Premier League

မန်စီးတီး ၂-၀ ဖူလ်ဟမ်ပွဲအပြီး ထူးခြားပြောစရာ ၇ ချက်

ပုံစံအမှန်ကို ပြန်ရသွားတဲ့ မန်စီးတီး – ဒီနေ့ပွဲက မန်စီးတီးက မန်စီးတီးအစစ်ကို မျက်ဝါးထင်ထင် ပြန်မြင်ခဲ့ရတာက ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ စတာလင်ရဲ့ အဖွင့်ဂိုးအပြီးမှာ ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးယူကာ တိုက်စစ်လမ်းကြောင်းပေါင်းစုံနဲ့ စိတ်တိုင်းကျ မွှေနှောက်ထိုးဖောက်ခဲ့သလို ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနားရဲ့ ခြေစွမ်းကလည်း အထင်ကြီးစရာကောင်းခဲ့ပါတယ်။

၄၂၃၁ နဲ့ ကောင်းကောင်း အလုပ်ဖြစ်တဲ့ အပြာရောင်မန်စီးတီး – မန်စီးတီးနည်းပြ ဂွာဒီယိုလာက သူ့စိတ်ကြိုက် ၄၃၃ ကို အပြောင်းအလဲလုပ်ပြီး ဒီရာသီမှာ ၄၂၃၁ နဲ့ သူ့အသင်းကို အထိုင်ချခဲ့ပါတယ်။ ဒါက ပိုအလုပ်ဖြစ်နေတာကို တွေ့ရတယ်။ အထောင်တိုက်စစ်မှူး အဂွေရို မပါတဲ့အချိန်မှာ ပြုပြင်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ နည်းဗျူဟာအောင်မြင်ခဲ့တယ်။ ဒီစီမံကိန်းမှာ ဒီဘရိုင်းနားရဲ့ ခံစစ်တာဝန်ကို ပိုလျှော့ပေးသလို စတာလင်နဲ့ မာရက်ဇ်တို့ရဲ့ တိုက်စစ်စီးမျောပုံက စွဲမက်စရာ ကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ပုံစံကောင်းကို ပြခဲ့တဲ့ ဖူလ်ဟမ် – ပွဲအစ ၅ မိနစ်က စတာလင်ရဲ့ အဖွင့်ဂိုး၊ ၂၅ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရတဲ့ ဖူလ်ဟမ်က ပထမပိုင်းမှာ စိုးမိုးခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ​ခြေစွမ်းပိုင်းအရ မန်စီးတီးကို ပြန်တုံ့ပြန်နိုင်ခဲ့ပြီး မန်စီးတီးခံစစ်ကို စမ်းသပ်လာခဲ့ပေမယ့် ဂိုးပေါက်တော့ ရှာမရခဲ့ပါဘူး။

ပြိုင်ပွဲစုံ လေးပွဲဆက် Clean Sheet – ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ပေးဂိုး ၁၁ ဂိုးအထိ ရှိခဲ့တဲ့ မန်စီးတီးခံစစ်က ဒီရာသီမှာ အဓိက​ဗွေဖောက်နေခဲ့တာပါ။ လက်ရှိမှာတော့ ဂွာဒီယိုလာက ပြိုင်ပွဲစုံ လေးပွဲဆက် Clean Sheet ရအောင် စွမ်းဆောင်ခဲ့တဲ့ သူ့အသင်းကို အထူးကျေနပ်နေမှာဖြစ်ပါတယ်။ ရူဘင် ဒီးယာ့စ်၊ ကန်ဆယ်လို၊ ဖာလန်း မန်ဒီ၊ ရိုဒရီနဲ့ ဂွမ်ဒိုဂန်တို့ရဲ့ ခံစစ်ပိုင်း ပူးပေါင်းစွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာပါ။

ဒုတိယပိုင်းမှာ လျှော့ကစားသွားတဲ့ မန်စီးတီး – ပထမပိုင်း ၄၅ မိနစ်မှာ ဂိုးပေါက်ခြိမ်းခြောက်မှု ၁၀ ကြိမ်လုပ်ပြီး ၅ ကြိမ် ဂိုးပေါက်တည်ခဲ့တဲ့ မန်စီးတီးက ဒုတိယပိုင်းမှာ လျှော့ကစားသွားတာကို တွေ့ရပြီး ဂိုးဖြုန်းတီးမှုလည်း ပိုများနေခဲ့ပါတယ်။ ဒီလိုပွဲကျပ်ကာလမှာ လူစားလဲမှု တကြိမ်မှ မပြုလုပ်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ ဆုံးဖြတ်ချက်က အံံ့သြစရာဖြစ်ခဲ့ပါတယ်။

အဆင့်ငါးနေရာကို တက်လှမ်းခဲ့ – ဒီပွဲအပြီးမှာ ဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ့ ၄ မှတ်အကွာ၊ အမှတ်ပေးဇယား အဆင့် ၅ မှာ မန်စီးတီးတို့ ရပ်တည်ခဲ့ပြီး ဝေဖန်မှုတွေကို အဆုံးသတ်လို့ မန်စီးတီးတို့ ပြန်လာပြီလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

ပွဲ ၇၀၀ ပြည့် ဂွာဒီယိုလာ – ဂွာဒီယိုလာရဲ့ နည်းပြဘဝ ပွဲ ၇၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး ဒီစံချိန်ကို မန်စီးတီးမှာရှိတုန်း ရရှိခဲ့တာက ထူးခြားတဲ့ပေါင်းဆုံမှု ဖြစ်ပါတယ်။ စီးတီးနဲ့အတူ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ၂ လုံးအပါအဝင် နည်းပြဘဝ ၁၁ ရာသီအတွင်း အဓိကဖလား ၂၉ လုံးကို ရယူခဲ့တဲ့ ဂွာဒီယိုလာတယောက် ဆက်လက်အောင်မြင်နိုင်ဖို့ မျှော်လင့်ထားနေကြပါတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပုံစံအမွန္ကို ျပန္ရသြားတဲ့ မန္စီးတီး – ဒီေန႕ပြဲက မန္စီးတီးက မန္စီးတီးအစစ္ကို မ်က္ဝါးထင္ထင္ ျပန္ျမင္ခဲ့ရတာက ေက်နပ္စရာ ေကာင္းခဲ့ပါတယ္။ စတာလင္ရဲ႕ အဖြင့္ဂိုးအၿပီးမွာ ၿပိဳင္ဘက္ကို ေဘာလုံးပိုင္ဆိုင္မႈအသာစီးယူကာ တိုက္စစ္လမ္းေၾကာင္းေပါင္းစုံနဲ႕ စိတ္တိုင္းက် ေမႊႏွောက္ထိုးေဖာက္ခဲ့သလို ကြင္းလယ္ဖန္တီးရွင္ ဒီဘရိုင္းနားရဲ႕ ေျခစြမ္းကလည္း အထင္ႀကီးစရာေကာင္းခဲ့ပါတယ္။

၄၂၃၁ နဲ႕ ေကာင္းေကာင္း အလုပ္ျဖစ္တဲ့ အျပာေရာင္မန္စီးတီး – မန္စီးတီးနည္းျပ ဂြာဒီယိုလာက သူ႕စိတ္ႀကိဳက္ ၄၃၃ ကို အေျပာင္းအလဲလုပ္ၿပီး ဒီရာသီမွာ ၄၂၃၁ နဲ႕ သူ႕အသင္းကို အထိုင္ခ်ခဲ့ပါတယ္။ ဒါက ပိုအလုပ္ျဖစ္ေနတာကို ေတြ႕ရတယ္။ အေထာင္တိုက္စစ္မႉး အေဂြရို မပါတဲ့အခ်ိန္မွာ ျပဳျပင္ခဲ့တဲ့ ဂြာဒီယိုလာရဲ႕ နည္းဗ်ဴဟာေအာင္ျမင္ခဲ့တယ္။ ဒီစီမံကိန္းမွာ ဒီဘရိုင္းနားရဲ႕ ခံစစ္တာဝန္ကို ပိုေလွ်ာ့ေပးသလို စတာလင္နဲ႕ မာရက္ဇ္တို႔ရဲ႕ တိုက္စစ္စီးေမ်ာပုံက စြဲမက္စရာ ေကာင္းခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ပုံစံေကာင္းကို ျပခဲ့တဲ့ ဖူလ္ဟမ္ – ပြဲအစ ၅ မိနစ္က စတာလင္ရဲ႕ အဖြင့္ဂိုး၊ ၂၅ မိနစ္မွာ ဒီဘရိုင္းနားရဲ႕ ဂိုးေတြကို ခြင့္ျပဳခဲ့ရတဲ့ ဖူလ္ဟမ္က ပထမပိုင္းမွာ စိုးမိုးခံခဲ့ရေပမယ့္ ဒုတိယပိုင္းမွာ ​ေျခစြမ္းပိုင္းအရ မန္စီးတီးကို ျပန္တုံ႕ျပန္နိုင္ခဲ့ၿပီး မန္စီးတီးခံစစ္ကို စမ္းသပ္လာခဲ့ေပမယ့္ ဂိုးေပါက္ေတာ့ ရွာမရခဲ့ပါဘူး။

ၿပိဳင္ပြဲစုံ ေလးပြဲဆက္ Clean Sheet – ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ေပးဂိုး ၁၁ ဂိုးအထိ ရွိခဲ့တဲ့ မန္စီးတီးခံစစ္က ဒီရာသီမွာ အဓိက​ေဗြေဖာက္ေနခဲ့တာပါ။ လက္ရွိမွာေတာ့ ဂြာဒီယိုလာက ၿပိဳင္ပြဲစုံ ေလးပြဲဆက္ Clean Sheet ရေအာင္ စြမ္းေဆာင္ခဲ့တဲ့ သူ႕အသင္းကို အထူးေက်နပ္ေနမွာျဖစ္ပါတယ္။ ႐ူဘင္ ဒီးယာ့စ္၊ ကန္ဆယ္လို၊ ဖာလန္း မန္ဒီ၊ ရိုဒရီနဲ႕ ဂြမ္ဒိုဂန္တို႔ရဲ႕ ခံစစ္ပိုင္း ပူးေပါင္းစြမ္းေဆာင္ရည္ကို အသိအမွတ္ျပဳရမွာပါ။

ဒုတိယပိုင္းမွာ ေလွ်ာ့ကစားသြားတဲ့ မန္စီးတီး – ပထမပိုင္း ၄၅ မိနစ္မွာ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ၁၀ ႀကိမ္လုပ္ၿပီး ၅ ႀကိမ္ ဂိုးေပါက္တည္ခဲ့တဲ့ မန္စီးတီးက ဒုတိယပိုင္းမွာ ေလွ်ာ့ကစားသြားတာကို ေတြ႕ရၿပီး ဂိုးျဖဳန္းတီးမႈလည္း ပိုမ်ားေနခဲ့ပါတယ္။ ဒီလိုပြဲက်ပ္ကာလမွာ လူစားလဲမႈ တႀကိမ္မွ မျပဳလုပ္ခဲ့တဲ့ ဂြာဒီယိုလာရဲ႕ ဆုံးျဖတ္ခ်က္က အံံ့ၾသစရာျဖစ္ခဲ့ပါတယ္။

အဆင့္ငါးေနရာကို တက္လွမ္းခဲ့ – ဒီပြဲအၿပီးမွာ ဇယားထိပ္ဆုံးက ခ်ယ္လ္ဆီးအသင္းနဲ႕ ၄ မွတ္အကြာ၊ အမွတ္ေပးဇယား အဆင့္ ၅ မွာ မန္စီးတီးတို႔ ရပ္တည္ခဲ့ၿပီး ေဝဖန္မႈေတြကို အဆုံးသတ္လို႔ မန္စီးတီးတို႔ ျပန္လာၿပီလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

ပြဲ ၇၀၀ ျပည့္ ဂြာဒီယိုလာ – ဂြာဒီယိုလာရဲ႕ နည္းျပဘဝ ပြဲ ၇၀၀ ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး ဒီစံခ်ိန္ကို မန္စီးတီးမွာရွိတုန္း ရရွိခဲ့တာက ထူးျခားတဲ့ေပါင္းဆုံမႈ ျဖစ္ပါတယ္။ စီးတီးနဲ႕အတူ ရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ဖလား ၂ လုံးအပါအဝင္ နည္းျပဘဝ ၁၁ ရာသီအတြင္း အဓိကဖလား ၂၉ လုံးကို ရယူခဲ့တဲ့ ဂြာဒီယိုလာတေယာက္ ဆက္လက္ေအာင္ျမင္နိုင္ဖို႔ ေမွ်ာ္လင့္ထားေနၾကပါတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.