Premier League

ဝီလီယန္ကို ေခၚဖို႔အတြက္ အက္သလက္တီကို မက္ဒရစ္အသင္း စတင္ေဆြးေႏြးဖို႔ စီစဥ္

ရာသီကုန္ရင္ ခ်ဲလ္ဆီးအင္းနဲ႔ စာခ်ဳပ္သက္တမ္းေစ့ေတာ့မယ့္ ဘရာဇီးေတာင္ပံကစားသမား ဝီလီယန္ကို စပိန္လာလီဂါကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းက ေခၚယူဖို႔ ကမ္းလွမ္းေနၿပီး မၾကာခင္အခ်ိန္အတြင္းမွာ စတင္ေဆြးေႏြးသြားမယ္လို႔ ဆိုပါတယ္။

တကယ္ေတာ့ ဝီလီယန္ဟာ ခ်ဲလ္ဆီးအသင္းမွာပဲ ကာလရွည္ကစားခ်င္တာျဖစ္ေပမယ့္ ခ်ဲလ္ဆီးဘက္က ေနာက္ထပ္ ၂ ႏွစ္ပဲ စာခ်ဳပ္သက္တမ္းတိုးလိုတာေၾကာင့္ ၃ ႏွစ္ စာခ်ဳပ္ခ်င္တဲ့ ကစားသမားနဲ႔ အသင္းအၾကား သေဘာတူညီမႈ မရရွိတာလည္းျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ကို ၃ ဂိုးျပတ္နဲ႔ ခ်န္ပီယံလိဂ္မွာ ရႈံးခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သစ္ေဆြးေႏြးမႈေတြကို ဝီလီယန္က ပြင့္ပြင့္လင္းလင္း ေျပာခဲ့ၿပီး “ခ်ဲလ္ဆီးက ကၽြန္ေတာ့္ကို ၂ ႏွစ္ပဲ ကမ္းလွမ္းခဲ့တာပါ။ သူတို႔ဘက္ကေတာ့ ကမ္းလွမ္းမႈကို ျပန္ေျပာင္းဖို႔မရွိပါဘူး”လို႔လည္းဆိုပါတယ္။

ေနာက္ဆံုးအေျပာင္းအေရႊ႕ေစ်းကြက္ ၂ခုစလံုးမွာ ေသြးေအးခဲ့သေလာက္ လာမယ့္ေႏြရာသီေစ်းကြက္မွာေတာ့ ခ်ဲလ္ဆီးအသင္း အလုပ္မ်ားမယ့္ပံုေပၚေနၿပီး နည္းျပ လမ္းပတ္ စိတ္ႀကိဳက္မေတြ႔တဲ့ စီနီယာကစားသမား ၈ ဦးကို ထုတ္ေရာင္းဖြယ္ရွိေနရာမွာ ဝီလီယန္လည္း တစ္ဦးအပါအ၀င္ျဖစ္ေနၿပီး အခုဆိုရင္ အုိင္းယက္စ္ေတာင္ပံကစားသမား ဟာကင္မ္ ဇီယက္ခ်္ကို ေခၚလုိက္တာကလည္း ဒီဘရာဇီးလ္သားအတြက္ စတမ္းဖို႔ဘရစ္ခ်္ေန႔ရက္ေတြ အဆုံးသတ္ဖို႔ ျဖစ္လာမွာပါ။

ဝီလီယန္ဟာ လမ္းပတ္လက္ထက္မွာ အဓိက ကစားသမားတစ္ဦးျဖစ္ေနၿပီး ၿပိဳင္ပြဲအရပ္ရပ္ စုစုေပါင္း ၃၄ ပြဲအထိ ကစားခြင့္ရထားၿပီး သူ႕ကို အက္သလက္တီကို မက္ဒရစ္ဟာ အခုတစ္ပတ္အတြင္း ေခၚယူႏုိင္ဖို႔ ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ အီတလီက လာတဲ့ သတင္းေတြမွာ ေဖာ္ျပထားခဲ့ပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ရာသီကုန်ရင် ချဲလ်ဆီးအင်းနဲ့ စာချုပ်သက်တမ်းစေ့တော့မယ့် ဘရာဇီးတောင်ပံကစားသမား ဝီလီယန်ကို စပိန်လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းနေပြီး မကြာခင်အချိန်အတွင်းမှာ စတင်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

တကယ်တော့ ဝီလီယန်ဟာ ချဲလ်ဆီးအသင်းမှာပဲ ကာလရှည်ကစားချင်တာဖြစ်ပေမယ့် ချဲလ်ဆီးဘက်က နောက်ထပ် ၂ နှစ်ပဲ စာချုပ်သက်တမ်းတိုးလိုတာကြောင့် ၃ နှစ် စာချုပ်ချင်တဲ့ ကစားသမားနဲ့ အသင်းအကြား သဘောတူညီမှု မရရှိတာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကို ၃ ဂိုးပြတ်နဲ့ ချန်ပီယံလိဂ်မှာ ရှုံးခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ်ဆွေးနွေးမှုတွေကို ဝီလီယန်က ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီး “ချဲလ်ဆီးက ကျွန်တော့်ကို ၂ နှစ်ပဲ ကမ်းလှမ်းခဲ့တာပါ။ သူတို့ဘက်ကတော့ ကမ်းလှမ်းမှုကို ပြန်ပြောင်းဖို့မရှိပါဘူး”လို့လည်းဆိုပါတယ်။

နောက်ဆုံးအပြောင်းအရွှေ့ဈေးကွက် ၂ခုစလုံးမှာ သွေးအေးခဲ့သလောက် လာမယ့်နွေရာသီဈေးကွက်မှာတော့ ချဲလ်ဆီးအသင်း အလုပ်များမယ့်ပုံပေါ်နေပြီး နည်းပြ လမ်းပတ် စိတ်ကြိုက်မတွေ့တဲ့ စီနီယာကစားသမား ၈ ဦးကို ထုတ်ရောင်းဖွယ်ရှိနေရာမှာ ဝီလီယန်လည်း တစ်ဦးအပါအဝင်ဖြစ်နေပြီး အခုဆိုရင် အိုင်းယက်စ်တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ကို ခေါ်လိုက်တာကလည်း ဒီဘရာဇီးလ်သားအတွက် စတမ်းဖို့ဘရစ်ချ်နေ့ရက်တွေ အဆုံးသတ်ဖို့ ဖြစ်လာမှာပါ။

ဝီလီယန်ဟာ လမ်းပတ်လက်ထက်မှာ အဓိက ကစားသမားတစ်ဦးဖြစ်နေပြီး ပြိုင်ပွဲအရပ်ရပ် စုစုပေါင်း ၃၄ ပွဲအထိ ကစားခွင့်ရထားပြီး သူ့ကို အက်သလက်တီကို မက်ဒရစ်ဟာ အခုတစ်ပတ်အတွင်း ခေါ်ယူနိုင်ဖို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ အီတလီက လာတဲ့ သတင်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.