Match Report Premier League

ချဲလ်ဆီး 3-1 လိဒ်စ်ယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ သတိပြုမိတဲ့ အချက် ၇ ချက်

လမ်းပတ်ရဲ့လူတွေက တကယ့်ချန်ပီယံတွေလား – ဖြေဖျော်မှုပေးစွမ်းနဲ့ ကစားဟန်နဲ့ နည်းပြ ဖရန့် လမ်းပတ်ရဲ့ တပည့်တွေကတော့ ပရိသတ်တွေကို ကျေနပ်စရာ ခြေစွမ်းတွေကို ပြသနေပြီး နောက်က လိုက်ကစားခဲ့ရပေမယ့်လည်း ၃ ဂိုးပြန်သွင်းပြီး အိမ်ကွင်းမှာ လိုချင်တဲ့ ရလဒ်တွေကို ရယူခဲ့တဲ့အပြင် အမှတ်ပေးဇယားကိုပါ တနင်္ဂနွေမှ ကန်မယ့် စပါးစ်ထက်အရင် ဦးဆောင်ထားနိုင်ခဲ့တာကို တကယ်ပဲ ချန်ပီယံခြေစွမ်းလို့ ဆိုနိုင်မလား စောင့်ကြည့်ရမှာပါ။

ဂျီရူးရဲ့ ထပ်မံတောက်ပမှု – ဆီဗီလာနဲ့ပွဲမှာ ခြေစွမ်းပြပြီး ၄ ဂိုးသွင်းခဲ့တဲ့ ဂျီရူးအနေနဲ့ ဒီနေ့ပွဲမှာလည်း လိဒ်စ်ဘက်ကို ထပ်ပြီး မလွယ်ကူတဲ့ အနေအထားကနေ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိနေပြီမို့ သူ့ရဲ့ ခြေစွမ်းနဲ့ အကျိုးပြုနိုင်မှုကို လျှော့တွက်နေကြပေမယ့် ပြင်သစ်သားကြီးကတော့ သူမအိုသေးကြောင်း ပြသခဲ့ပြီး တီမို ဗာနာနဲ့ အေဘရာဟမ်တို့ထက် ပိုကောင်းကြောင်းကိုတောင် သက်သေပြမလား ကြည့်ရမှာဖြစ်ပါတယ်။ တကယ့် အကောင်းစား ပြင်သစ်ဝိုင်ပုလင်းတစ်ပုလင်းကို မြင်နေရပြီလို့ပဲ ဆိုရမှာပါ။

အလွန်အကျွံ ချီးကျူးသူတွေကို ရပ်တန့်စေခဲ့တဲ့ ကွင်းလယ်လူ – ကွင်းလယ်လူ ခိုင်ဟာဗတ်ဇ်ကတော့ သူ့ကို အလွန်အကျွံ ချီးကျူးရေးသား ထားကြသူတွေကို တွန့်ဆုတ်စေခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါက လျှပ်ပြက်သလို ထိရောက်တောက်ပတဲ့ ပုံစံက ဘယ်ဆီကို ရောက်နေသလဲဆိုတာ လိဒ်စ်နဲ့ပွဲမှာလည်း ထပ်ပြီး မေးခွန်းထုတ်စရာဖြစ်ခဲ့သလို ၆၆ မိနစ်တာ ကာလအတွင်း သာမန်အောက်ခြေစွမ်းကိုပဲ ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကို ခြေစွမ်းပြဖို့ ဘယ်လို လော့ခ်ဖြည်ရမလဲဆိုတာက လမ်းပတ်အတွက်တော့ ကြီးမားတဲ့ ပုစ္ဆာတစ်ရပ်ဖြစ်နေဆဲပါပဲ။

ဖြုန်းတီးလေလွင့်မှုတွေနဲ့ ဗာနာ – တိုက်စစ်မှူး တီမို ဗာနာကတော့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးလို့ ကောင်းတုန်းပဲဖြစ်နေခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ခြေစွမ်းသိပ်မပြနိုင်သလို ညာခြမ်းကို ရောက်ပြန်တော့လည်း ပူလီရှစ်ချ်ရဲ့ ဖန်တီးမှုတွေကို ဂိုးသမားတည့်တည့်ပဲ ကန်ခဲ့တာပါ။ နောက်ပိုင်းပွဲတွေမှာ ဂျာမန်သားရဲ့ အဆုံးသတ်တွေက တစ်ဖက်ဂိုးသမားကို လေ့ကျင့်ပေးနေသလိုဖြစ်နေပြီး သူ့အတွက် အပေါင်းလက္ခဏာဆောင်တာ ကတော့ နေရာယူမှုတွေ မှန်ကန်တာနဲ့ အသင်းဖော်တွေဆီ ဖန်တီးပေးချင်စိတ် ရှိတာလို့ပဲ ပြောရတော့မှာဖြစ်ပါတယ်။

မိနစ်တွေက ရှားလွန်းတယ် – အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ရဲ့သားနဲ့ ကစားခွင့် မိနစ်တွေအတွက် စိတ်ညစ်ရမယ့်သူကတော့ မော်ရိုကို တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ပဲဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်အထိ ပွဲထွက် ၅ ပွဲနဲ့ လူစားဝင်ပွဲ ၂ ပွဲသာ ကစားခွင့် ရထားတဲ့ ဇီးယက်ရှ်ဟာ စုစုပေါင်း ၇ ပွဲမှာ ၃၈၆ မိနစ်၊ ပျမ်းမျှ ၅၅.၁၄ မိနစ်သာ ကစားခွင့်ရခဲ့ပြီး ဒီနေ့ပွဲမှာလည်း ဂျိမ်းစ်ကို Pre-Assist ပေးအပြီးမှာ ေပါင္ေနာက္ေၾကာဒဏ်ရာကြောင့် လူစားလဲခဲ့ရပြန်ပါတယ်။

နှစ်ချို့ဝိုင်ကောင်းအဖြစ် စံချိန်တင်နေသူ – ချဲလ်ဆီးအသင်းအတွက် ၂၀၀၁ ခုနှစ်နောက်ပိုင်း ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်အပြီးမှာ ပွဲထွက် ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားကတော့ အိုလီဗီးယေး ဂျီရူးပါပဲ။ ဒါက သူတို့အသင်းအတွင်း စံချိန်မှတ်တမ်းကို ထပ်တူညီခဲ့တာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ဒီလိုမျိုးလုပ်နိုင်ခဲ့တဲ့ အသက်အကြီးဆုံး ကစားသမားအဖြစ် ၃၄ နှစ်နဲ့ စံချိန်ချိုးသွားခဲ့ပါတယ်။

စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခြောက်တဲ့ ဘမ်ဖို့ဒ်တစ္ဆေ – ပက်ထရစ် ဘမ်ဖို့ဒ်ဆိုတာ ချဲလ်ဆီးပရိသတ်တချို့အတွက်တော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မလင်းဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်လို့ မှတ်မိကောင်း မှတ်မိကြမှာပါ။ ၂၀၁၂ ကနေ ၂၀၁၇ အထိ ချဲလ်ဆီးကစားသမားအဖြစ် စာရင်းဝင်ခဲ့တဲ့ အင်္ဂလန်သားဟာ လိဒ်စ်ယူနိုက်တက်နဲ့အတူ တန်းတက်လာအပြီးမှာ ပရီးမီးယားလိဂ်အဝေးကွင်းတွေမှာ ၇ ဂိုး သွင်းယူနိုင်တဲ့အထဲမှာ အသင်းဟောင်း ချဲလ်ဆီးကိုပါ ပွဲအစ စောစောစီးစီးမှာ ပျာယာခတ်သွားစေအောင် ခြောက်လှန့်သွားခဲ့တာတော့ အမှန်ပဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လမ္းပတ္ရဲ႕လူေတြက တကယ့္ခ်န္ပီယံေတြလား – ေျဖေဖ်ာ္မႈေပးစြမ္းနဲ႔ ကစားဟန္နဲ႔ နည္းျပ ဖရန႔္ လမ္းပတ္ရဲ႕ တပည့္ေတြကေတာ့ ပရိသတ္ေတြကို ေက်နပ္စရာ ေျခစြမ္းေတြကို ျပသေနၿပီး ေနာက္က လိုက္ကစားခဲ့ရေပမယ့္လည္း ၃ ဂိုးျပန္သြင္းၿပီး အိမ္ကြင္းမွာ လိုခ်င္တဲ့ ရလဒ္ေတြကို ရယူခဲ့တဲ့အျပင္ အမွတ္ေပးဇယားကိုပါ တနဂၤေႏြမွ ကန္မယ့္ စပါးစ္ထက္အရင္ ဦးေဆာင္ထားႏိုင္ခဲ့တာကို တကယ္ပဲ ခ်န္ပီယံေျခစြမ္းလို႔ ဆိုႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ဂ်ီ႐ူးရဲ႕ ထပ္မံေတာက္ပမႈ – ဆီဗီလာနဲ႔ပြဲမွာ ေျခစြမ္းျပၿပီး ၄ ဂိုးသြင္းခဲ့တဲ့ ဂ်ီ႐ူးအေနနဲ႔ ဒီေန႔ပြဲမွာလည္း လိဒ္စ္ဘက္ကို ထပ္ၿပီး မလြယ္ကူတဲ့ အေနအထားကေန ေခ်ပဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ျပန္ပါတယ္။ အသက္ ၃၄ ႏွစ္အ႐ြယ္ရွိေနၿပီမို႔ သူ႔ရဲ႕ ေျခစြမ္းနဲ႔ အက်ိဳးျပဳႏိုင္မႈကို ေလွ်ာ့တြက္ေနၾကေပမယ့္ ျပင္သစ္သားႀကီးကေတာ့ သူမအိုေသးေၾကာင္း ျပသခဲ့ၿပီး တီမို ဗာနာနဲ႔ ေအဘရာဟမ္တို႔ထက္ ပိုေကာင္းေၾကာင္းကိုေတာင္ သက္ေသျပမလား ၾကည့္ရမွာျဖစ္ပါတယ္။ တကယ့္ အေကာင္းစား ျပင္သစ္ဝိုင္ပုလင္းတစ္ပုလင္းကို ျမင္ေနရၿပီလို႔ပဲ ဆိုရမွာပါ။

အလြန္အကြၽံ ခ်ီးက်ဴးသူေတြကို ရပ္တန႔္ေစခဲ့တဲ့ ကြင္းလယ္လူ – ကြင္းလယ္လူ ခိုင္ဟာဗတ္ဇ္ကေတာ့ သူ႔ကို အလြန္အကြၽံ ခ်ီးက်ဴးေရးသား ထားၾကသူေတြကို တြန႔္ဆုတ္ေစခဲ့ပါတယ္။ ဘြန္ဒက္စ္လီဂါက လွ်ပ္ျပက္သလို ထိေရာက္ေတာက္ပတဲ့ ပုံစံက ဘယ္ဆီကို ေရာက္ေနသလဲဆိုတာ လိဒ္စ္နဲ႔ပြဲမွာလည္း ထပ္ၿပီး ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို ၆၆ မိနစ္တာ ကာလအတြင္း သာမန္ေအာက္ေျခစြမ္းကိုပဲ ပိုင္ဆိုင္ခဲ့ပါတယ္။ သူ႔ကို ေျခစြမ္းျပဖို႔ ဘယ္လို ေလာ့ခ္ျဖည္ရမလဲဆိုတာက လမ္းပတ္အတြက္ေတာ့ ႀကီးမားတဲ့ ပုစာၦတစ္ရပ္ျဖစ္ေနဆဲပါပဲ။

ျဖဳန္းတီးေလလြင့္မႈေတြနဲ႔ ဗာနာ – တိုက္စစ္မႉး တီမို ဗာနာကေတာ့ အပိုင္အခြင့္အေရးေတြကို ျဖဳန္းတီးလို႔ ေကာင္းတုန္းပဲျဖစ္ေနခဲ့ပါတယ္။ ဘယ္ျခမ္းကေန ေျခစြမ္းသိပ္မျပႏိုင္သလို ညာျခမ္းကို ေရာက္ျပန္ေတာ့လည္း ပူလီရွစ္ခ်္ရဲ႕ ဖန္တီးမႈေတြကို ဂိုးသမားတည့္တည့္ပဲ ကန္ခဲ့တာပါ။ ေနာက္ပိုင္းပြဲေတြမွာ ဂ်ာမန္သားရဲ႕ အဆုံးသတ္ေတြက တစ္ဖက္ဂိုးသမားကို ေလ့က်င့္ေပးေနသလိုျဖစ္ေနၿပီး သူ႔အတြက္ အေပါင္းလကၡဏာေဆာင္တာ ကေတာ့ ေနရာယူမႈေတြ မွန္ကန္တာနဲ႔ အသင္းေဖာ္ေတြဆီ ဖန္တီးေပးခ်င္စိတ္ ရွိတာလို႔ပဲ ေျပာရေတာ့မွာျဖစ္ပါတယ္။

မိနစ္ေတြက ရွားလြန္းတယ္ – အသင္းနဲ႔အတူ ေျခစြမ္းျပႏိုင္ရဲ႕သားနဲ႔ ကစားခြင့္ မိနစ္ေတြအတြက္ စိတ္ညစ္ရမယ့္သူကေတာ့ ေမာ္႐ိုကို ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ပဲျဖစ္ေနပါတယ္။ ပရီးမီးယားလိဂ္မွာ လက္ရွိအခ်ိန္အထိ ပြဲထြက္ ၅ ပြဲနဲ႔ လူစားဝင္ပြဲ ၂ ပြဲသာ ကစားခြင့္ ရထားတဲ့ ဇီးယက္ရွ္ဟာ စုစုေပါင္း ၇ ပြဲမွာ ၃၈၆ မိနစ္၊ ပ်မ္းမွ် ၅၅.၁၄ မိနစ္သာ ကစားခြင့္ရခဲ့ၿပီး ဒီေန႔ပြဲမွာလည္း ဂ်ိမ္းစ္ကို Pre-Assist ေပးအၿပီးမွာ ေပါင္ေနာက္ေၾကာဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရျပန္ပါတယ္။

ႏွစ္ခ်ိဳ႔၀ိုင္ေကာင္းအျဖစ္ စံခ်ိန္တင္ေနသူ – ခ်ဲလ္ဆီးအသင္းအတြက္ ၂၀၀၁ ခုႏွစ္ေနာက္ပိုင္း ဂ်င္မီ ဖလြိဳက္ ဟက္ဆယ္လ္ဘိန႔္ခ္အၿပီးမွာ ပြဲထြက္ ၆ ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့ ကစားသမားကေတာ့ အိုလီဗီးေယး ဂ်ီ႐ူးပါပဲ။ ဒါက သူတို႔အသင္းအတြင္း စံခ်ိန္မွတ္တမ္းကို ထပ္တူညီခဲ့တာျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ ဒီလိုမ်ိဳးလုပ္ႏိုင္ခဲ့တဲ့ အသက္အႀကီးဆုံး ကစားသမားအျဖစ္ ၃၄ ႏွစ္နဲ႔ စံခ်ိန္ခ်ိဳးသြားခဲ့ပါတယ္။

စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေျခာက္တဲ့ ဘမ္ဖို႔ဒ္တေစၦ – ပက္ထရစ္ ဘမ္ဖို႔ဒ္ဆိုတာ ခ်ဲလ္ဆီးပရိသတ္တခ်ိဳ႕အတြက္ေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ မလင္းျဖစ္ခဲ့တဲ့ ၾကယ္တစ္ပြင့္လို႔ မွတ္မိေကာင္း မွတ္မိၾကမွာပါ။ ၂၀၁၂ ကေန ၂၀၁၇ အထိ ခ်ဲလ္ဆီးကစားသမားအျဖစ္ စာရင္းဝင္ခဲ့တဲ့ အဂၤလန္သားဟာ လိဒ္စ္ယူႏိုက္တက္နဲ႔အတူ တန္းတက္လာအၿပီးမွာ ပရီးမီးယားလိဂ္အေဝးကြင္းေတြမွာ ၇ ဂိုး သြင္းယူႏိုင္တဲ့အထဲမွာ အသင္းေဟာင္း ခ်ဲလ္ဆီးကိုပါ ပြဲအစ ေစာေစာစီးစီးမွာ ပ်ာယာခတ္သြားေစေအာင္ ေျခာက္လွန႔္သြားခဲ့တာေတာ့ အမွန္ပဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.