တာက အာဆင္နယ္အသင္းအတြက္ အနာေပၚ တုတ္က်သလိုျဖစ္ခဲ့ပါတယ္။ ယူရိုပါလိဂ္ ၃၂ သင္း ရွဳံးထြက္အဆင့္မွာ ထြက္ခဲ့ရလို႔ အာဆင္နယ္အသင္းဟာ ကြင္း၀င္ေၾကးနဲ႔ ႐ုပ္သံ၀င္ေငြေတြ ဆံုးရွဳံးခဲ့တဲ့အျပင္ တစ္ရာသီစာလက္မွတ္ ၀ယ္ယူထားတဲ့ ပရိသတ္ေတြကိုပါ ဖလားပြဲေတြမွာ အိမ္ကြင္း ၇ ပြဲမျပည့္ရင္ ေငြျပန္အမ္းရႏုိင္သလို တခ်ဳိ႕တြက္ခ်က္မွဳေတြအရ ေပါင္ ၄.၅ သန္းအထိ ျပန္ေပးရႏုိင္တယ္လုိ႔လည္း ဆုိပါတယ္။

ဒီရာသီမွာ အာဆင္နယ္အသင္းဟာ ဖလားပြဲေတြမွာ အိမ္ကြင္း ၅ ပြဲ ကစားခဲ့ၿပီးၿပီျဖစ္ၿပီး အက္ဖ္ေအဖလားပြဲစဥ္မွာ ပို႔စ္ေမာက္နဲ႔ အေ၀းကြင္းမွာ ကစားရမွာေၾကာင့္ ဒီပြဲစဥ္ကို အႏုိင္ကစားၿပီး ေနာက္တစ္ဆင့့္တက္ရင္ ကြာတားဖိုင္နယ္အိမ္ကြင္းပြဲစဥ္တစ္ပြဲသာ သူတို႔အတြက္ ေမွ်ာ္လင့္ႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ အက္ဖ္ေအရဲ႕ စည္းမ်ဥ္းသစ္အရ ပို႔စ္ေမာက္နဲ႔ အေ၀းကြင္းပြဲစဥ္ကို သေရက်ရင္လည္း ပင္နယ္တီအဆံုးအျဖတ္အထိခံယူၿပီး တစ္ေက်ာ့တည္း အျပတ္ကစားရမွာျဖစ္လုိ႔ အိမ္ကြင္းမွာ Replay လည္း မရွိႏုိင္ေတာ့တာပါ။

အာဆင္နယ္အသင္းဥကၠဌ ဆာခ်စ္ပ္ကက္စ္၀စ္ခ္က “ဒီဘ႑ာေရးႏွစ္ထဲမွာ ကၽြန္ေတာ္တို႔ရဲ႕ ကစားသမားအေရာင္းအ၀ယ္ကလည္း အကန္႔အသတ္နဲ႔ပဲ ရွိခဲ့ပါတယ္။ ဒါက ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ ႏွစ္ရာသီဆက္ ၀င္ၿပိဳင္ရတဲ့ ဘ႑ာေရးႏွစ္လည္းျဖစ္ပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ ၂၀၀၂ ခုႏွစ္ေနာက္ပိုင္း ဘ႑ာေရးအစီရင္ခံစာမွာ ပထမဆံုးအႀကိမ္ အ႐ွဳံးေပၚခဲ့ပါတယ္”လို႔ ေျပာပါတယ္။

အာဆင္နယ္အသင္းဟာ ယူရိုပါလိဂ္ကို ဆင္းကစားရတာဟာ ၃ ရာသီဆက္တိုက္ ရွိေနခဲ့ၿပီျဖစ္ၿပီး ဖိုင္နယ္တက္ေရာက္ခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္က အစီရင္ခံစာကေတာင္ ဒီေလာက္ျဖစ္ေနရင္ ၃၂ သင္းအဆင့္က ထြက္ခဲ့ရတဲ့ ဒီရာသီဘ႑ာေရးရွင္းတမ္းကေတာ့ လာမယ့္ႏွစ္မွာ အာဆင္နယ္အေနနဲ႔ ျမင္ရက္စရာေတာင္ ရွိပါ့မလားလို႔ တခ်ဳိ႕က သုံးသပ္ခန္႔မွန္းေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ၂၀၁၉ ခုနှစ် မေလအထိ နောက်ဆုံးထား တွက်ချက်ထားတဲ့ အာဆင်နယ်အသင်းရဲ့ ဘဏ္ဍာရေးအစီရင်ခံစာမှာ ပေါင် ၂၇.၁ သန်းအထိ အရှုံးပေါ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရတာက အရှုံးပေါ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့လည်း အာဆင်နယ်အသင်းဥက္ကဌက ဝန်ခံခဲ့ပါတယ်။

နောက်ဆုံးဘဏ္ဍာငွေရှင်းတမ်းမှာ အရှုံးပါ်ခဲ့တဲ့ကြားက ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲမှာ အိုလံပီယာကော့စ်ကို ရှုံးခဲ့တာက အာဆင်နယ်အသင်းအတွက် အနာပေါ် တုတ်ကျသလိုဖြစ်ခဲ့ပါတယ်။ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မှာ ထွက်ခဲ့ရလို့ အာဆင်နယ်အသင်းဟာ ကွင်းဝင်ကြေးနဲ့ ရုပ်သံဝင်ငွေတွေ ဆုံးရှုံးခဲ့တဲ့အပြင် တစ်ရာသီစာလက်မှတ် ဝယ်ယူထားတဲ့ ပရိသတ်တွေကိုပါ ဖလားပွဲတွေမှာ အိမ်ကွင်း ၇ ပွဲမပြည့်ရင် ငွေပြန်အမ်းရနိုင်သလို တချို့တွက်ချက်မှုတွေအရ ပေါင် ၄.၅ သန်းအထိ ပြန်ပေးရနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒီရာသီမှာ အာဆင်နယ်အသင်းဟာ ဖလားပွဲတွေမှာ အိမ်ကွင်း ၅ ပွဲ ကစားခဲ့ပြီးပြီဖြစ်ပြီး အက်ဖ်အေဖလားပွဲစဉ်မှာ ပို့စ်မောက်နဲ့ အဝေးကွင်းမှာ ကစားရမှာကြောင့် ဒီပွဲစဉ်ကို အနိုင်ကစားပြီး နောက်တစ်ဆင့်တက်ရင် ကွာတားဖိုင်နယ်အိမ်ကွင်းပွဲစဉ်တစ်ပွဲသာ သူတို့အတွက် မျှော်လင့်နိုင်တော့မှာ ဖြစ်ပါတယ်။ အက်ဖ်အေရဲ့ စည်းမျဉ်းသစ်အရ ပို့စ်မောက်နဲ့ အဝေးကွင်းပွဲစဉ်ကို သရေကျရင်လည်း ပင်နယ်တီအဆုံးအဖြတ်အထိခံယူပြီး တစ်ကျော့တည်း အပြတ်ကစားရမှာဖြစ်လို့ အိမ်ကွင်းမှာ Replay လည်း မရှိနိုင်တော့တာပါ။

အာဆင်နယ်အသင်းဥက္ကဌ ဆာချစ်ပ်ကက်စ်ဝစ်ခ်က “ဒီဘဏ္ဍာရေးနှစ်ထဲမှာ ကျွန်တော်တို့ရဲ့ ကစားသမားအရောင်းအဝယ်ကလည်း အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။ ဒါက ယူရိုပါလိဂ်ပြိုင်ပွဲ နှစ်ရာသီဆက် ဝင်ပြိုင်ရတဲ့ ဘဏ္ဍာရေးနှစ်လည်းဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း ဘဏ္ဍာရေးအစီရင်ခံစာမှာ ပထမဆုံးအကြိမ် အရှုံးပေါ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ကို ဆင်းကစားရတာဟာ ၃ ရာသီဆက်တိုက် ရှိနေခဲ့ပြီဖြစ်ပြီး ဖိုင်နယ်တက်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က အစီရင်ခံစာကတောင် ဒီလောက်ဖြစ်နေရင် ၃၂ သင်းအဆင့်က ထွက်ခဲ့ရတဲ့ ဒီရာသီဘဏ္ဍာရေးရှင်းတမ်းကတော့ လာမယ့်နှစ်မှာ အာဆင်နယ်အနေနဲ့ မြင်ရက်စရာတောင် ရှိပါ့မလားလို့ တချို့က သုံးသပ်ခန့်မှန်းနေကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.