Match Report Premier League

လိဒ်စ်ကို လျှော့တွက်မိခဲ့ပေမယ့် Come Back Win နဲ့ ပထမနေရာကို ရယူခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ စစချင်း အထနှေးခဲ့ပြီး နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် တဖြည်းဖြည်းချင်း လိုအပ်တဲ့ ရလဒ်ဆီကို သွားနိုင်ခဲ့ပြီး စနေနေ့ည ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဒီရာသီရဲ့ ပထမဆုံးအကြိမ်အဖြစ် စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

အန်ဂိုလို ကွန်တေကို Single Pivot ထားကစားတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ လိဒ်စ်ရဲ့ ၃ ယောက်တန်း Pressing တွေမှာ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားကွက်တည်ဆောက်ဖို့ ခက်နေခဲ့သလို ပွဲချိန် ၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ နောက်ခံလူ ဇူးမားနဲ့ ဂိုးသမားရဲ့ နားလည်မှု မှားရာကနေ ဘမ်ဖို့ဒ်ရဲ့ သွင်းဂိုးကိုပါ ခွင့်ပြုလိုက်ရပါတယ်။

တီမို ဗာနာနဲ့ ချေးလ်ဝဲလ်တို့ရဲ့ ဘယ်တောင်ပံက ရုန်းကန်နေခဲ့ရချိန်မှာ သူတို့ကို အာရုံစိုက်နေလို့ ချောင်သွားခဲ့တဲ့ ညာခြမ်းကြောင့် ချဲလ်ဆီးတို့ ချေပဂိုးရယူနိုင်ခဲ့ပြီး ဇီးယက်ရှ်က ဘောလုံးကိုင်ထားပြီးမှ တက်လာတဲ့ ဂျိမ်းစ်ဆီ ပို့ပေးတာကို ညာနောက်ခံလူရဲ့ ဖြတ်တင်ဘောကို ဂျီရူးက ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အနိုင်ဂိုးအတွက် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြ ချိန်မှာ ပူလီရှစ်ချ်နဲ့ ဗာနာတို့ တောင်ပံပြောင်းကစားရင်း ချဲလ်ဆီးတို့ အခွင့်အရေးတွေ ဖန်တီးလာနိုင်ခဲ့ပေမယ့် လိဒ်စ်ဂိုးသမား မေလီယေးကလည်း လက်စွမ်းပြနေခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ရတဲ့ ထောင့်ကန်ဘောကတော့ နောက်ခံလူ ကတ်ဇူးမားအကြိုက်ဖြစ်ခဲ့ပြီး သာမန်ထက် ပိုမြင့်တဲ့ အနေအထားတစ်ခုကို ဖြတ်တင်ပေးတဲ့ မေဆန်မောင့်ရဲ့ ပေးပို့မှုကို အရပ်မြင့်သလို ခုန်အားကောင်းတဲ့ ပြင်သစ်နောက်ခံလူက သူလုပ်နေကျပုံစံအတိုင်း ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာ လွတ်လွတ်ကျွတ်ကျွတ်ရတဲ့ အလုံးကို ဂိုးသမားတည့်တည့်ကန်တဲ့ ဗာနာရဲ့ အဆုံးသတ်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ တန်ပြန်တိုက်စစ်ကနေ သူ့ရဲ့ ဖန်တီးမှုကို ပူလီရှစ်ချ်က ဂိုးသမားရှေ့ကို ပြေးဝင်ပြီး ပိတ်သွင်းနိုင်ခဲ့လို့ ချဲလ်ဆီးတို့ အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲကို အနိုင်ရရှိခဲ့တာကြောင့် ချဲလ်ဆီးတို့အနေနဲ့ ၁၁ ပွဲကစား ၂၂ မှတ်တဲ့ ပရီးမီးယားလိဂ်ကို စနေနေ့ည ပွဲစဉ်တွေအပြီးမှာ ဦးဆောင်ခဲ့ပြီး လာမယ့် မြောက်လန်ဒန်ဒါဘီမှာ အိမ်ရှင် စပါးစ်တို့ မနိုင်ခဲ့ရင် အနည်းဆုံး ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ စစခ်င္း အထေႏွးခဲ့ၿပီး ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္ တျဖည္းျဖည္းခ်င္း လိုအပ္တဲ့ ရလဒ္ဆီကို သြားႏိုင္ခဲ့ၿပီး စေနေန႔ည ပြဲစဥ္ေတြအၿပီးမွာ ပရီးမီးယားလိဂ္ရဲ႕ အမွတ္ေပးဇယားကို ထိပ္ဆုံးကေန ဒီရာသီရဲ႕ ပထမဆုံးအႀကိမ္အျဖစ္ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အန္ဂိုလို ကြန္ေတကို Single Pivot ထားကစားတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ လိဒ္စ္ရဲ႕ ၃ ေယာက္တန္း Pressing ေတြမွာ ဖိအားေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ကစားကြက္တည္ေဆာက္ဖို႔ ခက္ေနခဲ့သလို ပြဲခ်ိန္ ၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ေနာက္ခံလူ ဇူးမားနဲ႔ ဂိုးသမားရဲ႕ နားလည္မႈ မွားရာကေန ဘမ္ဖို႔ဒ္ရဲ႕ သြင္းဂိုးကိုပါ ခြင့္ျပဳလိုက္ရပါတယ္။

တီမို ဗာနာနဲ႔ ေခ်းလ္ဝဲလ္တို႔ရဲ႕ ဘယ္ေတာင္ပံက ႐ုန္းကန္ေနခဲ့ရခ်ိန္မွာ သူတို႔ကို အာ႐ုံစိုက္ေနလို႔ ေခ်ာင္သြားခဲ့တဲ့ ညာျခမ္းေၾကာင့္ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုးရယူႏိုင္ခဲ့ၿပီး ဇီးယက္ရွ္က ေဘာလုံးကိုင္ထားၿပီးမွ တက္လာတဲ့ ဂ်ိမ္းစ္ဆီ ပို႔ေပးတာကို ညာေနာက္ခံလူရဲ႕ ျဖတ္တင္ေဘာကို ဂ်ီ႐ူးက ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အႏိုင္ဂိုးအတြက္ ႏွစ္သင္းစလုံး အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္ခဲ့ၾက ခ်ိန္မွာ ပူလီရွစ္ခ်္နဲ႔ ဗာနာတို႔ ေတာင္ပံေျပာင္းကစားရင္း ခ်ဲလ္ဆီးတို႔ အခြင့္အေရးေတြ ဖန္တီးလာႏိုင္ခဲ့ေပမယ့္ လိဒ္စ္ဂိုးသမား ေမလီေယးကလည္း လက္စြမ္းျပေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ရတဲ့ ေထာင့္ကန္ေဘာကေတာ့ ေနာက္ခံလူ ကတ္ဇူးမားအႀကိဳက္ျဖစ္ခဲ့ၿပီး သာမန္ထက္ ပိုျမင့္တဲ့ အေနအထားတစ္ခုကို ျဖတ္တင္ေပးတဲ့ ေမဆန္ေမာင့္ရဲ႕ ေပးပို႔မႈကို အရပ္ျမင့္သလို ခုန္အားေကာင္းတဲ့ ျပင္သစ္ေနာက္ခံလူက သူလုပ္ေနက်ပုံစံအတိုင္း ေခါင္းတိုက္ၿပီး ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာ လြတ္လြတ္ကြၽတ္ကြၽတ္ရတဲ့ အလုံးကို ဂိုးသမားတည့္တည့္ကန္တဲ့ ဗာနာရဲ႕ အဆုံးသတ္ကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာေတာ့ တန္ျပန္တိုက္စစ္ကေန သူ႔ရဲ႕ ဖန္တီးမႈကို ပူလီရွစ္ခ်္က ဂိုးသမားေရွ႕ကို ေျပးဝင္ၿပီး ပိတ္သြင္းႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

ဒီေန႔ပြဲကို အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ၁၁ ပြဲကစား ၂၂ မွတ္တဲ့ ပရီးမီးယားလိဂ္ကို စေနေန႔ည ပြဲစဥ္ေတြအၿပီးမွာ ဦးေဆာင္ခဲ့ၿပီး လာမယ့္ ေျမာက္လန္ဒန္ဒါဘီမွာ အိမ္ရွင္ စပါးစ္တို႔ မႏိုင္ခဲ့ရင္ အနည္းဆုံး ဂိုးကြာျခားခ်က္အသာနဲ႔ အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ရပ္တည္ႏိုင္မွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.