Match Report Premier League

ဝက်စ်ဟမ်း 1-3 မန်ချက်စတာယူနိုက်တက်ပွဲအပြီး သတိပြုစရာ အချက် ၇ ချက်

Come Back King တွေလို့ သတ်မှတ်နိုင်ပြီလား – မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမပိုင်းကစားပုံနဲ့ ဒုတိယပိုင်းကစားပုံက Jekyll and Hyde လို့ ခေါ်ရမယ့် လူကြမ်းနဲ့ မင်းသား မတူတဲ့ အသွင်ကွဲနှစ်မျိုးပါပဲ။ ဒီနေ့ပွဲမှာလည်း ဆိုးရွားတဲ့ ပထမပိုင်းကစားပုံကို ဒုတိယပိုင်းမှာ ပြင်ဆင်ပြီး အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ထပ်မံရှာဖွေနိုင်ခဲ့တာက နည်းပြ ဆိုးလ်ရှားနဲ့ လူစားဝင်ကစားသမားတွေကို ချီးကျူးရမှာဖြစ်သလို သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ် အရှုံးကနေ ပြန်လာပြီး အမှတ်ရှာဖွေနိုင်မှုမှာ အမြင့်မားဆုံးဖြစ်တဲ့ ၃၈၅ မှတ်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဝက်စ်ဟမ်းတို့ မြင်ခဲ့ရတဲ့ အဖြစ်မှန် – သူတိုရဲ့အဖြစ်မှန်ကတော့ အဆုံးသတ်ပိုင်းတွေ အားနည်းမှုပါပဲ။ အနိုင်ရဖို့ အိပ်မက်မှာ သူတို့ရဲ့ သွင်းဂိုး တစ်ဂိုးထက်ပိုပြီး သွင်းဖို့ ခက်နေတဲ့ တိုက်စစ်က မထောက်ခံခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်ကို ဖရိုဖရဲဖြစ်သွားစေတဲ့ ကစားဟန်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာက ဒုတိယပိုင်းမှာ ကျရှုံးစေခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တစ်နေ့ရွှေ တစ်နေ့ငွေ နောက်တန်း – မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ပြောင်မြောက်တဲ့ ကစားပုံတွေနဲ့ ခံစစ်ရဲ့ မာကျောတဲ့ ပုံစံကို ပွဲတချို့မှာ မြင်တွေ့နိုင်ပေမယ့် ဒီနောက်ပိုင်းပွဲတွေမှာတော့ မရှိခဲ့ပါဘူး။ အမှားအယွင်းများတာထက် ဖျက်အားမကောင်းတဲ့ ပုံစံက အသင်းရဲ့ ရလဒ်တွေကို ထိန်းချုပ်ရခက်စေပြီး သူတို့အနေနဲ့ ကယ်တင်ရှင် တိုက်စစ်သမားတွေကိုသာ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ကစားခွင့်နဲ့အတူ စိတ်ပျက်စရာ ခံစစ်ကို ရင်ဆိုင်လိုက်ရတဲ့ ဟန်ဒါဆန် – ဂိုးသမား ဟန်ဒါဆန်ကတော့ သူ့ရှေ့က ဒဟေးယားကို အမြဲတမ်း သုံးစွဲခဲ့တာ အလကားမဟုတ်ဘူးဆိုတာ သိသွားလောက်ပါပြီ။ ပြီးခဲ့တဲ့ရာသီက ရှက်ဖီးလ်ယူနိုက်တက်နဲ့အတူ Clean Sheet ရခဲ့တဲ့ ၁၃ ကြိမ်ဆိုတာဟာ ဒီနောက်တန်းနဲ့ အလားတူရလဒ်ကို ရခဲ့တဲ့ ဒဟေးယားက ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြခဲ့လို့ဆိုတာကိုလည်း နဖူးတွေ့ ဒူးတွေ့ကြုံရတော့မှ သဘောပေါက်သွားလောက်ပြီဖြစ်ပါတယ်။

ပေါ့ဘာက အသင်းအတွက် ဘယ်လိုကစားသမားလဲ – မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ ကွင်းလယ်လူ ပေါ့ဘာကို ငြိုငြင်တဲ့ သူတွေလည်း နည်းမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ သူဟာ လိုအပ်ချိန်မှာ တန်ဖိုးမြင့်မားဆဲဆိုတာကို ပြသခဲ့ပြီး ပွဲရဲ့ အပြောင်းအလဲ Turning Point ဖြစ်တဲ့ ချေပဂိုးကို အမှားအယွင်းမရှိ ကန်သွင်းသွားနိုင်ခဲ့တာပါ။ ဒီရာသီမှာ ပြသထားတဲ့ ခြေစွမ်းတွေအရတော့ ပေါ့ဘာဟာ မရှိမဖြစ်လို့ မပြောနိုင်သလို မလိုအပ်ဘူးဆိုရင်လည်း မှားကောင်း မှားနေဦးမယ်လို့ သူ့ရဲ့ အရေးပါမှုကို သုံးသပ်သူတွေကို ဇဝေဇဝါဖြစ်စေပါတယ်။

ရာနှုန်းပြည့် အဝေးကွင်းဘုရင် ယူနိုက်တက် – မန်ချက်စတာယူနိုက်တက်ရဲ့ ဒီရာသီနိုင်ပွဲ ၆ ပွဲနဲ့ အဆင့် ၄ ကို ရောက်လာတာ အိမ်ကွင်းရဲ့ ရလဒ်ကြောင့်ဆိုရင်တော့ တက်တက်စင်အောင် လွဲမှာပါ။ အဝေးကွင်းနိုင်ပွဲ ၅ ပွဲအထိ ရှိနေပြီး ဒီရာသီ ကစားသမားသမျှ အဝေးကွင်းပွဲတိုင်းကို ရာနှုန်းပြည့် အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

လမ်းပေါ်က နိုင်ပွဲမှတ်တမ်း – ဘောလုံးလောကရဲ့ ဗန်းစကားမှာ အိမ်ကွင်းပြီးရင် အဝေးကွင်းကိုတော့ လမ်းပေါ် Road လို့ သုံးစွဲကြပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး လမ်းပေါ်မှာ ကစားခဲ့တဲ့ ၉ ပွဲမှာ ၉ ပွဲလုံး အနိုင်ရရှိခဲ့ပြီး စံချိန်တွေကို လိုက်မီနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ လမ်းပေါ်မှာ ဆက်တိုက်ကြမ်းခဲ့တဲ့ ဂန်းစတားတွေကတော့ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ဖြစ်ကြပြီး သူတို့ကတော့ ၁၁ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

REF: MANCHESTER UNITED, MIRROR & OPTA
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Come Back King ေတြလို႔ သတ္မွတ္ႏိုင္ၿပီလား – မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပထမပိုင္းကစားပုံနဲ႔ ဒုတိယပိုင္းကစားပုံက Jekyll and Hyde လို႔ ေခၚရမယ့္ လူၾကမ္းနဲ႔ မင္းသား မတူတဲ့ အသြင္ကြဲႏွစ္မ်ိဳးပါပဲ။ ဒီေန႔ပြဲမွာလည္း ဆိုး႐ြားတဲ့ ပထမပိုင္းကစားပုံကို ဒုတိယပိုင္းမွာ ျပင္ဆင္ၿပီး အေဝးကြင္းႏိုင္ပြဲတစ္ပြဲကို ထပ္မံရွာေဖြႏိုင္ခဲ့တာက နည္းျပ ဆိုးလ္ရွားနဲ႔ လူစားဝင္ကစားသမားေတြကို ခ်ီးက်ဴးရမွာျဖစ္သလို သူတို႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အရႈံးကေန ျပန္လာၿပီး အမွတ္ရွာေဖြႏိုင္မႈမွာ အျမင့္မားဆုံးျဖစ္တဲ့ ၃၈၅ မွတ္ကိုလည္း ပိုင္ဆိုင္ထားခဲ့ပါတယ္။

ဝက္စ္ဟမ္းတို႔ ျမင္ခဲ့ရတဲ့ အျဖစ္မွန္ – သူတိုရဲ႕အျဖစ္မွန္ကေတာ့ အဆုံးသတ္ပိုင္းေတြ အားနည္းမႈပါပဲ။ အႏိုင္ရဖို႔ အိပ္မက္မွာ သူတို႔ရဲ႕ သြင္းဂိုး တစ္ဂိုးထက္ပိုၿပီး သြင္းဖို႔ ခက္ေနတဲ့ တိုက္စစ္က မေထာက္ခံခဲ့ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္ကို ဖ႐ိုဖရဲျဖစ္သြားေစတဲ့ ကစားဟန္ကို ပိုင္ဆိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာက ဒုတိယပိုင္းမွာ က်ရႈံးေစခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြ ေနာက္တန္း – မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ ေျပာင္ေျမာက္တဲ့ ကစားပုံေတြနဲ႔ ခံစစ္ရဲ႕ မာေက်ာတဲ့ ပုံစံကို ပြဲတခ်ိဳ႕မွာ ျမင္ေတြ႕ႏိုင္ေပမယ့္ ဒီေနာက္ပိုင္းပြဲေတြမွာေတာ့ မရွိခဲ့ပါဘူး။ အမွားအယြင္းမ်ားတာထက္ ဖ်က္အားမေကာင္းတဲ့ ပုံစံက အသင္းရဲ႕ ရလဒ္ေတြကို ထိန္းခ်ဳပ္ရခက္ေစၿပီး သူတို႔အေနနဲ႔ ကယ္တင္ရွင္ တိုက္စစ္သမားေတြကိုသာ ေက်းဇူးတင္ရမွာျဖစ္ပါတယ္။

ကစားခြင့္နဲ႔အတူ စိတ္ပ်က္စရာ ခံစစ္ကို ရင္ဆိုင္လိုက္ရတဲ့ ဟန္ဒါဆန္ – ဂိုးသမား ဟန္ဒါဆန္ကေတာ့ သူ႔ေရွ႕က ဒေဟးယားကို အၿမဲတမ္း သုံးစြဲခဲ့တာ အလကားမဟုတ္ဘူးဆိုတာ သိသြားေလာက္ပါၿပီ။ ၿပီးခဲ့တဲ့ရာသီက ရွက္ဖီးလ္ယူႏိုက္တက္နဲ႔အတူ Clean Sheet ရခဲ့တဲ့ ၁၃ ႀကိမ္ဆိုတာဟာ ဒီေနာက္တန္းနဲ႔ အလားတူရလဒ္ကို ရခဲ့တဲ့ ဒေဟးယားက ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပခဲ့လို႔ဆိုတာကိုလည္း နဖူးေတြ႕ ဒူးေတြ႕ႀကဳံရေတာ့မွ သေဘာေပါက္သြားေလာက္ၿပီျဖစ္ပါတယ္။

ေပါ့ဘာက အသင္းအတြက္ ဘယ္လိုကစားသမားလဲ – မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ကြင္းလယ္လူ ေပါ့ဘာကို ၿငိဳျငင္တဲ့ သူေတြလည္း နည္းမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီေန႔ပြဲမွာေတာ့ သူဟာ လိုအပ္ခ်ိန္မွာ တန္ဖိုးျမင့္မားဆဲဆိုတာကို ျပသခဲ့ၿပီး ပြဲရဲ႕ အေျပာင္းအလဲ Turning Point ျဖစ္တဲ့ ေခ်ပဂိုးကို အမွားအယြင္းမရွိ ကန္သြင္းသြားႏိုင္ခဲ့တာပါ။ ဒီရာသီမွာ ျပသထားတဲ့ ေျခစြမ္းေတြအရေတာ့ ေပါ့ဘာဟာ မရွိမျဖစ္လို႔ မေျပာႏိုင္သလို မလိုအပ္ဘူးဆိုရင္လည္း မွားေကာင္း မွားေနဦးမယ္လို႔ သူ႔ရဲ႕ အေရးပါမႈကို သုံးသပ္သူေတြကို ဇေဝဇဝါျဖစ္ေစပါတယ္။

ရာႏႈန္းျပည့္ အေဝးကြင္းဘုရင္ ယူႏိုက္တက္ – မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဒီရာသီႏိုင္ပြဲ ၆ ပြဲနဲ႔ အဆင့္ ၄ ကို ေရာက္လာတာ အိမ္ကြင္းရဲ႕ ရလဒ္ေၾကာင့္ဆိုရင္ေတာ့ တက္တက္စင္ေအာင္ လြဲမွာပါ။ အေဝးကြင္းႏိုင္ပြဲ ၅ ပြဲအထိ ရွိေနၿပီး ဒီရာသီ ကစားသမားသမွ် အေဝးကြင္းပြဲတိုင္းကို ရာႏႈန္းျပည့္ အႏိုင္ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။

လမ္းေပၚက ႏိုင္ပြဲမွတ္တမ္း – ေဘာလုံးေလာကရဲ႕ ဗန္းစကားမွာ အိမ္ကြင္းၿပီးရင္ အေဝးကြင္းကိုေတာ့ လမ္းေပၚ Road လို႔ သုံးစြဲၾကပါတယ္။ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆုံး လမ္းေပၚမွာ ကစားခဲ့တဲ့ ၉ ပြဲမွာ ၉ ပြဲလုံး အႏိုင္ရရွိခဲ့ၿပီး စံခ်ိန္ေတြကို လိုက္မီႏိုင္မလား ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ လမ္းေပၚမွာ ဆက္တိုက္ၾကမ္းခဲ့တဲ့ ဂန္းစတားေတြကေတာ့ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာစီးတီးတို႔ျဖစ္ၾကၿပီး သူတို႔ကေတာ့ ၁၁ ပြဲ ဆက္တိုက္ အႏိုင္ရခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

REF: MANCHESTER UNITED, MIRROR & OPTA
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.