Premier League Transfer News

6 Dec နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ချေပဂိုးဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ သွင်းဂိုးကို မြစ်ဖျားခံခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်ရဲ့ ဘောလုံးရှင်းထုတ်မှုဟာ ကွင်းဘေးက ရပ်နေတဲ့ သူ့ရဲ့ ခေါင်းပေါ်က ဖြတ်သွားခဲ့တာလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ် ဒေါသတကြီးပြောကြား။

– တက်ညီလက်ညီ မောင်းနှင်နေကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၁ သန်းအထိ ခံစားခွင့်တွေ အပါအဝင် ပေးချေထားရတဲ့ တိုက်စစ်မှူး အန်တိုနီယို မာစီယယ်လ်ဟာ ခရီးသည်တစ်ယောက်ပဲလို့ သူ့ရဲ့ ကစားပုံဆိုးရွားမှုအတွက် ဝေဖန်ခံနေရ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ခြေစွမ်းပြနေတဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူလိုတဲ့ ဥရောပ အသင်းကြီးတွေရဲ့ ရန်က ကာကွယ်နိုင်ဖို့ လက်ရှိလုပ်ခထက် နှစ်ဆတိုးမြှင့်ပေးသွားဖို့ စီစဉ်နေ။

– ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမြှ အရှုံးအနေအထားကနေ ပြန်လည်ဆယ်ယူနိုင်ခဲ့တဲ့ ရမှတ်ပေါင်း ၃၈၅ မှတ်အထိ ရှိသွားခဲ့ပြီဖြစ်ပြီး စပါးစ်အသင်းထက် နှစ်မှတ်အသာနဲ့ အများဆုံးအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့။

– ဘရာဇီးလ်လက်ရွေးစင်ဟောင်း ပေါ်လို အဆွန်ဆာအိုရဲ့ သားဖြစ်သူ အက်သလက်တီကိုမက်ဒရစ်အကယ်ဒမီထွက် ဘရာဇီးလ် ယူ-၂၃ လက်ရွေးစင် ဂူစတာဗို အဆွန်ဆာအိုကို ပေါ်တူဂီ ပရီမေရာလီဂါကလပ် ဖာမီလီဆာအိုကနေ ခေါ်ယူဖို့ ချိတ်ဆက်နေ။

– ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဖရက်ဒ်ကို ပရီးမီးယားလိဂ်မှာ ဆက်လက်သုံးစွဲခြင်း မပြုခဲ့တာအတွက် နည်းပြ ဆိုးလ်ရှားက ကစားသမားမှာ ဒဏ်ရာမရှိကြောင်းနဲ့ နည်းစနစ်ပိုင်းအရရော အနားပေးချင်လို့ပါ သူ့ကို အသင်းလူစာရင်းက ချန်လှပ်ခဲ့တာဖြစ်ကြောင်း ပြောကြား။

– ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ဆက်တိုက် Come Back နိုင်ပွဲတွေဟာ တိုက်ဆိုင်မှု မဟုတ်ကြောင်းနဲ့ တစ်သင်းလုံးရဲ့ ကြိုးစားရုန်းကန်မှုကို ပြသတာဖြစ်ပြီး ပထမပိုင်းအရှုံးတွေကနေ ဒီလိုမျိုး ပြန်လာနိုင်ခဲ့တာအတွက် သူ့အနေနဲ့ အလွန်အမင်း ကျေနပ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေခ်ပဂိုးျဖစ္ခဲ့တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ သြင္းဂိုးကို ျမစ္ဖ်ားခံခဲ့တဲ့ ဂိုးသမား ဒင္းန္ ဟန္ဒါဆန္ရဲ႕ ေဘာလုံးရွင္းထုတ္မႈဟာ ကြင္းေဘးက ရပ္ေနတဲ့ သူ႔ရဲ႕ ေခါင္းေပၚက ျဖတ္သြားခဲ့တာလို႔ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မြိဳက္စ္ ေဒါသတႀကီးေျပာၾကား။

– တက္ညီလက္ညီ ေမာင္းႏွင္ေနၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၁ သန္းအထိ ခံစားခြင့္ေတြ အပါအဝင္ ေပးေခ်ထားရတဲ့ တိုက္စစ္မႉး အန္တိုနီယို မာစီယယ္လ္ဟာ ခရီးသည္တစ္ေယာက္ပဲလို႔ သူ႔ရဲ႕ ကစားပုံဆိုး႐ြားမႈအတြက္ ေဝဖန္ခံေနရ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေျခစြမ္းျပေနတဲ့ ၾကယ္ပြင့္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေခၚယူလိုတဲ့ ဥေရာပ အသင္းႀကီးေတြရဲ႕ ရန္က ကာကြယ္ႏိုင္ဖို႔ လက္ရွိလုပ္ခထက္ ႏွစ္ဆတိုးျမႇင့္ေပးသြားဖို႔ စီစဥ္ေန။

– ဝက္စ္ဟမ္းကို အေဝးကြင္းမွာ အႏိုင္ရရွိခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြျမႇ အရႈံးအေနအထားကေန ျပန္လည္ဆယ္ယူႏိုင္ခဲ့တဲ့ ရမွတ္ေပါင္း ၃၈၅ မွတ္အထိ ရွိသြားခဲ့ၿပီျဖစ္ၿပီး စပါးစ္အသင္းထက္ ႏွစ္မွတ္အသာနဲ႔ အမ်ားဆုံးအျဖစ္ မွတ္တမ္းဝင္ႏိုင္ခဲ့။

– ဘရာဇီးလ္လက္ေ႐ြးစင္ေဟာင္း ေပၚလို အဆြန္ဆာအိုရဲ႕ သားျဖစ္သူ အက္သလက္တီကိုမက္ဒရစ္အကယ္ဒမီထြက္ ဘရာဇီးလ္ ယူ-၂၃ လက္ေ႐ြးစင္ ဂူစတာဗို အဆြန္ဆာအိုကို ေပၚတူဂီ ပရီေမရာလီဂါကလပ္ ဖာမီလီဆာအိုကေန ေခၚယူဖို႔ ခ်ိတ္ဆက္ေန။

– ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ထုတ္ပယ္ခံခဲ့ရတဲ့ ကြင္းလယ္လူ ဖရက္ဒ္ကို ပရီးမီးယားလိဂ္မွာ ဆက္လက္သုံးစြဲျခင္း မျပဳခဲ့တာအတြက္ နည္းျပ ဆိုးလ္ရွားက ကစားသမားမွာ ဒဏ္ရာမရွိေၾကာင္းနဲ႔ နည္းစနစ္ပိုင္းအရေရာ အနားေပးခ်င္လို႔ပါ သူ႔ကို အသင္းလူစာရင္းက ခ်န္လွပ္ခဲ့တာျဖစ္ေၾကာင္း ေျပာၾကား။

– ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ဆက္တိုက္ Come Back ႏိုင္ပြဲေတြဟာ တိုက္ဆိုင္မႈ မဟုတ္ေၾကာင္းနဲ႔ တစ္သင္းလုံးရဲ႕ ႀကိဳးစား႐ုန္းကန္မႈကို ျပသတာျဖစ္ၿပီး ပထမပိုင္းအရႈံးေတြကေန ဒီလိုမ်ိဳး ျပန္လာႏိုင္ခဲ့တာအတြက္ သူ႔အေနနဲ႔ အလြန္အမင္း ေက်နပ္ေနတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.