Match Report Premier League

တကယ်ဆိုရင် ဘရူနိုပဲလိုတယ်လို့ ဝင့်ကြွားရတော့မယ့် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဒဏ်ရာရှိနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ပွဲဆက်များနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ချန်လှပ်ပြီး ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ပေါ့ဘာနဲ့ မက်တော်မီနေးတို့ကို တွဲပေးခဲ့ပြီး ဒဟေးယားအစား ဟန်ဒါဆန်ကို ဂိုးသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

အတွဲအဖက်နဲ့ စုဖွဲ့မှု အနည်းငယ် ချို့ယွင်းနေတဲ့ ဒီလူစာရင်းက ကစားအားကောင်းတဲ့ ဝက်စ်ဟမ်းကို သိပ်ပြီး မငြိုငြင်စေနိုင်ခဲ့တာကို တွေ့ရပြီး အဲလား၊ ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့ကတော့ ကာကွယ်မှု မကောင်းတဲ့ ယူနိုက်တက်ခံစစ်ကို မကြာခဏ ထိုးဖောက်နေခဲ့ပါတယ်။

ပွဲဆက်များပြီး ကစားပုံ ကျဆင်းနေတဲ့ မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်က အိမ်ရှင် ဟမ်းမားတွေရဲ့ ဖိအားပေးမှုကို တုံ့ပြန်ရာမှာ လိုအပ်ချက်တွေ များပြားနေခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဒက်ကလန်ရိုက်စ် ခေါင်းတိုက်ချပေးတာကို ဆူးချက်က ပိတ်သွင်းပြီး ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပါတယ်။

ပထမပိုင်း မပြီးခင်မှာ တန်ပြန်တိုက်စစ်ကနေ ကျော်ဖြတ်ပြီး ဂိုးသမားကိုပါ လိမ်ခဲ့တဲ့ အဲလား ဟန်ချက်ပျက်ပြီး လဲကျခဲ့လို့ ယူနိုက်တက်တို့ သက်သာခဲ့ရသလို ဘိုဝင်ရဲ့ လူကျွံထောင်ချောက်ကို ဖြတ်ကျော်မှုကလည်း ဝန်ဘစ်ဆာကာ အချိန်မီ ဖျက်နိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ရှုံးနိမ့်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ကာဗာနီအစား ရက်ရှ်ဖို့ဒ်နဲ့ ဗန်ဒဘိခ်အစား ဘရူနို ဖာနန်ဒက်စ်တို့ လူစားဝင်ကစားလာခဲ့ပြီး အသင်းရဲ့ ကစားကွက်က အကောင်းကြီး မဟုတ်ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ယူနိုက်တက်တို့ တုံ့ပြန်နိုင်စွမ်းကို ဖော်ဆောင်လာခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပြီး တစ်ပွဲလုံး မတည်ငြိမ်တဲ့ လက်စွမ်းနဲ့ ဟန်ဒါဆန်က ဘောလုံးရှင်းထုတ်ခဲ့ရာမှာ တိုက်စစ်ဇုန်မှာ နေရာယူထားတဲ့ ဖာနန်ဒက်စ်ဆီရောက်သွားပြီး သူက ပြန်ချပေးတာကို နောက်က လိုက်တက်လာခဲ့တဲ့ ပေါ့ဘာက အဝေးတိုင်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဖာဘီယန်စကီး မကာကွယ်နိုင်ခဲ့လို့ ချေပဂိုးရခဲ့ပါတယ်။

ဒီဂိုးမှာ ဘောလုံးကို ကန်တင်စဉ်မှာ စည်းအပြင် ရောက်သွားတယ်လို့ ထင်ခဲ့ရပေမယ့် VAR စစ်ဆေးနေကျ မဟုတ်တဲ့ နေရာမှာ မြင်ကွင်းတွေက သေချာစွာ ဆုံးဖြတ်နိုင်ခြင်း မရှိတာကြောင့် ဒိုင်လူကြီး အန်ဒရီ မာရင်နာက Replay ပြန်ကြည့်ခဲ့ပေမယ့် အတည်ပြုပေးခဲ့ပါတယ်။

သုံးမိနစ်အကြာမှာတော့ ပွဲက ယူနိုက်တက်တို့ဘက်ကို ချိန်ခွင်လျှာသာလာခဲ့ပြီး ဖာနန်ဒက်စ် ချပေးတဲ့ ဘောလုံးကို အဲလက်စ် တဲလက်စ်က ချိုးပေးရာမှာ ဂရင်းဝုဒ်က တစ်ချက်ထိန်းပြီး အနိမ့်ဘော အပြင်းကန်သွင်းခဲ့တာပါ။ ဒီဂိုးကိုတော့ ဘောပွဲကြေငြာသူတွေက ဗန်ပါစီကို ပြန်တွေ့ရသလိုပဲလို့ ချီးကျူးခဲ့ကြပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ လူစားဝင်ကစားသမား မာတာက ဝက်စ်ဟမ်းတို့ ဘောလုံးအပျက်မှာ ရယူသွားပြီး လူကျွံထောင်ချောက်ကို ဘယ်ခြမ်းကနေ ပြေးဝင်ပြီး လှည့်စားသွားတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းထဲကို ကွက်တိချပေးခဲ့ရာမှာ MBE ဘွဲ့ပိုင်ရှင်ကြီးက ဖာဘီယန်စကီးရဲ့ ဘယ်ဘက်ထောင့်ကို ကန်မယ်လို့ ပြပြီးမှ အပေါ်ကို Chipping သွင်းယူခဲ့လို့ ယူနိုက်တက်တို့ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီသွင်းဂိုးသုံးဂိုးစလုံးရဲ့ ဆုံချက်တွေဟာ ဘရူနို ဖာနန်ဒက်စ်ပဲဖြစ်နေတာကို တွေ့ရှိရပြီး ပထမဂိုးမှာ ပေါ့ဘာကို ဖန်တီးခဲ့သလို၊ ဒုတိယဂိုးမှာ တဲလက်စ်ဆီ ဘောလုံးချပေး၊ တတိယဂိုးမှာလည်း မာတာ ဘောလုံးပေးနိုင်ဖို့ ချန်ပေးခဲ့တာက သူပဲဖြစ်နေလို့ ယူနိုက်တက်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ Talisman အဆောင်လက်ဖွဲ့၊ ပွဲအဖြေပြောင်းနိုင်တဲ့ Game Changer တစ်ယောက်လို့ ဆိုနိုင်ပြီလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ယူနိုက်တက်တို့ ပွဲကို ထိန်းကစားသွားခဲ့သလို ဝက်စ်ဟမ်းတို့ရဲ့ မြှင့်တင်လာတဲ့ တိုက်စစ်ကိုလည်း စုစည်းဖျက်ထုတ်သွားနိုင်ခဲ့တာကြောင့် နောက်ထပ် Complete Come Back တစ်ပွဲကို ဆောက်သမ်တန်နဲ့ပွဲအပြီး ပရီးမီးယားလိဂ်မှာ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အပူမီးတွေကို စိန့်မေရီမှာထက် လန်ဒန်စတေဒီယမ်မှာ စောစောစီးစီး ငြှိမ်းသတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ ဆီ တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဒဏ္ရာရွိေနတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ပြဲဆက္မ်ားေနခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခ်န္လွပ္ၿပီး ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ေပါ့ဘာနဲ႔ မက္ေတာ္မီေနးတို႔ကို တြဲေပးခဲ့ၿပီး ဒေဟးယားအစား ဟန္ဒါဆန္ကို ဂိုးသမားအျဖစ္ အသုံးျပဳခဲ့ပါတယ္။

အတြဲအဖက္နဲ႔ စုဖြဲ႕မႈ အနည္းငယ္ ခ်ိဳ႕ယြင္းေနတဲ့ ဒီလူစာရင္းက ကစားအားေကာင္းတဲ့ ဝက္စ္ဟမ္းကို သိပ္ၿပီး မၿငိဳျငင္ေစႏိုင္ခဲ့တာကို ေတြ႕ရၿပီး အဲလား၊ ေဖာ္နယ္လ္စ္နဲ႔ ဘိုဝင္တို႔ကေတာ့ ကာကြယ္မႈ မေကာင္းတဲ့ ယူႏိုက္တက္ခံစစ္ကို မၾကာခဏ ထိုးေဖာက္ေနခဲ့ပါတယ္။

ပြဲဆက္မ်ားၿပီး ကစားပုံ က်ဆင္းေနတဲ့ မက္ဂြိဳင္းယားဦးေဆာင္တဲ့ ခံစစ္က အိမ္ရွင္ ဟမ္းမားေတြရဲ႕ ဖိအားေပးမႈကို တုံ႔ျပန္ရာမွာ လိုအပ္ခ်က္ေတြ မ်ားျပားေနခဲ့ၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဒက္ကလန္႐ိုက္စ္ ေခါင္းတိုက္ခ်ေပးတာကို ဆူးခ်က္က ပိတ္သြင္းၿပီး ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ပါတယ္။

ပထမပိုင္း မၿပီးခင္မွာ တန္ျပန္တိုက္စစ္ကေန ေက်ာ္ျဖတ္ၿပီး ဂိုးသမားကိုပါ လိမ္ခဲ့တဲ့ အဲလား ဟန္ခ်က္ပ်က္ၿပီး လဲက်ခဲ့လို႔ ယူႏိုက္တက္တို႔ သက္သာခဲ့ရသလို ဘိုဝင္ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္မႈကလည္း ဝန္ဘစ္ဆာကာ အခ်ိန္မီ ဖ်က္ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ရႈံးနိမ့္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ကာဗာနီအစား ရက္ရွ္ဖို႔ဒ္နဲ႔ ဗန္ဒဘိခ္အစား ဘ႐ူႏို ဖာနန္ဒက္စ္တို႔ လူစားဝင္ကစားလာခဲ့ၿပီး အသင္းရဲ႕ ကစားကြက္က အေကာင္းႀကီး မဟုတ္ေပမယ့္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ယူႏိုက္တက္တို႔ တုံ႔ျပန္ႏိုင္စြမ္းကို ေဖာ္ေဆာင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ၿပီး တစ္ပြဲလုံး မတည္ၿငိမ္တဲ့ လက္စြမ္းနဲ႔ ဟန္ဒါဆန္က ေဘာလုံးရွင္းထုတ္ခဲ့ရာမွာ တိုက္စစ္ဇုန္မွာ ေနရာယူထားတဲ့ ဖာနန္ဒက္စ္ဆီေရာက္သြားၿပီး သူက ျပန္ခ်ေပးတာကို ေနာက္က လိုက္တက္လာခဲ့တဲ့ ေပါ့ဘာက အေဝးတိုင္ေထာင့္ကို ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဖာဘီယန္စကီး မကာကြယ္ႏိုင္ခဲ့လို႔ ေခ်ပဂိုးရခဲ့ပါတယ္။

ဒီဂိုးမွာ ေဘာလုံးကို ကန္တင္စဥ္မွာ စည္းအျပင္ ေရာက္သြားတယ္လို႔ ထင္ခဲ့ရေပမယ့္ VAR စစ္ေဆးေနက် မဟုတ္တဲ့ ေနရာမွာ ျမင္ကြင္းေတြက ေသခ်ာစြာ ဆုံးျဖတ္ႏိုင္ျခင္း မရွိတာေၾကာင့္ ဒိုင္လူႀကီး အန္ဒရီ မာရင္နာက Replay ျပန္ၾကည့္ခဲ့ေပမယ့္ အတည္ျပဳေပးခဲ့ပါတယ္။

သုံးမိနစ္အၾကာမွာေတာ့ ပြဲက ယူႏိုက္တက္တို႔ဘက္ကို ခ်ိန္ခြင္လွ်ာသာလာခဲ့ၿပီး ဖာနန္ဒက္စ္ ခ်ေပးတဲ့ ေဘာလုံးကို အဲလက္စ္ တဲလက္စ္က ခ်ိဳးေပးရာမွာ ဂရင္းဝုဒ္က တစ္ခ်က္ထိန္းၿပီး အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့တာပါ။ ဒီဂိုးကိုေတာ့ ေဘာပြဲေၾကျငာသူေတြက ဗန္ပါစီကို ျပန္ေတြ႕ရသလိုပဲလို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လူစားဝင္ကစားသမား မာတာက ဝက္စ္ဟမ္းတို႔ ေဘာလုံးအပ်က္မွာ ရယူသြားၿပီး လူကြၽံေထာင္ေခ်ာက္ကို ဘယ္ျခမ္းကေန ေျပးဝင္ၿပီး လွည့္စားသြားတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို ကြက္တိခ်ေပးခဲ့ရာမွာ MBE ဘြဲ႕ပိုင္ရွင္ႀကီးက ဖာဘီယန္စကီးရဲ႕ ဘယ္ဘက္ေထာင့္ကို ကန္မယ္လို႔ ျပၿပီးမွ အေပၚကို Chipping သြင္းယူခဲ့လို႔ ယူႏိုက္တက္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီသြင္းဂိုးသုံးဂိုးစလုံးရဲ႕ ဆုံခ်က္ေတြဟာ ဘ႐ူႏို ဖာနန္ဒက္စ္ပဲျဖစ္ေနတာကို ေတြ႕ရွိရၿပီး ပထမဂိုးမွာ ေပါ့ဘာကို ဖန္တီးခဲ့သလို၊ ဒုတိယဂိုးမွာ တဲလက္စ္ဆီ ေဘာလုံးခ်ေပး၊ တတိယဂိုးမွာလည္း မာတာ ေဘာလုံးေပးႏိုင္ဖို႔ ခ်န္ေပးခဲ့တာက သူပဲျဖစ္ေနလို႔ ယူႏိုက္တက္အတြက္ေတာ့ အဖိုးမျဖတ္ႏိုင္တဲ့ Talisman အေဆာင္လက္ဖြဲ႕၊ ပြဲအေျဖေျပာင္းႏိုင္တဲ့ Game Changer တစ္ေယာက္လို႔ ဆိုႏိုင္ၿပီလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ပြဲကို ထိန္းကစားသြားခဲ့သလို ဝက္စ္ဟမ္းတို႔ရဲ႕ ျမႇင့္တင္လာတဲ့ တိုက္စစ္ကိုလည္း စုစည္းဖ်က္ထုတ္သြားႏိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ Complete Come Back တစ္ပြဲကို ေဆာက္သမ္တန္နဲ႔ပြဲအၿပီး ပရီးမီးယားလိဂ္မွာ ဆက္တိုက္ရယူႏိုင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ အပူမီးေတြကို စိန႔္ေမရီမွာထက္ လန္ဒန္စေတဒီယမ္မွာ ေစာေစာစီးစီး ျငႇိမ္းသတ္ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ဆီ တက္ေရာက္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.