Premier League

နော့ဝစ်ခ်ျရဲ့ တန်းဆင်းဇုန်ရုန်းအားကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်စတာ စိတ်မချစရာဖြစ်လာ

သောကြာနေ့ညမှာ ပရီးမီးယားလိဂ်ရဲ့ အစောပွဲအဖြစ် ကစားတဲ့ နော့ဝစ်ခ်ျစီးတီးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တန်းဆင်းဇုန်ရဲ့အောက်ဆုံး အဆင့် ၂၀ မှာ ရုန်းကန်နေခဲ့ရတဲ့ အိမ်ရှင်တို့ရဲ့ ဖိအားကို မြေခွေးပြာတွေ တောင့်မခံနိုင်ခဲ့ပဲ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။



ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တဲ့ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ လက်စတာတိုက်စစ်မှူး အီဟန်နာချိုရဲ့သွင်းဂိုး လက်ထိလို့ ပယ်ဖျက်ခံခဲ့ရပြီး ပွဲချိန် မိနစ် ၇၀ မှာတော့ တန်းဆင်းဇုန်ရုန်းနေတဲ့ အိမ်ရှင် နော့ဝစ်ခ်ျတို့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အသင်းကြီးတွေ စောင့်ကြည့်နေကြတဲ့ ဘယ်ညာနောက်ခံလူနှစ်ဦးထဲက ညာနောက်ခံလူ မက်စ် အာရွန်စ်ရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ဘယ်ခြမ်းက လိုက်တက်လာတဲ့ ဂျမားလ် လူးဝစ္စက ထောင့်ဖြတ်ကန်သွင်းယူခဲ့ရာမှာ ရှမိုက်ကယ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ အဆင့် ၂၀ က နော့ဝစ်ခ်ျတို့ ရမှတ် ၂၁ မှတ်နဲ့ အင်အားသစ်တစ်ခု ဖော်ဆောင်နိုင်ခဲ့ဖို့ ယူဆရပြီး ဖေဖော်ဝါရီကို နိုင်ပွဲမဲ့ ပိတ်သိမ်းခဲ့တဲ့ လက်စတာတို့ကတော့ နောက်ကနေ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ ဖိအားကို ခက်ခက်ခဲခဲ တောင့်ခံရတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်တွေက ပိုမိုပြင်းထန်လာတော့မှာဖြစ်ကြောင်းလည်း သုံးသပ်တင်ပြလိုက်ရပါတယ်။

KIZARNO
SPORTS A2Z.

UNICODE: သောကြာနေ့ညမှာ ပရီးမီးယားလိဂ်ရဲ့ အစောပွဲအဖြစ် ကစားတဲ့ နော့ဝစ်ချ်စီးတီးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ တန်းဆင်းဇုန်ရဲ့အောက်ဆုံး အဆင့် ၂၀ မှာ ရုန်းကန်နေခဲ့ရတဲ့ အိမ်ရှင်တို့ရဲ့ ဖိအားကို မြေခွေးပြာတွေ တောင့်မခံနိုင်ခဲ့ပဲ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

အဓိကတိုက်စစ်မှူးနဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ဦးဆောင်နေတဲ့ ဂျေမီ ဗာဒီအနေနဲ့ ပွဲမကစားခင်မှာကပ်ပြီး လိုအပ်တဲ့ ကြံ့ခိုင်မှု မရှိတာကြောင့် လွဲချော်ခဲ့တဲ့ လက်စတာစီးတီးရဲ့ တိုက်စစ်ကို အီဟန်နာချိုနဲ့ အယိုဇေ ပီရက်ဇ်တို့က ဦးဆောင်ခဲ့ရပြီး ကွင်းလယ်အဖျက်ကစားတဲ့ ဝီလ်ဖရက် အန်ဒီဒီ ပွဲမထွက်နိုင်သေးတာကလည်း ရာသီအစောပိုင်းက လီဗာပူးလ်ကို ဖိအားပေးခဲ့တဲ့ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

ဗာဒီမပါဝင်နိုင်တဲ့ လက်စတာတိုက်စစ်က တိုင်လီမန်းစ်ကိုပါ မထည့်ခဲ့တာကတော့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ ဆတ်ဆော့မှုလို့ပဲ ယူဆရမှာဖြစ်ပြီး ဒီအသင်းရဲ့ ရလဒ်ကျဆင်းမှုတွေမှာ မြောက်အိုင်ယာလန်နည်းပြရဲ့ မလိုအပ်ဘဲ နည်းစနစ်ပြောင်းလဲမှုတွေကလည်း အမြဲတမ်းလိုလို အကြောင်းရင်းခံဖြစ်နေခဲ့တာကို တွေ့ခဲ့ရပြီး ဒီပွဲမှာ တောင်ပံက ဖြတ်တင်ဘောတွေနဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း ထိရောက်မှုတော့ နည်းခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တဲ့ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ လက်စတာတိုက်စစ်မှူး အီဟန်နာချိုရဲ့သွင်းဂိုး လက်ထိလို့ ပယ်ဖျက်ခံခဲ့ရပြီး ပွဲချိန် မိနစ် ၇၀ မှာတော့ တန်းဆင်းဇုန်ရုန်းနေတဲ့ အိမ်ရှင် နော့ဝစ်ချ်တို့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အသင်းကြီးတွေ စောင့်ကြည့်နေကြတဲ့ ဘယ်ညာနောက်ခံလူနှစ်ဦးထဲက ညာနောက်ခံလူ မက်စ် အာရွန်စ်ရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ဘယ်ခြမ်းက လိုက်တက်လာတဲ့ ဂျမားလ် လူးဝစ္စက ထောင့်ဖြတ်ကန်သွင်းယူခဲ့ရာမှာ ရှမိုက်ကယ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲအပြီးမှာတော့ အဆင့် ၂၀ က နော့ဝစ်ချ်တို့ ရမှတ် ၂၁ မှတ်နဲ့ အင်အားသစ်တစ်ခု ဖော်ဆောင်နိုင်ခဲ့ဖို့ ယူဆရပြီး ဖေဖော်ဝါရီကို နိုင်ပွဲမဲ့ ပိတ်သိမ်းခဲ့တဲ့ လက်စတာတို့ကတော့ နောက်ကနေ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ ဖိအားကို ခက်ခက်ခဲခဲ တောင့်ခံရတော့မှာဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်တွေက ပိုမိုပြင်းထန်လာတော့မှာဖြစ်ကြောင်းလည်း သုံးသပ်တင်ပြလိုက်ရပါတယ်။

KIZARNO
PHOTOS CREDIT TO DAILY MAIL
SPORTS A2Z.